ေျမာင္မွာ မိုင္းကြင္းေပၚ လာရပ္တဲ့ စစ္အုပ္စုကို ေဖာက္ခြဲရာ ေလးေယာက္ ေသ၊ ႏွစ္ေယာက္ ဒဏ္ရာရ၊

MFP ၊ ႏိုဝငာၻ – ၁၇

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ထဲ ႐ြာစဥ္ပတ္မႊ လုယက္ ဓားျပတိုက္ မီးရႈိ႕ၿပီး ခိုးရာပါ ပစၥည္းေတြ သယ္ထုတ္ေနတဲ့ စစ္အုပ္စုကို ယမန္ေန႔က မိုင္းေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ဒဲ့ထိၿပီး စကစ ေလးေယာက္ ပြဲခ်င္းၿပီး ေသကာ ႏွစ္ေယာက္ အျပင္းအထန္ ဒဏ္ရာရတယ္လို႔ ေျမာင္နယ္ 11 Brothers Revolution Force က သတင္း ထုတ္ျပန္ပါတယ္

“မိုင္းကြင္းေပၚ ေရာက္လာတဲ့ ေခြးေတြကို ေဖာက္ခြဲတိုက္ခိုက္ခဲ့တာပါ။ အနီးကပ္ လုပ္ေဆာင္ခဲ့တာပါ” လို႔ 11 BRF တပ္ဖြဲ႕ဝင္ ရဲေဘာ္က MFP ကို ေျပာပါတယ္

ႏိုဝင္ဘာ(၁၄)ရက္ မနက္(၁၁)နာရီေက်ာ္က ေျမာင္ၿမိဳ႕နယ္ ေက်ာက္ရစ္ရဲစခန္းထဲက ထြက္လာၿပီး ခိုးရာပါ ပစၥည္းေတြ သယ္ယူေနတဲ့ စစ္အုပ္စုကို 11 Brothers Revolution Force၊ ေျမာင္ၿမိဳ႕နယ္ T.G.R ျပည္သူ႔ကာကြယ္ေရးတပ္ ႏွင့္ ဗိုလ္ေနတိုး အထူးေျပာက္က်ားအဖြဲ႕ တို႔ ပူးေပါင္းၿပီး မိုင္းဆြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

“ေက်ာက္ရစ္ေခြးၿခံမွ ပစၥည္းမ်ား ခိုးယူရန္ ထြက္လာေသာ စခမ်ားကို လမ္းတစ္ေနရာ အေရာက္တြင္ ကြၽန္ေတာ္တို႔ 11 BRF မွ ဦးေဆာင္ၿပီး မဟာမိတ္မ်ားမွ အညာထန္းသီးခိုင္မ်ားျဖင့္ ဧည့္ခံလိုက္ရာ ေခြး ေျခာက္ေကာင္ ထိမွန္၍ သုံးေကာင္မွာ ေနရာတြင္ ငရဲသို႔ ေရာက္သြားခဲ့ၿပီး ေခြးတစ္ေကာင္မွာ ေခြးၿခံအတြင္းသို႔ ေရာက္ရွိသြားခ်ိန္မွ ငရဲသို႔ဆင္းသြားသည္ က်န္ ႏွစ္ေကာင္မွာ ငရဲသို႔ မ်က္ေစာင္ထိုးေနသည္ဟု သတင္းရရွိပါသည္” လို႔ ေျမာင္ 11 BRF က ေဖာ္ျပပါတယ္

စစ္အုပ္စုဟာ လက္နက္အားကိုးနဲ႔ ေျမာင္ႏွင့္ ေရစႀကိဳနယ္ ေရလည္ကြၽန္းေဒသက ႐ြာေတြထဲ ႐ြာစဥ္ပတ္ေမႊကာ လူသတ္၊ လုယက္၊ ဓားျပတိုက္၊ အိမ္မီးရႈိ႕ေနတာ ျဖစ္ပါတယ္ စစ္အုပ္စု လုယက္ ဓားျပတိုက္ မီးရႈိ႕လို႔ ေျမာင္ႏွင့္ ေရစႀကိဳမွာ ယခုလ (၁၀)ရက္အတြင္း ေက်း႐ြာ(၁၄)႐ြာ မီးေလာင္ျပာက်ခဲ့ပါတယ္

မြောင်မှာ မိုင်းကွင်းပေါ် လာရပ်တဲ့ စစ်အုပ်စုကို ဖောက်ခွဲရာ လေးယောက် သေ၊ နှစ်ယောက် ဒဏ်ရာရ၊

MFP ၊ ႏိုဝင္ဘာ – ၁၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှ လုယက် ဓားပြတိုက် မီးရှို့ပြီး ခိုးရာပါ ပစ္စည်းတွေ သယ်ထုတ်နေတဲ့ စစ်အုပ်စုကို ယမန်နေ့က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဒဲ့ထိပြီး စကစ လေးယောက် ပွဲချင်းပြီး သေကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်လို့ မြောင်နယ် 11 Brothers Revolution Force က သတင်း ထုတ်ပြန်ပါတယ်

“မိုင်းကွင်းပေါ် ရောက်လာတဲ့ ခွေးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အနီးကပ် လုပ်ဆောင်ခဲ့တာပါ” လို့ 11 BRF တပ်ဖွဲ့ဝင် ရဲဘော်က MFP ကို ပြောပါတယ်

နိုဝင်ဘာ(၁၄)ရက် မနက်(၁၁)နာရီကျော်က မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းထဲက ထွက်လာပြီး ခိုးရာပါ ပစ္စည်းတွေ သယ်ယူနေတဲ့ စစ်အုပ်စုကို 11 Brothers Revolution Force၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် နှင့် ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့ တို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“ကျောက်ရစ်ခွေးခြံမှ ပစ္စည်းများ ခိုးယူရန် ထွက်လာသော စခများကို လမ်းတစ်နေရာ အရောက်တွင် ကျွန်တော်တို့ 11 BRF မှ ဦးဆောင်ပြီး မဟာမိတ်များမှ အညာထန်းသီးခိုင်များဖြင့် ဧည့်ခံလိုက်ရာ ခွေး ခြောက်ကောင် ထိမှန်၍ သုံးကောင်မှာ နေရာတွင် ငရဲသို့ ရောက်သွားခဲ့ပြီး ခွေးတစ်ကောင်မှာ ခွေးခြံအတွင်းသို့ ရောက်ရှိသွားချိန်မှ ငရဲသို့ဆင်းသွားသည် ကျန် နှစ်ကောင်မှာ ငရဲသို့ မျက်စောင်ထိုးနေသည်ဟု သတင်းရရှိပါသည်” လို့ မြောင် 11 BRF က ဖော်ပြပါတယ်

စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ မြောင်နှင့် ရေစကြိုနယ် ရေလည်ကျွန်းဒေသက ရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့နေတာ ဖြစ်ပါတယ် စစ်အုပ်စု လုယက် ဓားပြတိုက် မီးရှို့လို့ မြောင်နှင့် ရေစကြိုမှာ ယခုလ (၁၀)ရက်အတွင်း ကျေးရွာ(၁၄)ရွာ မီးလောင်ပြာကျခဲ့ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *