
သံလွင်ခက်။
နိုဝင်ဘာ ၁၅၊ ၂၀၂၂။




အဆိုတော် စောဖိုးခွား ပြန်လည်ဖမ်းဆီးခံရ

သံလွင်ခက်။
နိုဝင်ဘာ ၁၅၊ ၂၀၂၂။

အဆိုတော် စောဖိုးခွားကို ယနေ့ နိုဝင်ဘာ ၁၅ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးပြီးညနေပိုင်း၌ ပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ထပ်မံတရားစွဲဆိုထားသည့် အမှုရှိသည့်အတွက် ပြန်လည် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရက ဘီဘီစီသတင်းဌာနကို ဖြေကြားထားသည်။

စောဖိုးခွားကို ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ( ခ )နှင့် သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ ( က ) ဖြင့် တရားဆွဲဆိုကာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *