
ရန်ကုန်၊ နိုဝင်ဘာ ၁၆






ဘိလပ်ယက် ထိုးနေသည့် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဘိလပ်ယက်ထိုးနေသည့် စစ်ကောင်စီ တပ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း VaKok-CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကလေးမြို့ တောင်ပိုင်း မြောက်စည်းရွာတွင် ဘိလပ်ယက်ထိုးနေသည့် စစ်ကောင်စီ တပ်သားများကို Vakok-CNDF တပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့အစည်းများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များဘက်မှ MA5 ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၅ လုံးနှင့် ပိုက်ဆံ ၃ သိန်းကျော်ပါဝင်သည့် ပိုက်ဆံအိပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်

“ကလေးမြို့ တောင်ပိုင်း မြောက်စည်းရွာတွင် ဘီလပ်ထိုးသွားကြသော စကစများအား Vakok-Cndfနဲ့ ပူးပေါင်းအဖွဲ့စည်းတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်

စစ်ခွေး ၂ ကောင်သေပြီး MA5 အတိုတစ်လက် 6လုံးပြူးတစ်လက် လက်ပစ်ဗုံး ၂ လုံး ဖုန်း ၅ လုံး ပိုက်ဆံ ၃ သိန်းကျော် ပိုက်ဆံအိပ်တစ်လုံး သိမ်းပိုက်ရရှိနိင်ခဲ့ပါတယ်” ဟု VaKok-CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *