အျမင့္ဆုံးဘြဲ႕ေတြ ယူၿပီးျဖစ္တဲ့ မင္းေအာင္လႈိင္က ဒီတစ္ႀကိမ္ အေပါင္းအပါေတြကို ဘြဲ႕ေပး၊ေဇာ္မင္းထြန္းက ေဇယ်ေက်ာ္ထင္ဘြဲ႕ရ၊

MFP ၊ ႏိုဝငာၻ – ၁၇

ႏိုင္ငံေတာ္အဆင့္ အျမင့္ဆုံးဘြဲ႕ေတြ ရယူထားၿပီးျဖစ္တဲ့ မင္းေအာင္လႈိင္က ဒီတစ္ႀကိမ္မွာ ကိုယ္တိုင္ ဘြဲ႕မယူေတာ့ဘဲ စိုးဝင္း အပါအဝင္ အေပါင္းအပါေတြႏွင့္ စစ္ေကာင္စီ ဝင္ေတြကို ဘြဲ႕ေပးတယ္လို႔ စစ္အုပ္စုက သတင္း ျဖန႔္ပါတယ္

ၿပီးခဲ့တဲ့ အစိုးရေတြ လက္ထက္မွာ ႏိုင္ငံေတာ္အဆင့္ ဘြဲ႕ေတြ၊ ဆုတံဆိပ္ေတြကို ႏွစ္စဥ္ လြတ္လပ္ေရးေန႔မွာ သမၼတက ေပးအပ္ခ်ီးျမႇင့္ေလး ရွိေပမယ့္ မင္းေအာင္လႈိင္နဲ႔ စစ္အုပ္စုကေတာ့ ဒီေန႔ က်ေရာက္တဲ့ (၁၀၂)ႏွစ္ေျမာက္ အမ်ိဳးသားေန႔ အထိမ္းအမွတ္အျဖစ္ သူတို႔ရဲ႕ အေပါင္းအပါေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြကို ဘြဲ႕ေပးတာ ျဖစ္ပါတယ္

ဒီေန႔ စစ္အုပ္စုက ေပးအပ္တဲ့ ဘြဲ႕ေတြ၊ ဆုတံဆိပ္ေတြဟာ မဟာသေရစည္သူဘြဲ႕ တစ္ဦး၊ စည္သူဘြဲ႕ (၄၁)ဦး၊ သီရိပ်ံခ်ီဘြဲ႕ (၄၅)ဦးနဲ႔ စစ္မႈထမ္းေတြကိုေပးတဲ့ ေဇယ်ေက်ာ္ထင္ဘြဲ႕ (၁၉)ဦး ေပးအပ္တယ္လို႔ နာမည္စာရင္းနဲ႔တကြ ထုတ္ျပန္ပါတယ္

စစ္ေကာင္စီ ဒု-ေခါင္းေဆာင္ စိုးဝင္းကို မဟာသေရစည္သူဘြဲ႕ ေပးၿပီး မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ အပါအဝင္ စစ္ေကာင္စီ အဖြဲ႕ဝင္ (၁၃) ဦးကို စည္သူဘြဲ႕ ေပးပါတယ္ စစ္အုပ္စုက စည္သူဘြဲ႕ေပးတဲ့အထဲ ကြယ္လြန္ၿပီးျဖစ္တဲ့ စာေရးဆရာ မင္းသုဝဏ္နဲ႔ ေဇာ္ဂ်ီတို႔လည္း ပါဝင္ၿပီး သတင္းစာဆရာ ဟံသာဝတီဦးအုန္းႀကိဳင္ကိုလည္း စစ္အုပ္စုက စည္သူဘြဲ႕ ေပးအပ္ပါတယ္

ဒါ့အျပင္ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ျမတ္ အပါအဝင္ စစ္ေကာင္စီခန႔္ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးေတြ၊ ေနျပည္ေတာ္ေကာင္စီ ဥကၠဌ အပါအဝင္ ျပည္နယ္နဲ႔ တိုင္းက ဝန္ႀကီးခ်ဳပ္ေတြ၊ ဘာသာေရးအသင္းအဖြဲ႕ အႀကီးအကဲေတြကိုလည္း စစ္အုပ္စုက သီရိပ်ံခ်ီဘြဲ႕ ေပးၿပီး သတင္းစာဆရာ ဖိုးေသာၾကာ(ေခတ္+မိုး) ကိုလည္း သီရိပ်ံခ်ီဘြဲ႕ ေပးပါတယ္

စစ္မႈထမ္းေတြကို ေပးတဲ့ ေဇယ်ေက်ာ္ထင္ဘြဲ႕ရ စာရင္းမွာေတာ့ စစ္ေကာင္စီကို သစၥာခံတဲ့ စစ္တိုင္းမႉးေတြ အားလုံးအျပင္ စစ္ေကာင္စီရဲ႕ ျပန္ၾကားေရး ဒု-ဝန္ႀကီးအျဖစ္ လုပ္ကိုင္ေနတဲ့ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကိုလည္း ေဇယ်ေက်ာ္ထင္ဘြဲ႕ ေပးအပ္တယ္လို႔ စစ္အုပ္စုက ထုတ္ျပန္ပါတယ္

အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ၊

MFP ၊ ႏိုဝင္ဘာ – ၁၇

နိုင်ငံတော်အဆင့် အမြင့်ဆုံးဘွဲ့တွေ ရယူထားပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ်မှာ ကိုယ်တိုင် ဘွဲ့မယူတော့ဘဲ စိုးဝင်း အပါအဝင် အပေါင်းအပါတွေနှင့် စစ်ကောင်စီ ဝင်တွေကို ဘွဲ့ပေးတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်

ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်မှာ နိုင်ငံတော်အဆင့် ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို နှစ်စဉ် လွတ်လပ်ရေးနေ့မှာ သမ္မတက ပေးအပ်ချီးမြှင့်လေး ရှိပေမယ့် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကတော့ ဒီနေ့ ကျရောက်တဲ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ အပေါင်းအပါတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ဘွဲ့ပေးတာ ဖြစ်ပါတယ်

ဒီနေ့ စစ်အုပ်စုက ပေးအပ်တဲ့ ဘွဲ့တွေ၊ ဆုတံဆိပ်တွေဟာ မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ (၄၁)ဦး၊ သီရိပျံချီဘွဲ့ (၄၅)ဦးနဲ့ စစ်မှုထမ်းတွေကိုပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ (၁၉)ဦး ပေးအပ်တယ်လို့ နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ပါတယ်

စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်းကို မဟာသရေစည်သူဘွဲ့ ပေးပြီး မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် (၁၃) ဦးကို စည်သူဘွဲ့ ပေးပါတယ် စစ်အုပ်စုက စည်သူဘွဲ့ပေးတဲ့အထဲ ကွယ်လွန်ပြီးဖြစ်တဲ့ စာရေးဆရာ မင်းသုဝဏ်နဲ့ ဇော်ဂျီတို့လည်း ပါဝင်ပြီး သတင်းစာဆရာ ဟံသာဝတီဦးအုန်းကြိုင်ကိုလည်း စစ်အုပ်စုက စည်သူဘွဲ့ ပေးအပ်ပါတယ်

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် အပါအဝင် စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ပြည်နယ်နဲ့ တိုင်းက ဝန်ကြီးချုပ်တွေ၊ ဘာသာရေးအသင်းအဖွဲ့ အကြီးအကဲတွေကိုလည်း စစ်အုပ်စုက သီရိပျံချီဘွဲ့ ပေးပြီး သတင်းစာဆရာ ဖိုးသောကြာ(ခေတ်+မိုး) ကိုလည်း သီရိပျံချီဘွဲ့ ပေးပါတယ်

စစ်မှုထမ်းတွေကို ပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ရ စာရင်းမှာတော့ စစ်ကောင်စီကို သစ္စာခံတဲ့ စစ်တိုင်းမှူးတွေ အားလုံးအပြင် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *