ရန္ကုန္၊ မဂၤလာဒုံေလဆိပ္လမ္း ရဲကင္းဂိတ္ကို ေဖာက္ခြဲ တိုက္ခိုက္၊ အင္းစိန္ရွိ ဦးပိုင္ကုမၸဏီေရွ႕ ႏွင့္ေျမာက္ဒဂုံတို႔တြင္လည္း ဗုံးမ်ားေပါက္ကြဲ

ရန္ကုန္၊ ႏိုဝင္ဘာ ၁၇

ရန္ကုန္၊ မဂၤလာဒုံၿမိဳ႕နယ္၊ ႀကံခင္းစုရပ္ကြက္ရွိ ရဲကင္းဂိတ္ကို War of Hunter Revolution Force (WOH) အဖြဲ႕က ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း အဆိုပါ အဖြဲ႕မွ ဗိုလ္တြတ္ပီက ေျပာသည္

ႏိုဝင္ဘာလ ၁၇ ရက္ေန႔ ည ၇ နာရီ ၄၇ မိနစ္တြင္ ႀကံခင္းစုရပ္ကြက္၊ ေလဆိပ္ လမ္းရွိ ရဲကင္းဂိတ္ကို အေဝးထိန္း ဗုံး ၁ လုံးျဖင့္ WOH အဖြဲ႕က ေဖာက္ခြဲ တိုက္ ခိုက္ခဲ့ေၾကာင္း ၊အဆိုပါ တိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး ထိခိုက္မႈရွိ မရွိကို အတည္ မျပဳႏိုင္ေသးဘဲ ကာကြယ္ေရး ရဲေဘာ္မ်ား အထိအခိုက္မရွိ ဆုတ္ခြာ ႏိုင္ခဲ့ ေၾကာင္း ဗိုလ္တြတ္ပီက ဆိုသည္

ထို႔အတူ ႏိုဝင္ဘာလ ၁၇ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၄၀ မိနစ္အခ်ိန္ အင္းစိန္ ၿမိဳ႕နယ္၊ ႐ြာမအေရွ႕ရပ္ကြက္၊ သီရိမဂၤလာလမ္းမေပၚ စစ္တပ္လက္ေအာက္ခံ ဦးပိုင္ ကုမၸဏီ၏ ကားႀကီးဝင္းကို အေဝးထိန္းမိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲ တိုက္ ခိုက္ခဲ့ေၾကာင္း၊ အဆိုပါ တိုက္ခိုက္မႈကို Divine Ranger Forces ( DRF ) ႏွင့္ United Resistance Force ( UGF )တို႔က အတူ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕ ၏ေျပာဆိုထုတ္ျပန္ခ်က္အရ သိရွိရသည္

” ဒီေန႔ညေနပိုင္း ရန္ကုန္ အင္းစိန္ ဂ်ပန္လမ္း ဟြန္ဒိုင္း ကားျပခန္းနဲ႔ ဦးပိုင္ကုမၸ ဏီ ေရွ႕နားမွာဗုံးေပါက္ပါတယ္။ လူထိခိုက္တာေတာ့မရွိပါဘူး အသံေတာ့ အရမ္း ကိုက်ယ္တာပါ” ဟု ေဒသခံတစ္ဦးက ေျပာသည္

ထို႔ျပင္ ယေန႔ည ၇ နာရီ ၄၇ မိနစ္အခ်ိန္ ေျမာက္ဒဂုံတြင္လည္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီး အလြန္အသံက်ယ္ေၾကာင္း၊ ေနရာအတိအက်ကိုမူ မသိရွိ ရေသး ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္

ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်လမ်း ရဲကင်းဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်၊ အင်းစိန်ရှိ ဦးပိုင်ကုမ္ပဏီရှေ့ နှင့်မြောက်ဒဂုံတို့တွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ ရဲကင်းဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်တွင် ကြံခင်းစုရပ်ကွက်၊ လေဆိပ် လမ်းရှိ ရဲကင်းဂိတ်ကို အဝေးထိန်း ဗုံး ၁ လုံးဖြင့် WOH အဖွဲ့က ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထိခိုက်မှုရှိ မရှိကို အတည် မပြုနိုင်သေးဘဲ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ ကြောင်း ဗိုလ်တွတ်ပီက ဆိုသည်

ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမပေါ် စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီ၏ ကားကြီးဝင်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Divine Ranger Forces ( DRF ) နှင့် United Resistance Force ( UGF )တို့က အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမြို့ပြပျောက်ကျားတပ်ဖွဲ့ ၏ပြောဆိုထုတ်ပြန်ချက်အရ သိရှိရသည်

” ဒီနေ့ညနေပိုင်း ရန်ကုန် အင်းစိန် ဂျပန်လမ်း ဟွန်ဒိုင်း ကားပြခန်းနဲ့ ဦးပိုင်ကုမ္ပ ဏီ ရှေ့နားမှာဗုံးပေါက်ပါတယ်။ လူထိခိုက်တာတော့မရှိပါဘူး အသံတော့ အရမ်း ကိုကျယ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်

ထို့ပြင် ယနေ့ည ၇ နာရီ ၄၇ မိနစ်အချိန် မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အလွန်အသံကျယ်ကြောင်း၊ နေရာအတိအကျကိုမူ မသိရှိ ရသေး ကြောင်း ဒေသခံများထံမှ သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *