အၾကမ္းဖက္စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ အမႈ႐ုတ္သိမ္းေၾကာင္း ထုတ္ျပန္ေၾကညာသည့္ အႏုပညာရွင္(၁၁)ဦး စာရင္းတြင္ ပါဝင္ေသာ အႏုပညာရွင္အခ်ိဳ႕မွာ ယခင္က ပုဒ္မ(၅၀၅)တပ္၍ တရားစြဲဆိုခံခဲ့ရျခင္း ရွိ၊ မရွိကို ျပန္လည္ စိစစ္ၾကည့္ခ်င္စရာ ေကာင္းလွသည္

အေၾကာင္းမွာ အႏုပညာရွင္အခ်ိဳ႕က ဓမၼဘက္က ျပည္သူႏွင့္အတူ ရပ္တည္သျဖင့္ အက်ဥ္းက်ခံၾကရသည္။ အခ်ိဳ႕မွာ မိသားစုႏွင့္ ေဝးရာ ထြက္ေျပးတိမ္းေရွာင္ၾကရသည္။ ဘဝေတြ အပ်က္ခံၾကၿပီး သူတို႔ ဂုဏ္သိကၡာႏွင့္ သမိုင္းကို မွတ္ေက်ာက္အတင္ခံၾကသည္။“တကယ္မပါခဲ့တဲ့သူေတြကို ပါခဲ့သေယာင္လုပ္လိုက္တာက တကယ္စြန႔္လႊတ္ၿပီး ပါခဲ့တဲ့ အႏုပညာရွင္ေတြနဲ႔ တန္းညႇိလိုက္သလိုပဲ၊ သမိုင္းက လိမ္လို႔ရသလို ျဖစ္သြားမယ္”ဟု အႏုပညာရွင္ အသိုင္းအဝိုင္းႏွင့္ နီးစပ္သူတဦးက ဆိုသည္

၂၀၂၁ ခုႏွစ္၊ ဧၿပီလဆန္းပိုင္း စတင္ၿပီး စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး CDM လႈပ္ရွားမႈတြင္ ပါဝင္ရန္ စည္း႐ုံးခဲ့ၾကသည့္ ထင္ရွားေသာ အႏုပညာရွင္မ်ားႏွင့္ လူမႈကြန္ယက္မီဒီယာမ်ားတြင္ ေက်ာ္ၾကားသူမ်ားကို အၾကမ္းဖက္စစ္ေကာင္စီက ပုဒ္မ(၅၀၅)ႏွင့္ တရားစြဲဆိုေၾကာင္း တေန႔လွ်င္ (၂၀)ဦးခန႔္ ထုတ္ျပန္ေၾကညာခဲ့သည္

အစရက္ပိုင္း အနည္းငယ္ခန႔္တြင္ အမ်ားျပည္သူက ေစာင့္ၾကည့္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ မည္သူမွ် စိတ္ဝင္တစား အာ႐ုံမစိုက္ၾကေတာ့ေပ

ပုဒ္မ(၅၀၅) ႏွင့္ တရားစြဲဆို ထုတ္ျပန္အၿပီး မၾကာမီတြင္ နာမည္ႀကီး အႏုပညာရွင္အခ်ိဳ႕ပါ မတရားသျဖင့္ ဖမ္းဆီးခံရအၿပီးတြင္ စစ္အာဏာရွင္ဆန႔္က်င့္ေရးလႈပ္ရွားမႈမ်ား၌ အမ်ားျပည္သူက သတိထားမိသည့္ အႏုပညာရွင္အခ်ိဳ႕ပါ ၿငိမ္သက္သြားၾကသည္။ရပ္တည္ခ်က္ မခိုင္မာသည့္ အခ်ိဳ႕ကမူ စစ္တပ္ကို ေထာက္ခံသည့္ အဆိုေတာ္ယုန္ေလး အပါအဝင္ ၾကားပြဲစား အခ်ိဳ႕ႏွင့္ ဆက္သြယ္ၿပီး ခံဝန္ေရးထိုး၍ ၿငိမ္ေနလိုက္ၾကျခင္း ျဖစ္သည္

“နီနီခင္ေဇာ္ ပါ မပါ မေသခ်ာဘူး၊ နန္းခင္ေဇယ်ာ ပါ မပါလည္း သတိမထားမိလိုက္ဘူး”အၾကမ္းဖက္ စကစ ၏ အမႈ႐ုတ္သိမ္းခံရသူအနက္မွ အႏုညာရွင္အခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ယခင္က ပုဒ္မ ၅၀၅ ထုတ္ျပန္ခံရသည့္စာရင္းတြင္ ပါ၊ မပါ ေမးျမန္းၾကည့္ရာတြင္ မည္သူကမွ် အေထာက္အထား အခိုင္အမာျပ၍ အတည္မျပဳႏိုင္သည္ကို ေတြ႕ရသည္

ယခုအခါ ေတာ္လွန္ေရးကိုသာ အဓိက အာ႐ုံစိုက္ခဲ့ၾကသည့္ ျပည္သူမ်ားမွာ ရပ္တည္ခ်က္ ခိုင္မာၿပီး စဥ္ဆက္မျပတ္ ျပည္သူႏွင့္အတူ ရရာက႑မွ ေတာ္လွန္လ်က္ရွိသည့္ ထင္ရွားေက်ာ္ၾကားလွေသာ အႏုပညာရွင္ အခ်ိဳ႕၏ ပုဒ္မ(၅၀၅) မွတ္တမ္းကိုသာ သတိထားမိႏိုင္ၾကေတာ့သည္

စစ္ေကာင္စီမွ ပုဒ္မ(၅၀၅) တပ္၍ တရားစြဲဆိုျခင္းခံခဲ့ရသည္မွာ မွန္ကန္ေနသည့္တိုင္ အမႈ႐ုတ္သိမ္းသည့္စာရင္းထဲတြင္ ပါဝင္ၾကေသာ အႏုပညာအခ်ိဳ႕မွာ အဖမ္းအဆီးမခံၾကရဘဲ ပုံမွန္အတိုင္း သြားလာလႈပ္ရွားေနၾကသည္ကို ၎တို႔၏ Facebook Page မ်ားမွတဆင့္ အလြယ္တကူ သိရွိရသည္

“၅၀၅ ပါခဲ့တာ မပါခဲ့တာက ထားဗ်ာ၊ သူတို႔ေတြ လြတ္လြတ္လပ္လပ္နဲ႔ သူတို႔အလုပ္ သူတို႔လုပ္ေနတာ၊ လုပ္လည္း လုပ္ျပေနတာ အားလုံးအသိပဲ၊ ဒီလူေတြကို အမႈ႐ုတ္သိမ္းၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတယ္ဆိုေတာ့ စကစ ရဲ႕ ႏိုင္ငံေတာ္အဆင့္ ဇာတ္ၫႊန္းက မစုတ္ျပတ္လြန္းဘူးလား”ဟု လူငယ္တဦးက ဆိုသည္

အဆိုေတာ္ နီနီခင္ေဇာ္ မွာ ၿပီးခဲ့သည့္ (၅)လခန႔္အၾကာက ကမ္းေျခတခုတြင္ Rhythm of the Ocean Program 2022 ဆိုေသာ ေဖ်ာ္ေျဖေရးအစီအစဥ္တခုကို Digital Media မ်ားေပၚ ထုတ္လႊင့္ခဲ့ျခင္းေၾကာင့္ ျပည္သူမ်ား၏ ျပင္းထန္စြာ ေဝဖန္ျပစ္တင္ ရႈတ္ခ်မႈကို ခံခဲ့ရသည္။သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာ သည္လည္း ၿပီးခဲ့ေသာ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ကားေပၚမွ လြတ္လပ္ေပ်ာ္႐ႊင္စြာ ေငြလႉဒါန္းေနေသာ ႐ုပ္သံမွတ္တမ္းတိုကို သူမ၏ လူမႈကြန္ယက္စာမ်က္ႏွာ၌ မွ်ေဝထားသည္ကို ေတြ႕ရသည္

ထို႔အတူ သဇင္ထူးျမင့္ သည္လည္း အညာေျမရဲ႕ အညာသူဆိုင္တြင္ မည္သည့္အခ်ိန္၌ သူမ ဆိုင္ထိုင္ေၾကာင္း Facebook Page မွ တဆင့္ ပရိသတ္မ်ားကို မၾကာခဏ အသိေပးေၾကာ္ျငာေလ့ရွိသည္။နာမည္ႀကီး သ႐ုပ္ေဆာင္ ေဖြးေဖြး ကလည္း ႏိုဝင္ဘာ(၄)ရက္က ႐ုံတင္သည့္ သူမ ပါဝင္သ႐ုပ္ေဆာင္ထားေသာ ႐ုပ္ရွင္ဇာတ္ကားတခုကို

တဆင့္ ျပန္လည္မွ်ေဝၿပီး “ရယ္စရာ ရွိ ရယ္ၾက၊ အားလုံးပင္ပန္းေနၾကၿပီ” ဟု မွတ္ခ်က္ေရးသားထားသည္။ “အဲဒီ(၁၁)ဦးထဲမွာ အစကတည္းက ေတာ္လွန္ေရးၿပီးသြားသလိုလို၊ ပုံမွန္လည္ပတ္ေနသလိုလိုနဲ႔ ျပည္သူေတြကို ဆိုရွယ္မီဒီယာကတဆင့္ ပုံမွား႐ိုက္ျပေနသူေတြ၊ အိုးမကြာ အိမ္မကြာဘဲ သူတို႔အလုပ္ကို သူတို႔ လြတ္လြတ္လပ္လပ္လုပ္ေနတဲ့သူေတြပါတယ္၊ဒီလိုလူေတြကို ေရာထည့္ၿပီး အားလုံးအာ႐ုံစိုက္ခံရတဲ့အခ်ိန္မွာ အမႈ႐ုတ္သိမ္းေၾကာင္း ေၾကညာျပတာက စကစ က သူတို႔လူ ပုံရိပ္ကို ေလွ်ာ္ဖြတ္ေပးလိုက္တာ၊ လူထုေထာက္ခံမႈ တခ်ိန္ ျပန္ရေအာင္လို႔ ျမင္ပါတယ္၊ ေနာက္ဆို စိုးျမတ္သူဇာ ႀကီးပါ ထည့္ေၾကညာမလား မသိဘူး၊

ႏိုင္ငံတကာကိုေတာ့ နာမည္ႀကီးအႏုပညာရွင္ေတြကိုပါ အမႈ႐ုတ္သိမ္းေပးတယ္ေပါ့၊ ဒါေပမဲ့ ဘာမွ အဓိပၸါယ္မရွိဘူး၊ စကစ က ႐ုပ္႐ုင္႐ိုက္လိုက္တာေပ့ါဗ်ာ ”ဟု ၎က ဆက္လက္ ဆိုသည္ႏိုဝင္ဘာ(၁၇)ရက္ နံနက္ပိုင္းက အၾကမ္းဖက္စစ္ေကာင္စီက ၅၀၅(က)ႏွင့္ တရားစြဲဆိုထားျခင္းမွ အမႈပိတ္သိမ္းေပးခဲ့ေသာ အႏုပညာရွင္(၁၁)ဦးစာရင္းမွာ ဘုဏ္းသိုက္၊ ေဖြးေဖြး၊ ေဟမာန္သူသူေအာင္၊ မယ္မင္းဘုံ၊ ဆုမြန္၊ နီနီခင္ေဇာ္၊ သီဟၿဖိဳး၊ ယြန္းဝတီလြင္မိုး၊ သဇင္ထူးျမင့္၊ ထက္ထက္ထြန္း၊ နန္းခင္ေဇယ်ာ တို႔ ျဖစ္ၾကသည္

The Voice Of Spring

အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အမှုရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာသည့် အနုပညာရှင်(၁၁)ဦး စာရင်းတွင် ပါဝင်သော အနုပညာရှင်အချို့မှာ ယခင်က ပုဒ်မ(၅၀၅)တပ်၍ တရားစွဲဆိုခံခဲ့ရခြင်း ရှိ၊ မရှိကို ပြန်လည် စိစစ်ကြည့်ချင်စရာ ကောင်းလှသည်

အကြောင်းမှာ အနုပညာရှင်အချို့က ဓမ္မဘက်က ပြည်သူနှင့်အတူ ရပ်တည်သဖြင့် အကျဉ်းကျခံကြရသည်။ အချို့မှာ မိသားစုနှင့် ဝေးရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ဘဝတွေ အပျက်ခံကြပြီး သူတို့ ဂုဏ်သိက္ခာနှင့် သမိုင်းကို မှတ်ကျောက်အတင်ခံကြသည်။“တကယ်မပါခဲ့တဲ့သူတွေကို ပါခဲ့သယောင်လုပ်လိုက်တာက တကယ်စွန့်လွှတ်ပြီး ပါခဲ့တဲ့ အနုပညာရှင်တွေနဲ့ တန်းညှိလိုက်သလိုပဲ၊ သမိုင်းက လိမ်လို့ရသလို ဖြစ်သွားမယ်”ဟု အနုပညာရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်

၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်း စတင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ရန် စည်းရုံးခဲ့ကြသည့် ထင်ရှားသော အနုပညာရှင်များနှင့် လူမှုကွန်ယက်မီဒီယာများတွင် ကျော်ကြားသူများကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ(၅၀၅)နှင့် တရားစွဲဆိုကြောင်း တနေ့လျှင် (၂၀)ဦးခန့် ထုတ်ပြန်ကြေညာခဲ့သည်

အစရက်ပိုင်း အနည်းငယ်ခန့်တွင် အများပြည်သူက စောင့်ကြည့်ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သူမျှ စိတ်ဝင်တစား အာရုံမစိုက်ကြတော့ပေ

ပုဒ်မ(၅၀၅) နှင့် တရားစွဲဆို ထုတ်ပြန်အပြီး မကြာမီတွင် နာမည်ကြီး အနုပညာရှင်အချို့ပါ မတရားသဖြင့် ဖမ်းဆီးခံရအပြီးတွင် စစ်အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုများ၌ အများပြည်သူက သတိထားမိသည့် အနုပညာရှင်အချို့ပါ ငြိမ်သက်သွားကြသည်။ရပ်တည်ချက် မခိုင်မာသည့် အချို့ကမူ စစ်တပ်ကို ထောက်ခံသည့် အဆိုတော်ယုန်လေး အပါအဝင် ကြားပွဲစား အချို့နှင့် ဆက်သွယ်ပြီး ခံဝန်ရေးထိုး၍ ငြိမ်နေလိုက်ကြခြင်း ဖြစ်သည်

“နီနီခင်ဇော် ပါ မပါ မသေချာဘူး၊ နန်းခင်ဇေယျာ ပါ မပါလည်း သတိမထားမိလိုက်ဘူး”အကြမ်းဖက် စကစ ၏ အမှုရုတ်သိမ်းခံရသူအနက်မှ အနုညာရှင်အချို့နဲ့ ပတ်သက်ပြီး ယခင်က ပုဒ်မ ၅၀၅ ထုတ်ပြန်ခံရသည့်စာရင်းတွင် ပါ၊ မပါ မေးမြန်းကြည့်ရာတွင် မည်သူကမျှ အထောက်အထား အခိုင်အမာပြ၍ အတည်မပြုနိုင်သည်ကို တွေ့ရသည်

ယခုအခါ တော်လှန်ရေးကိုသာ အဓိက အာရုံစိုက်ခဲ့ကြသည့် ပြည်သူများမှာ ရပ်တည်ချက် ခိုင်မာပြီး စဉ်ဆက်မပြတ် ပြည်သူနှင့်အတူ ရရာကဏ္ဍမှ တော်လှန်လျက်ရှိသည့် ထင်ရှားကျော်ကြားလှသော အနုပညာရှင် အချို့၏ ပုဒ်မ(၅၀၅) မှတ်တမ်းကိုသာ သတိထားမိနိုင်ကြတော့သည်

စစ်ကောင်စီမှ ပုဒ်မ(၅၀၅) တပ်၍ တရားစွဲဆိုခြင်းခံခဲ့ရသည်မှာ မှန်ကန်နေသည့်တိုင် အမှုရုတ်သိမ်းသည့်စာရင်းထဲတွင် ပါဝင်ကြသော အနုပညာအချို့မှာ အဖမ်းအဆီးမခံကြရဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ကို ၎င်းတို့၏ Facebook Page များမှတဆင့် အလွယ်တကူ သိရှိရသည်

“၅၀၅ ပါခဲ့တာ မပါခဲ့တာက ထားဗျာ၊ သူတို့တွေ လွတ်လွတ်လပ်လပ်နဲ့ သူတို့အလုပ် သူတို့လုပ်နေတာ၊ လုပ်လည်း လုပ်ပြနေတာ အားလုံးအသိပဲ၊ ဒီလူတွေကို အမှုရုတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတော့ စကစ ရဲ့ နိုင်ငံတော်အဆင့် ဇာတ်ညွှန်းက မစုတ်ပြတ်လွန်းဘူးလား”ဟု လူငယ်တဦးက ဆိုသည်

အဆိုတော် နီနီခင်ဇော် မှာ ပြီးခဲ့သည့် (၅)လခန့်အကြာက ကမ်းခြေတခုတွင် Rhythm of the Ocean Program 2022 ဆိုသော ဖျော်ဖြေရေးအစီအစဉ်တခုကို Digital Media များပေါ် ထုတ်လွှင့်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရသည်။သရုပ်ဆောင် နန်းခင်ဇေယျာ သည်လည်း ပြီးခဲ့သော တန်ဆောင်မုန်းလပြည့်နေ့တွင် ကားပေါ်မှ လွတ်လပ်ပျော်ရွှင်စွာ ငွေလှူဒါန်းနေသော ရုပ်သံမှတ်တမ်းတိုကို သူမ၏ လူမှုကွန်ယက်စာမျက်နှာ၌ မျှဝေထားသည်ကို တွေ့ရသည်

ထို့အတူ သဇင်ထူးမြင့် သည်လည်း အညာမြေရဲ့ အညာသူဆိုင်တွင် မည်သည့်အချိန်၌ သူမ ဆိုင်ထိုင်ကြောင်း Facebook Page မှ တဆင့် ပရိသတ်များကို မကြာခဏ အသိပေးကြော်ငြာလေ့ရှိသည်။နာမည်ကြီး သရုပ်ဆောင် ဖွေးဖွေး ကလည်း နိုဝင်ဘာ(၄)ရက်က ရုံတင်သည့် သူမ ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကားတခုကို

တဆင့် ပြန်လည်မျှဝေပြီး “ရယ်စရာ ရှိ ရယ်ကြ၊ အားလုံးပင်ပန်းနေကြပြီ” ဟု မှတ်ချက်ရေးသားထားသည်။ “အဲဒီ(၁၁)ဦးထဲမှာ အစကတည်းက တော်လှန်ရေးပြီးသွားသလိုလို၊ ပုံမှန်လည်ပတ်နေသလိုလိုနဲ့ ပြည်သူတွေကို ဆိုရှယ်မီဒီယာကတဆင့် ပုံမှားရိုက်ပြနေသူတွေ၊ အိုးမကွာ အိမ်မကွာဘဲ သူတို့အလုပ်ကို သူတို့ လွတ်လွတ်လပ်လပ်လုပ်နေတဲ့သူတွေပါတယ်၊ဒီလိုလူတွေကို ရောထည့်ပြီး အားလုံးအာရုံစိုက်ခံရတဲ့အချိန်မှာ အမှုရုတ်သိမ်းကြောင်း ကြေညာပြတာက စကစ က သူတို့လူ ပုံရိပ်ကို လျှော်ဖွတ်ပေးလိုက်တာ၊ လူထုထောက်ခံမှု တချိန် ပြန်ရအောင်လို့ မြင်ပါတယ်၊ နောက်ဆို စိုးမြတ်သူဇာ ကြီးပါ ထည့်ကြေညာမလား မသိဘူး၊

နိုင်ငံတကာကိုတော့ နာမည်ကြီးအနုပညာရှင်တွေကိုပါ အမှုရုတ်သိမ်းပေးတယ်ပေါ့၊ ဒါပေမဲ့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ စကစ က ရုပ်ရုင်ရိုက်လိုက်တာပေ့ါဗျာ ”ဟု ၎င်းက ဆက်လက် ဆိုသည်နိုဝင်ဘာ(၁၇)ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီက ၅၀၅(က)နှင့် တရားစွဲဆိုထားခြင်းမှ အမှုပိတ်သိမ်းပေးခဲ့သော အနုပညာရှင်(၁၁)ဦးစာရင်းမှာ ဘုဏ်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ ဆုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ဖြစ်ကြသည်

The Voice Of Spring

 

Leave a Reply

Your email address will not be published. Required fields are marked *