ဧရာဝတီျမစ္ထဲ ေရျမဳပ္မိုင္း စမ္းသပ္ရင္း မေတာ္တဆျဖစ္ကာ ျပည္သူ႔ရဲေဘာ္ သုံးဦး က်ဆုံး၊

MFP ၊ ႏိုဝငာၻ – ၁၆

မႏၲေလးတိုင္း မတၱရာနယ္ ဧရာဝတီျမစ္ထဲမွာ ယမန္ေန႔က ေရျမဳပ္မိုင္း စမ္းသပ္ရင္း မေတာ္တဆမႈျဖစ္ကာ ျပည္သူ႔ရဲေဘာ္ သုံးဦး က်ဆုံးခဲ့ရတယ္လို႔ ေကာင္းကင္ ေတာ္လွန္ေရး အင္အားစုက MFP ကို ေျပာပါတယ္

ႏိုဝင္ဘာ(၁၁)ရက္က ဧရာဝတီျမစ္အတြင္း ေရျမဳပ္မိုင္း စမ္းသပ္ရင္း မေတာ္တဆ ျဖစ္ကာ ျပည္သူ႔ရဲေဘာ္ သုံးဦး က်ဆုံးခဲ့ရေၾကာင္းႏွင့္ က်ဆုံးရဲေဘာ္ေတြဟာ ရဲေဘာ္ ဖိုးသား (ေကာင္းကင္ ေတာ္လွန္ေရးအင္အားစု)၊ ရဲေဘာ္ DMW (ေဒါင္းစစ္သည္ မတၱရာ)ႏွင့္ ရဲေဘာ္ ဘရိတ္ (NGUFF. မႏၲေလး) တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္

“နည္းပညာ၊ ပစၥည္း မျပည့္စုံမူမ်ားစြာနဲ႔ စကစကို ေတာ္လွန္ေနေသာ ရဲေဘာ္မ်ားအား ေလးစားဂုဏ္ယူေနပါတယ္။ ေသြးမေအးဘဲ ေသြးေႂကြးဆပ္ပါမယ္လို႔ ရဲေဘာ္တို႔ကို ကတိေပးပါတယ္ က်ဆုံးသြားေသာ ရဲေဘာ္မ်ား ေကာင္းရာ သုဂတိလားပါေစ” လို႔ မတၱရာ ေကာင္းကင္ေတာ္လွန္ေရး အင္အားစုက ေဖာ္ျပပါတယ္

ႏိုင္ငံတဝန္းက ျပည္သူ႔ကာယ္ေရး တပ္ဖြဲ႕ေတြနဲ႔ ေျပာက္က်ားရဲေဘာ္ေတြဟာ လက္နက္ခဲယမ္း အျပည့္အစုံဘဲ ဖက္ဆစ္တပ္ အျမစ္ျဖတ္ေရး တိုက္ပြဲဝင္ေနၾကၿပီး လက္နက္ခဲယမ္း စမ္းသပ္ထုတ္လုပ္ရင္းနဲ႔ အသက္ေသဆုံးတာ၊ ကိုယ္လက္အဂၤါဆုံးရႈံးတာေတြ မၾကာခဏ ႀကဳံေနရပါတယ္

ဧရာဝတီျမစ္အတြင္း ေျမျမဳပ္မိုင္း စမ္းသပ္ရင္း မေတာ္တဆျဖစ္ကာ က်ဆုံးခဲ့တဲ့ ရဲေဘာ္ ဖိုးသား (ေကာင္းကင္ ေတာ္လွန္ေရးအင္အားစု)/Photo – မတၱရာ ေကာင္းကင္း ေတာ္လွန္ေရးအင္အားစု

ဧရာဝတီမြစ်ထဲ ရေမြုပ်မိုင်း စမ်းသပ်ရင်း မတော်တဆဖြစ်ကာ ပြည်သူ့ရဲဘော် သုံးဦး ကျဆုံး၊

MFP ၊ ႏိုဝင္ဘာ – ၁၆

မန္တလေးတိုင်း မတ္တရာနယ် ဧရာဝတီမြစ်ထဲမှာ ယမန်နေ့က ရေမြုပ်မိုင်း စမ်းသပ်ရင်း မတော်တဆမှုဖြစ်ကာ ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့ရတယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက MFP ကို ပြောပါတယ်

နိုဝင်ဘာ(၁၁)ရက်က ဧရာဝတီမြစ်အတွင်း ရေမြုပ်မိုင်း စမ်းသပ်ရင်း မတော်တဆ ဖြစ်ကာ ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်းနှင့် ကျဆုံးရဲဘော်တွေဟာ ရဲဘော် ဖိုးသား (ကောင်းကင် တော်လှန်ရေးအင်အားစု)၊ ရဲဘော် DMW (ဒေါင်းစစ်သည် မတ္တရာ)နှင့် ရဲဘော် ဘရိတ် (NGUFF. မန္တလေး) တို့ ဖြစ်တယ်လို့ ဆိုပါတယ်

“နည်းပညာ၊ ပစ္စည်း မပြည့်စုံမူများစွာနဲ့ စကစကို တော်လှန်နေသော ရဲဘော်များအား လေးစားဂုဏ်ယူနေပါတယ်။ သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ် ကျဆုံးသွားသော ရဲဘော်များ ကောင်းရာ သုဂတိလားပါစေ” လို့ မတ္တရာ ကောင်းကင်တော်လှန်ရေး အင်အားစုက ဖော်ပြပါတယ်

နိုင်ငံတဝန်းက ပြည်သူ့ကာယ်ရေး တပ်ဖွဲ့တွေနဲ့ ပြောက်ကျားရဲဘော်တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံဘဲ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေကြပြီး လက်နက်ခဲယမ်း စမ်းသပ်ထုတ်လုပ်ရင်းနဲ့ အသက်သေဆုံးတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေ မကြာခဏ ကြုံနေရပါတယ်

ဧရာဝတီမြစ်အတွင်း မြေမြုပ်မိုင်း စမ်းသပ်ရင်း မတော်တဆဖြစ်ကာ ကျဆုံးခဲ့တဲ့ ရဲဘော် ဖိုးသား (ကောင်းကင် တော်လှန်ရေးအင်အားစု)/Photo – မတ္တရာ ကောင်းကင်း တော်လှန်ရေးအင်အားစု

 

Leave a Reply

Your email address will not be published. Required fields are marked *