မူးယစ္ရမ္းကားသူကို စစ္တပ္က ေသနတ္နဲ႔ပစ္ခဲ့ရာ စစ္မႈထမ္းေဟာင္းျဖစ္ေနလို႔ ေဆးကုေပးခဲ့ေသာ္လည္း ေသဆုံး

စလင္း၊ ႏိုဝင္ဘာ ၁၇၊ ၂၀၂၂။

မေကြးတိုင္း၊ မင္းဘူးခ႐ိုင္၊ စလင္းၿမိဳ႕နယ္၊ ကန္ေတာ္ေက်း႐ြာက စစ္မႈထမ္းေဟာင္း ၁ ဦး ႏိုဝင္ဘာ လ ၁၄ ရက္ ည ၁၀ နာရီခြဲေလာက္မွာ ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္

ပစ္ခတ္ခံရတဲ့သူဟာ ကန္ေတာ္႐ြာမွာေနထိုင္တဲ့ စစ္မႈထမ္းေဟာင္းျဖစ္သူ ဦးစန္းေမာင္ျဖစ္ၿပီး မေန႔ညက သူ႔ရဲ႕ ေနအိမ္မွာ မူးၿပီးေသာင္းက်န္းေနလို႔ အဲ့ဒီ႐ြာအုပ္ခ်ဳပ္ေရးမႉးက စစ္ေကာင္စီတပ္ကိုေခၚေဆာင္ဖမ္းဆီးခိုင္းရာကေန စစ္ေကာင္စီတပ္က ပစ္ခတ္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္

စစ္ေကာင္စီတပ္က ပစ္ခတ္ခဲ့ၿပီးတဲ့ေနာက္ စစ္မႈထမ္းေဟာင္းမွန္းသိသြားခဲ့လို႔ မေကြးၿမိဳ႕၊ အမွတ္ ၁၆ တပ္မေတာ္ ေဆး႐ုံ(ကုတင္ ၁၀၀) တဆရ(၁၆/၁၀၀) စစ္ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ေပမယ့္ ေသဆုံးသြားခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္

”မေန႔ညက ဦးစန္းေမာင္က သူ႔အိမ္မွာမူးၿပီးေသာင္းက်န္းေနတာ၊ ဦးစန္းေမာင္က စစ္သားလူထြက္။ အဲ့တာကို အုပ္ႀကီးက ထိန္းမႏိုင္လို႔ဆိုၿပီး စစ္တပ္ကိုေခၚၿပီးဖမ္းခိုင္းတာ စစ္ေကာင္စီတပ္က သူ႔(ဦးစန္းေမာင္) ကို ေသနတ္နဲ႔ ၃ ခ်က္ပစ္ဖမ္းတာ ေနာက္မွ သူကစစ္ထြက္မွန္းသိသြားလို႔ မေကြးစစ္ေဆး႐ုံကိုပို႔တာ မရေတာ့ဘူး ေသသြားတယ္” လို႔ ေဒသခံတဦးက ေျမလတ္အသံကိုေျပာပါတယ္

စစ္တပ္ေထာက္ခံတဲ့ တယ္လီဂရမ္ခ်န္နယ္ေတြမွာေတာ့ ဦးစန္းေမာင္ကို PDF ေတြဘက္က ပစ္ခတ္လို႔ေသဆုံး ခဲ့တယ္လို႔ ဝါဒျဖန႔္ေဖာ္ျပထားတာကို ေတြ႕ရပါတယ္

အဲ့ဒီလိုေဖာ္ျပေနတာနဲ႔ပတ္သက္ၿပီး ပြင့္ျဖဴ၊ စလင္းနဲ႔ ဆင္ျဖဴကြၽန္းေဒသတဝိုက္အေျချပဳလႈပ္ရွားေနတဲ့ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာ သူတို႔မဟာမိတ္အဖြဲ႕ေတြအေနနဲ႔ စစ္ေရးပစ္မွတ္ မဟုတ္တဲ့မသက္ဆိုင္သူေတြကို တိုက္ခိုက္တာမ်ိဳးလုပ္ေဆာင္မွာမဟုတ္ဘဲ အခုျဖစ္ စဥ္နဲ႔ပတ္သက္လို႔ အခင္းျဖစ္ပြားတာကိုေတာ့ သိရွိထားၿပီး သူတို႔မစ္ရွင္လုပ္ေဆာင္တာမ်ိဳးမရွိဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္

ေျမလတ္အသံ

မူးယစ်ရမ်းကားသူကို စစ်တပ်က သေနတ်နဲ့ပစ်ခဲ့ရာ စစ်မှုထမ်းဟောင်းဖြစ်နေလို့ ဆေးကုပေးခဲ့သော်လည်း သေဆုံး

စလင်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၂။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာက စစ်မှုထမ်းဟောင်း ၁ ဦး နိုဝင်ဘာ လ ၁၄ ရက် ည ၁၀ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

ပစ်ခတ်ခံရတဲ့သူဟာ ကန်တော်ရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းဖြစ်သူ ဦးစန်းမောင်ဖြစ်ပြီး မနေ့ညက သူ့ရဲ့ နေအိမ်မှာ မူးပြီးသောင်းကျန်းနေလို့ အဲ့ဒီရွာအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ကိုခေါ်ဆောင်ဖမ်းဆီးခိုင်းရာကနေ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်မှုထမ်းဟောင်းမှန်းသိသွားခဲ့လို့ မကွေးမြို့၊ အမှတ် ၁၆ တပ်မတော် ဆေးရုံ(ကုတင် ၁၀၀) တဆရ(၁၆/၁၀၀) စစ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်

”မနေ့ညက ဦးစန်းမောင်က သူ့အိမ်မှာမူးပြီးသောင်းကျန်းနေတာ၊ ဦးစန်းမောင်က စစ်သားလူထွက်။ အဲ့တာကို အုပ်ကြီးက ထိန်းမနိုင်လို့ဆိုပြီး စစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းတာ စစ်ကောင်စီတပ်က သူ့(ဦးစန်းမောင်) ကို သေနတ်နဲ့ ၃ ချက်ပစ်ဖမ်းတာ နောက်မှ သူကစစ်ထွက်မှန်းသိသွားလို့ မကွေးစစ်ဆေးရုံကိုပို့တာ မရတော့ဘူး သေသွားတယ်” လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးစန်းမောင်ကို PDF တွေဘက်က ပစ်ခတ်လို့သေဆုံး ခဲ့တယ်လို့ ဝါဒဖြန့်ဖော်ပြထားတာကို တွေ့ရပါတယ်

အဲ့ဒီလိုဖော်ပြနေတာနဲ့ပတ်သက်ပြီး ပွင့်ဖြူ၊ စလင်းနဲ့ ဆင်ဖြူကျွန်းဒေသတဝိုက်အခြေပြုလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့မဟာမိတ်အဖွဲ့တွေအနေနဲ့ စစ်ရေးပစ်မှတ် မဟုတ်တဲ့မသက်ဆိုင်သူတွေကို တိုက်ခိုက်တာမျိုးလုပ်ဆောင်မှာမဟုတ်ဘဲ အခုဖြစ် စဉ်နဲ့ပတ်သက်လို့ အခင်းဖြစ်ပွားတာကိုတော့ သိရှိထားပြီး သူတို့မစ်ရှင်လုပ်ဆောင်တာမျိုးမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်

မြေလတ်အသံ

 

Leave a Reply

Your email address will not be published. Required fields are marked *