မႏၲေလး PDF ေတြနဲ႔ စခ ေတြ ပြဲၾကမ္းေန

ေနာင္ခ်ိဳနဲ႔ ျပင္ဦးလြင္ၾကားမွာ စစ္ေကာင္စီတပ္နဲ႔ မႏၲေလး PDF တို႔ တိုက္ပြဲျပင္းထန္ေန

မဲေခါင္၊ ႏိုဝင္ဘာ ၁၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္နဲ႔ ျပင္ဦးလြင္ၿမိဳ႕နယ္ၾကားမွာ အာဏာသိမ္း စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္- မႏၲေလး တို႔ ဒီကေန႔ ႏိုဝင္ဘာ ၁၈ ရက္၊ မနက္ပိုင္းမွာ တိုက္ပြဲ ျပင္းထန္ေနတယ္လို႔ သိရပါတယ္

ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ စစ္ေကာင္စီတပ္ေတြက အင္အား ၁၀၀ ေလာက္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ -မႏၲေလး အေျခခ်ရာေနရာကို ထိုးစစ္စဥ္လာတဲ့အတြက္ ထိေတြ႕မႈ စျဖစ္ခဲ့တာလို႔ မႏၲေလး PDF တာဝန္ရွိသူတစ္ဦးက မဲေခါင္သတင္းကို ေျပာပါတယ္

“ရန္သူ(စစ္ေကာင္စီ)ဘက္ကေတာ့ ဘယ္တပ္မ လဲဆိုတာ အတိက် မသိရ‌ေသးဘူး သူတို႔ဘက္က ေသဆုံးတာလည္း မသိရေသးဘူး အခုထိ စစ္ေရးတင္းမာေနဆဲပါ”လို႔ သူက ေျပာပါတယ္

အခုတိုက္ပြဲမွာ ႏွစ္ဖက္ထိခိုက္မႈေတြရွိၿပီး စစ္ေကာင္စီဘက္က ၅ ေယာက္ ဒဏ္ရာရၿပီး ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ဘက္က ရဲေဘာ္ ၄ ဦး အေသးစားဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္

ေနာင္ခ်ိဳၿမိဳ႕နယ္နဲ႔ ျပင္ဦးလြင္ၾကားမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၈ ရက္နဲ႔ ၉ ရက္ ႏွစ္ရက္တာ တိုက္ပြဲျဖစ္ခဲ့ၿပီး အဲ့ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္က အရာရွိ အႀကီးပိုင္း တစ္ဦး အပါအဝင္ ၂၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ဘက္က ရဲေဘာ္တစ္ဦး က်ဆုံးခဲ့ပါတယ္

MeKongNews

မန္တလေး PDF တွေနဲ့ စခ တွေ ပွဲကြမ်းနေ

နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲပြင်းထန်နေ

မဲခေါင်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်ကြားမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး တို့ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်

နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ လောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး အခြေချရာနေရာကို ထိုးစစ်စဉ်လာတဲ့အတွက် ထိတွေ့မှု စဖြစ်ခဲ့တာလို့ မန္တလေး PDF တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်

“ရန်သူ(စစ်ကောင်စီ)ဘက်ကတော့ ဘယ်တပ်မ လဲဆိုတာ အတိကျ မသိရ‌သေးဘူး သူတို့ဘက်က သေဆုံးတာလည်း မသိရသေးဘူး အခုထိ စစ်ရေးတင်းမာနေဆဲပါ”လို့ သူက ပြောပါတယ်

အခုတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပြီး စစ်ကောင်စီဘက်က ၅ ယောက် ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်က ရဲဘော် ၄ ဦး အသေးစားဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်

နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်ကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ အကြီးပိုင်း တစ်ဦး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်

MeKongNews

 

Leave a Reply

Your email address will not be published. Required fields are marked *