အုပ္ခ်ဳပ္ေရးမႉးအသစ္ တပ္ထြက္မ်ားျဖစ္

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေနရာသစ္ကို စစ္ေကာင္စီ တပ္ထြက္မ်ား ခန႔္အပ္လိုက္ေၾကာင္း သိရသည္

ေတာင္ႀကီးၿမိဳ႕ ဘုရားျဖဴရပ္ကြက္၊ စဝ္စံထြန္းရပ္ကြက္ႏွင့္ ေရးေအးကြင္းရပ္ကြက္မ်ားတြင္ ယခုလ ( ႏိုဝင္ဘာလ) အတြင္းမွ စတင္ၿပီး စစ္ေကာင္စီ တပ္ထြက္မ်ားကို ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈးအသစ္အေနျဖင့္ ခန္ံအပ္လိုက္ေၾကာင္း ေတာင္ႀကီးေဒသခံမ်ားက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္

ထို႔ျပင္ က်န္ရွိေနသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေနရာမ်ားကိုလည္း အျမန္ဆုံးခန႔္အပ္ႏိုင္ရန္ စစ္ေကာင္စီက ႀကိဳးစားေနသည္

ထိုကဲ့သို႔ ျပဳလုပ္ျခင္းသည္ အာဏာသိမ္းစစ္ေကာင္စီ ဦးေဆာင္က်င္းပမည့္ ၂၀၂၃ ခုနစ္ေ႐ြးေကာက္ပြဲအတြင္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း ေတာင္ႀကီး ေဒသခံမ်ား ေျပာျပခ်က္အရသိရသည္

“ တခ်ိဳ႕ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေနရာေတြမွာေတာ့ တပ္ထြက္ က ဗိုလ္ႀကီး၊ ဗိုလ္မႉးေတြကိုခန႔္ထားတယ္။ က်န္တဲ့ေနရာေတြ ကိုလည္း ဆက္ခန႔္ဖို႔ရွိတယ္ လာမယ့္ေ႐ြးေကာက္ပြဲ အတြက္ အရမ္းကိုျပင္ဆင္ေနတဲ့သေဘာပဲ” ဦးႀကီးခမ္းရပ္ကြက္မွ ေဒသခံ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္

ေတာင္ႀကီးၿမိဳ႕တြင္ ရပ္ကြက္ ၂၂ ခုရွိသည့္အနက္ လက္ရွိ ရပ္ကြက္ ၃ မွာ ပထမအႀကိမ္ အေနျဖင့္ စတင္ၿပီး အေျပာင္းအလဲ ျပဳလုပ္ေနၿပီး က်န္တဲ့ ရပ္ကြက္မ်ားကိုလည္း ေနာက္လ ဒီဇင္ဘာလအတြင္းမွာ အၿပီးအစီး အစားထိုးခန႔္ရန္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္

“ စစ္တပ္ထြက္က ဘယ္ေလာက္လုပ္ႏိုင္မွာလဲ၊ ျပည္သူေတြမွ သူတို႔မပိုင္ရင္ ဘာလုပ္ႏိုင္မွာလဲ” ဟု ေဒသခံအမ်ိဳးသားက ဆိုပါတယ္

စစ္ေကာင္စီဘက္မွ လာမည့္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လတြင္းမွာ ေ႐ြးေကာက္ပြဲျပဳလုပ္သြားမည္ဟု ေၾကညာ ထားေသာ္လည္း စစ္တပ္မွ ျပဳလုပ္ေသာေ႐ြးေကာက္ပြဲႏွင့္ မဲစာရင္းမ်ားကို အသိအမွတ္ မျပဳေၾကာင္း ေတာင္ႀကီးေဒသခံမ်ားက ဆိုသည္

“ က်ေနာ္တို႔ ေတာင္ႀကီးသားေတြက သူတို႔ကို မဲေပးမွာမဟုတ္ဘူး သူတို႔ျပဳလုပ္ေ႐ြးေကာက္ပြဲလည္း အသိအမွတ္ မျပဳဘူး၊ သြားပူးေပါင္းမွာလည္း မဟုတ္ဘူး က်ေနာ္နဲ႔ နီးစပ္တဲ့ ေဆြမ်ိဳး၊ အသိုင္းအဝိုင္း၊ သူငယ္ခ်င္း၊ မိတ္ေဆြ ေတြလည္း သူတို႔ကိုမေထာက္ခံမွာ မဟုတ္ဘူး လူထုရဲ႕အား မပါဘဲနဲ႔ စစ္တပ္ကဘယ္လိုဘဲလုပ္လုပ္ ရႈံးမွာက ရႈံးမွာဘဲ “ ဟု ၎ဆက္ေျပာသည္

အာဏာသိမ္း စစ္ေကာင္စီသည္ စက္တင္ဘာလ ၂ ရက္မွစၿပီး စစ္ေၾကာင္း ၅ ေၾကာင္းျဖင့္ ပင္းတယ၊ ႐ြာငံ၊ ေညာင္ေ႐ြ ႏွင့္ ရပ္ေစာက္ ေဒသတြင္ အခမ္းအနားျဖင့္ ေက်းေ႐ြာေဒသခံ ျပည္သူမ်ားကို ေခၚယူၿပီး ၂၀၂၃ ခုႏွစ္ ေ႐ြးေကာက္ပြဲအတြက္ စစ္တပ္ကို ေထာက္ခံရန္လိုက္လံ စည္း႐ုံးခဲ့ဖူးေၾကာင္း သိရသည္

SHANBurmese

အုပ်ချုပ်ရေးမှူးအသစ် တပ်ထွက်များဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာသစ်ကို စစ်ကောင်စီ တပ်ထွက်များ ခန့်အပ်လိုက်ကြောင်း သိရသည်

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်နှင့် ရေးအေးကွင်းရပ်ကွက်များတွင် ယခုလ ( နိုဝင်ဘာလ) အတွင်းမှ စတင်ပြီး စစ်ကောင်စီ တပ်ထွက်များကို ရပ်ကွက် အုပ်ချုပ်ရေးမှုးအသစ်အနေဖြင့် ခန်ံအပ်လိုက်ကြောင်း တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်

ထို့ပြင် ကျန်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာများကိုလည်း အမြန်ဆုံးခန့်အပ်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေသည်

ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနစ်ရွေးကောက်ပွဲအတွင် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက်အရသိရသည်

“ တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွေမှာတော့ တပ်ထွက် က ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကိုခန့်ထားတယ်။ ကျန်တဲ့နေရာတွေ ကိုလည်း ဆက်ခန့်ဖို့ရှိတယ် လာမယ့်ရွေးကောက်ပွဲ အတွက် အရမ်းကိုပြင်ဆင်နေတဲ့သဘောပဲ” ဦးကြီးခမ်းရပ်ကွက်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်

တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည့်အနက် လက်ရှိ ရပ်ကွက် ၃ မှာ ပထမအကြိမ် အနေဖြင့် စတင်ပြီး အပြောင်းအလဲ ပြုလုပ်နေပြီး ကျန်တဲ့ ရပ်ကွက်များကိုလည်း နောက်လ ဒီဇင်ဘာလအတွင်းမှာ အပြီးအစီး အစားထိုးခန့်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်

“ စစ်တပ်ထွက်က ဘယ်လောက်လုပ်နိုင်မှာလဲ၊ ပြည်သူတွေမှ သူတို့မပိုင်ရင် ဘာလုပ်နိုင်မှာလဲ” ဟု ဒေသခံအမျိုးသားက ဆိုပါတယ်

စစ်ကောင်စီဘက်မှ လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင်းမှာ ရွေးကောက်ပွဲပြုလုပ်သွားမည်ဟု ကြေညာ ထားသော်လည်း စစ်တပ်မှ ပြုလုပ်သောရွေးကောက်ပွဲနှင့် မဲစာရင်းများကို အသိအမှတ် မပြုကြောင်း တောင်ကြီးဒေသခံများက ဆိုသည်

“ ကျနော်တို့ တောင်ကြီးသားတွေက သူတို့ကို မဲပေးမှာမဟုတ်ဘူး သူတို့ပြုလုပ်ရွေးကောက်ပွဲလည်း အသိအမှတ် မပြုဘူး၊ သွားပူးပေါင်းမှာလည်း မဟုတ်ဘူး ကျနော်နဲ့ နီးစပ်တဲ့ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ မိတ်ဆွေ တွေလည်း သူတို့ကိုမထောက်ခံမှာ မဟုတ်ဘူး လူထုရဲ့အား မပါဘဲနဲ့ စစ်တပ်ကဘယ်လိုဘဲလုပ်လုပ် ရှုံးမှာက ရှုံးမှာဘဲ “ ဟု ၎င်းဆက်ပြောသည်

အာဏာသိမ်း စစ်ကောင်စီသည် စက်တင်ဘာလ ၂ ရက်မှစပြီး စစ်ကြောင်း ၅ ကြောင်းဖြင့် ပင်းတယ၊ ရွာငံ၊ ညောင်ရွေ နှင့် ရပ်စောက် ဒေသတွင် အခမ်းအနားဖြင့် ကျေးရွောဒေသခံ ပြည်သူများကို ခေါ်ယူပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် စစ်တပ်ကို ထောက်ခံရန်လိုက်လံ စည်းရုံးခဲ့ဖူးကြောင်း သိရသည်

SHANBurmese

 

Leave a Reply

Your email address will not be published. Required fields are marked *