ျပန္လႊတ္ေပးတာထဲ ႏိုင္ငံေရးသမားနည္းနည္း…ခိုး-ဆိုး-လု-ႏႈိ-က္ မ်ားမ်ားေရာလြတ္တာ သတိထားရမယ္

စစ္ေကာင္စီ ျပန္လႊတ္ေပးတဲ့ အက်ဥ္းသား ၅,၇၀၀ ေက်ာ္အနက္ ႏိုင္ငံေရးပုဒ္မနဲ႔ တရားစြဲေထာင္ခ်ခံရသူ ၇၀၀ ခန႔္သာပါဝင္

မဲေခါင္၊ ႏိုဝင္ဘာ ၁၇

ႏိုင္ငံ အႏွံ႔အျပားမွာရွိတဲ့ အက်ဥ္းေထာင္ေတြကေန ဒီကေန႔ မနက္ပိုင္းက စတင္ၿပီး အက်ဥ္းက်ခံေနရသူ ၅,၇၇၄ ဦးကို စစ္ေကာင္စီက ျပန္လႊတ္ေပးရာမွာ ႏိုင္ငံေရး ပုဒ္မေတြနဲ႔ ဖမ္းဆီး တရားစြဲဆို ေထာင္က်ခံေနရသူ ၇၀၀ ဝန္းက်င္သာ ပါတယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားေတြကို ကူညီေပးေနသူ တစ္ဦးက ေျပာပါတယ္

“က်ေနာ္တို႔ ရထားတဲ့ စာရင္းအရေတာ့ ႏိုင္ငံေရး ပုဒ္မသမားက ၇၀၀ ဝန္းက်င္ပဲ ပါတယ္ က်န္တာကေတာ့ ေဆးမႈ၊ လုယက္၊ လူသတ္မႈ အဲဒီလို ရာဇဝတ္မႈေတြနဲ႔ ေထာင္က်ေနတဲ့ သူေတြပါပဲ အေသးစိတ္ စာရင္းကေတာ့ ျပဳစုေနတုန္းပဲ” လို႔ ႏိုင္ငံေရး အက်ဥ္းသားေတြကို ကူညီေပးေနသူ တစ္ဦးက မဲေခါင္သတင္းကို ေျပာပါတယ္

စစ္ေကာင္စီက ဒီကေန႔မွာ ဩစေတးလ်စီးပြားေရး ပညာရွင္ မစၥတာေရွာင္တာနယ္ ၊ ၿဗိတိန္ သံအမတ္ဟာင္ မစၥဗစ္ကီဘိုမင္း၊ ဂ်ပန္ ဒါ႐ိုက္တာ မစၥတာတို႐ိုကူဘိုတာ ၊ အေမရိကန္ ႏိုင္ငံသား ေက်ာ္ေဌးဦးနဲ႔ မစၥဗစ္ကီဘိုမင္းရဲ႕ အမ်ိဳးသား ပန္းခ်ီထိန္လင္း တို႔ကို ျပန္လႊတ္ေပးၿပီး ျပည္ႏွင္ဒဏ္ေပးခဲ့တယ္လို႔ သိရပါတယ္

ျပန္လြတ္လာသူေတြထဲမွာ ပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲ ခံထားရတဲ့ အႏုပညာရွင္ ဘုန္းသိုက္၊ ေဖြးေဖြး၊ ေဟမာန္သူသူေအာင္၊ မယ္မင္းဘုံ၊ စုမြန္၊ နီနီခင္ေဇာ္၊ သီဟၿဖိဳး၊ ယြန္းဝတီလြင္မိုး၊ သဇင္ထူးျမင့္၊ ထက္ထက္ထြန္း၊ နန္းခင္ေဇယ်ာ တို႔ ၁၁ ဦးလည္း ပါဝင္ပါတယ္

MeKongNews

ပြန်လွှတ်ပေးတာထဲ နိုင်ငံရေးသမားနည်းနည်း…ခိုး-ဆိုး-လု-နှို-က် များများရောလွတ်တာ သတိထားရမယ်

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၅,၇၀၀ ကျော်အနက် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲထောင်ချခံရသူ ၇၀၀ ခန့်သာပါဝင်

မဲခေါင်၊ နိုဝင်ဘာ ၁၇

နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး အကျဉ်းကျခံနေရသူ ၅,၇၇၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးရာမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆို ထောင်ကျခံနေရသူ ၇၀၀ ဝန်းကျင်သာ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်

“ကျနော်တို့ ရထားတဲ့ စာရင်းအရတော့ နိုင်ငံရေး ပုဒ်မသမားက ၇၀၀ ဝန်းကျင်ပဲ ပါတယ် ကျန်တာကတော့ ဆေးမှု၊ လုယက်၊ လူသတ်မှု အဲဒီလို ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့ သူတွေပါပဲ အသေးစိတ် စာရင်းကတော့ ပြုစုနေတုန်းပဲ” လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်

စစ်ကောင်စီက ဒီကနေ့မှာ ဩစတေးလျစီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ် ၊ ဗြိတိန် သံအမတ်ဟာင် မစ္စဗစ်ကီဘိုမင်း၊ ဂျပန် ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ ၊ အမေရိကန် နိုင်ငံသား ကျော်ဌေးဦးနဲ့ မစ္စဗစ်ကီဘိုမင်းရဲ့ အမျိုးသား ပန်းချီထိန်လင်း တို့ကို ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်

ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ ခံထားရတဲ့ အနုပညာရှင် ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ၁၁ ဦးလည်း ပါဝင်ပါတယ်

MeKongNews

 

Leave a Reply

Your email address will not be published. Required fields are marked *