မဂၤလာဒုံၿမိဳ႕နယ္၊ ျပည္လမ္းတြင္ စစ္ေဆးေရးဂိတ္ကို မိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္၊ ေျမာက္ဒဂုံလဝက႐ုံးကိုလည္း ဗုံးခြဲတိုက္ခိုက္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၆

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ျပည္လမ္းတြင္ ျပည္သူမ်ားကို စစ္ေဆးေရးလုပ္ ေနေသာ စစ္တပ္ဂိတ္ကို မိုင္း ၂ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း Young Defense Power Force အဖြဲ႕က ေျပာသည္

ႏိုဝင္ဘာလ ၁၆ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္ အခ်ိန္ မဂၤလာဒုံၿမိဳ႕နယ္ ျပည္လမ္းႏွင့္ ေအာက္ မဂၤလာဒုံလမ္းကို ဆက္သြယ္ထားသည့္ ငါးကန္လမ္းထိပ္အနီးအနားတြင္ ဆိုင္ကယ္မ်ားႏွင့္ ကားမ်ားဖမ္းဆီးစစ္ေဆးေနသည့္ စစ္ေကာင္စီတပ္ ေနရာကို ဂဠဳန္ရာဇာေျပာက္က်ားတပ္ဖြဲ႕ ႏွင့္ YOUNG DEFENCE POWER FORCE YDPF အဖြဲ႕ႏွင့္ အတူပူးေပါင္း၍ အေဝးထိန္းမိုင္း ႏွစ္လုံး ျဖင့္အတူ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္

အလားတူ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၂၅ မိနစ္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ေျမာက္ဒဂုံၿမိဳ႕နယ္လဝက ဦးစီးမႉး႐ုံးကို လႈိင္သာယာလူဝႀကီးအဖြဲ႕ႏွင့္ YUGA-MO1 (Star Light) အဖြဲ႕တို႔က ပူးေပါင္း ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ထိခိုက္မႈ အေျခအေနကို အတည္မျပဳႏိုင္ေသးေၾကာင္း သိရသည္

ထို႔ျပင္ စစ္ေကာင္စီ ေထာက္တိုင္မ်ားျဖစ္သည့္ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ ယႏၲယားမ်ားကို လည္ပတ္ေမာင္းႏွင္ေနၾကသည့္ လူမ်ား အေဆာက္အဦးမ်ားကိုလည္း စစ္ေရး ပစ္မွတ္အျဖစ္ ဆက္လက္ တိုက္ခိုက္အေရးယူ သြားမည္ျဖစ္ေၾကာင္း လႈိင္သာယာလူဝႀကီးအဖြဲ႕ႏွင့္ YUGA-MO1 (Star Light) အဖြဲ႕တို႔က ထုတ္ျပန္ထားသည္

ဓာတ္ပုံ- ရန္ကုန္-ျပည္လမ္းတြင္ ကားႏွင့္ဆိုင္ကယ္မ်ားကို စစ္ေဆးေနေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မြောက်ဒဂုံလဝကရုံးကိုလည်း ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် ပြည်သူများကို စစ်ဆေးရေးလုပ် နေသော စစ်တပ်ဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Young Defense Power Force အဖွဲ့က ပြောသည်

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ် အချိန် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနှင့် အောက် မင်္ဂလာဒုံလမ်းကို ဆက်သွယ်ထားသည့် ငါးကန်လမ်းထိပ်အနီးအနားတွင် ဆိုင်ကယ်များနှင့် ကားများဖမ်းဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ် နေရာကို ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ နှင့် YOUNG DEFENCE POWER FORCE YDPF အဖွဲ့နှင့် အတူပူးပေါင်း၍ အဝေးထိန်းမိုင်း နှစ်လုံး ဖြင့်အတူ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြောက်ဒဂုံမြို့နယ်ရှိ မြောက်ဒဂုံမြို့နယ်လဝက ဦးစီးမှူးရုံးကို လှိုင်သာယာလူဝကြီးအဖွဲ့နှင့် YUGA-MO1 (Star Light) အဖွဲ့တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်

ထို့ပြင် စစ်ကောင်စီ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယန္တယားများကို လည်ပတ်မောင်းနှင်နေကြသည့် လူများ အဆောက်အဦးများကိုလည်း စစ်ရေး ပစ်မှတ်အဖြစ် ဆက်လက် တိုက်ခိုက်အရေးယူ သွားမည်ဖြစ်ကြောင်း လှိုင်သာယာလူဝကြီးအဖွဲ့နှင့် YUGA-MO1 (Star Light) အဖွဲ့တို့က ထုတ်ပြန်ထားသည်

ဓာတ်ပုံ- ရန်ကုန်-ပြည်လမ်းတွင် ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ

 

Leave a Reply

Your email address will not be published. Required fields are marked *