စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး ကြမ္းယာ ဝယ္ေနတုန္းပ-စ္သ-တ္ခံရ

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၁၈ ရက္

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္မွာ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး ၁ ဦး ဒီကေန႔ ႏိုဝင္ဘာလ ၁၈ ရက္ မနက္ ၈ နာရီခြဲဝန္းက်င္မွာ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္

ပစ္သတ္ခံရသူဟာ ခရမ္းၿမိဳ႕နယ္၊ ႐ိုးႀကီး႐ြာ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဌးဆိုသူျဖစ္ၿပီး ကြမ္းယာဝယ္ေနတုန္း အမည္မသိလက္နက္ ကိုင္၂ ဦးက ေသနတ္နဲ႔ ပစ္ခတ္သြားတာလို႔ ေဒသခံတဦးကေျပာပါတယ္

” ႐ိုးႀကီး႐ြာအုပ္ႀကီး သန္းေဌး ပစ္သတ္ခံရတာပါ။သူ စစ္သင္တန္းလည္းဆင္းၿပီးသား၊ ပ်ဴေစာထီးေပါ့။ ကြမ္းဝယ္ေနတုန္း ပစ္ခံရတာ ၄၊ ၅ ခ်က္ေလာက္ရွိတယ္ ပြဲခ်င္းၿပီးေသတာ အဲ့ဒီ႐ြာက ဒီအုပ္ႀကီးရဲ႕ေရွ႕ကအုပ္ႀကီးလည္း ပစ္သတ္ခံရတာ၊ သူကဒုတိယေျမာက္ ” လို႔ ခရမ္းေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္

ပစ္သတ္ခံရၿပီးတဲ့ေနာက္မွာ အေရးေပၚကယ္ဆယ္ေရးကားေတြေရာက္ရွိလာၿပီး အေလာင္းကိုလာေရာက္သယ္ေဆာင္သြားတယ္လို႔ဆိုပါတယ္

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာလည္း ႐ိုးႀကီး႐ြာရဲ႕ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး မိုးေက်ာ္ ပစ္သတ္ခံခဲ့ရလို႔ လစ္လပ္ေနတဲ့အုပ္ခ်ဳပ္ေရးမႉးေနရာမွာ စစ္ေကာင္စီက ဦးသန္းေဌးကိုခန႔္အပ္ခဲ့ၿပီး ၁ ႏွစ္နီးပါးအၾကာမွာ ထပ္မံၿပီးအသတ္ခံခဲ့ရတာလို႔ေဒသခံေတြဆီကသိရပါတယ္

ခရမ္းၿမိဳ႕နယ္ဟာ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးေတြ အပါအဝင္ စစ္အုပ္စုေထာက္တိုင္ေတြမၾကာခဏဆိုသလိုသတ္ျဖတ္ခံေနရလို႔ ဆိုင္ကယ္စီးနင္းခြင့္ပိတ္သိမ္းခံထားရတဲ့ၿမိဳ႕နယ္လည္းျဖစ္ပါတယ္

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကွမ်းယာ ဝယ်နေတုန်းပ-စ်သ-တ်ခံရ

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၈ ရက်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

ပစ်သတ်ခံရသူဟာ ခရမ်းမြို့နယ်၊ ရိုးကြီးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဆိုသူဖြစ်ပြီး ကွမ်းယာဝယ်နေတုန်း အမည်မသိလက်နက် ကိုင်၂ ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတဦးကပြောပါတယ်

” ရိုးကြီးရွာအုပ်ကြီး သန်းဌေး ပစ်သတ်ခံရတာပါ။သူ စစ်သင်တန်းလည်းဆင်းပြီးသား၊ ပျူစောထီးပေါ့။ ကွမ်းဝယ်နေတုန်း ပစ်ခံရတာ ၄၊ ၅ ချက်လောက်ရှိတယ် ပွဲချင်းပြီးသေတာ အဲ့ဒီရွာက ဒီအုပ်ကြီးရဲ့ရှေ့ကအုပ်ကြီးလည်း ပစ်သတ်ခံရတာ၊ သူကဒုတိယမြောက် ” လို့ ခရမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်

ပစ်သတ်ခံရပြီးတဲ့နောက်မှာ အရေးပေါ်ကယ်ဆယ်ရေးကားတွေရောက်ရှိလာပြီး အလောင်းကိုလာရောက်သယ်ဆောင်သွားတယ်လို့ဆိုပါတယ်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလည်း ရိုးကြီးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိုးကျော် ပစ်သတ်ခံခဲ့ရလို့ လစ်လပ်နေတဲ့အုပ်ချုပ်ရေးမှူးနေရာမှာ စစ်ကောင်စီက ဦးသန်းဌေးကိုခန့်အပ်ခဲ့ပြီး ၁ နှစ်နီးပါးအကြာမှာ ထပ်မံပြီးအသတ်ခံခဲ့ရတာလို့ဒေသခံတွေဆီကသိရပါတယ်

ခရမ်းမြို့နယ်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်အုပ်စုထောက်တိုင်တွေမကြာခဏဆိုသလိုသတ်ဖြတ်ခံနေရလို့ ဆိုင်ကယ်စီးနင်းခွင့်ပိတ်သိမ်းခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *