အင္းစိန္ေထာင္ေရွ႕ ဓာတ္ပုံ႐ိုက္သူေတြကို ဖမ္းဆီး

ဧရာဝတီ၊ ႏိုဝငာၻ ၁၇၊ ၂၀၂၂

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္အက်ဥ္းေထာင္ေရွ႕တြင္ ဓာတ္ပုံ႐ိုက္ေနသည့္ အမ်ိဳးသား ၃ ဦးကို ယေန႔ နံနက္ပိုင္းက စစ္ေကာင္စီတပ္သားမ်ားႏွင့္ ရဲမ်ားက ဖမ္း ဆီးလိုက္ေၾကာင္း ေဒသခံမ်ားက ေျပာ သည္

အဆိုပါ အမ်ိဳးသား ၃ ဦးသည္ အက်ဥ္းသားမ်ား ျပန္လႊတ္မႈ ရွိမရွိကို ေစာင့္ေမွ်ာ္ေနသည့္ မိသားစုဝင္မ်ားအား ဓာတ္ပုံ႐ိုက္ေနစဥ္ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ကားတစီးေပၚ ဖမ္းဆီး ေခၚေဆာင္သြားျခင္း ျဖစ္ သည္

ယင္းေနာက္တြင္ ဖမ္းဆီးခံရသူ ၃ ဦးအနက္ Voice of Myanmar သတင္းေထာက္တဦးကို ျပန္လႊတ္ေပးလိုက္ေသာ္လည္း က်န္ ၂ ဦးကို ဆက္လက္ ဖမ္းဆီးထားေၾကာင္း သိရသည္

စစ္ေကာင္စီသည္ ႏိုဝင္ဘာလ ၁၇ ရက္တြင္ က်ေရာက္မည့္ ၁၀၂ ႏွစ္ေျမာက္ အမ်ိဳးသားေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ အက်ဥ္းသား၊ အက်ဥ္းသူ ၆၀၀၀ ခန႔္ကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးေနစဥ္မွာပင္ အက်ဥ္းေထာင္ေရွ႕ ဓာတ္ပုံ႐ိုက္သူမ်ားကို ဖမ္းဆီးေနျခင္း ျဖစ္သည္

ဓာတၸဳံ -AAMIJ

အင်းစိန်ထောင်ရှေ့ ဓာတ်ပုံရိုက်သူတွေကို ဖမ်းဆီး

ဧရာဝတီ၊ ႏိုဝင္ဘာ ၁၇၊ ၂၀၂၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဓာတ်ပုံရိုက်နေသည့် အမျိုးသား ၃ ဦးကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများနှင့် ရဲများက ဖမ်း ဆီးလိုက်ကြောင်း ဒေသခံများက ပြော သည်

အဆိုပါ အမျိုးသား ၃ ဦးသည် အကျဉ်းသားများ ပြန်လွှတ်မှု ရှိမရှိကို စောင့်မျှော်နေသည့် မိသားစုဝင်များအား ဓာတ်ပုံရိုက်နေစဉ် စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ကားတစီးပေါ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ် သည်

ယင်းနောက်တွင် ဖမ်းဆီးခံရသူ ၃ ဦးအနက် Voice of Myanmar သတင်းထောက်တဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၂ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်

စစ်ကောင်စီသည် နိုဝင်ဘာလ ၁၇ ရက်တွင် ကျရောက်မည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ ခန့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနေစဉ်မှာပင် အကျဉ်းထောင်ရှေ့ ဓာတ်ပုံရိုက်သူများကို ဖမ်းဆီးနေခြင်း ဖြစ်သည်

ဓာတ္ပုံ -AAMIJ

 

Leave a Reply

Your email address will not be published. Required fields are marked *