စစ္ေရးပစ္မွတ္ မဟုတ္ေသာ ဘုရားသုံးဆူၿမိဳ႕ မိုင္းလုပ္ကြက္ကို သိလ်က္ျဖင့္ စစ္ေလယာဥ္ျဖင့္ ဗုံးက်ဲဟု အၾကမ္းဖက္ ေဇာ္မင္းထြန္း ဝန္ခံ၊ ႏိုင္ငံျခားသားမ်ား ေသဆုံးလွ်င္လည္း စစ္တပ္တြင္ တာဝန္မရွိဟုဆို

ရန္ကုန္၊ ႏိုဝင္ဘာ ၁၆

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕ရွိ မိုင္းလုပ္ကြက္မ်ားကို စစ္တပ္ကေလယာဥ္ျဖင့္ ဗုံးက်ဲျခင္းသည္ စစ္ေရးပစ္မွတ္မဟုတ္သည္ကို သိလ်က္ျဖင့္ တရားမဝင္ လုပ္ကိုင္ေန၍ လုံၿခဳံေရးအရ ရွင္းလင္းျခင္းျဖစ္ေၾကာင္း အၾကမ္းဖက္ စစ္ေကာင္စီေျပာခြင့္ရ ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆိုဝန္ခံလိုက္သည္

“ဘုရားသုံးဆူေဒသမွာ အစိုးရဘက္က တရားဝင္ခြင့္ျပဳထားတဲ့ သတၱဳရွာေဖြေရး၊ သတၱဳတူးေဖာ္ေရး လုပ္ငန္းမရွိဘူးလို႔ ေျပာခ်င္ပါတယ္ ယခင္ကေတာ့ ရွိခဲ့ဖူးပါတယ္ ယခင္က အဲဒီဘက္မွာ ၂၀၁၆ မတိုင္ခင္က ရွိခဲ့ဖူးတယ္။ တခ်ိဳ႕ မိုင္းတြင္းေတြရွိခဲ့ဖူးတယ္ သျပဳသတၱဴတူးေဖာ္ေရး ကုမၼဏီ လီမိတက္က လုပ္တဲ့ မိုင္းတြင္းတခ်ိဳ႕ရွိခဲ့ဖူးတယ္

ဒီျပင္ ကုမၼဏီက လုပ္ခဲ့ဖူးတဲ့ မိုင္းတြင္းတခ်ိဳ႕ရွိခဲ့ဖူးတယ္ သူတို႔သည္ က်ေနာ္တို႔ ဒါ ၁၁ ရက္ ၁၂လ ၂၀၁၆ ခုႏွစ္ရက္ေန႔မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့ၿပီျဖစ္တယ္ သက္တမ္းကုန္ဆုံးတဲ့အတြက္ အစိုးရကို ေလွ်ာက္ထားတယ္

အစိုးရအေနနဲ႔လည္း မိုင္းတြင္းေတြမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးလို႔ ပယ္ဖ်က္ခဲ့ၿပီးျဖစ္တယ္ KNU တပ္မဟာ ၆ နဲ႔ ဆက္စပ္ၿပီးေတာ့ လုပ္ငန္းေတြကို ဆက္စပ္လုပ္ကိုင္ေနတာျဖစ္တယ္” ဟု ေဇာ္မင္းထြန္းက မီဒီယာမ်ားသို႔ ေျပာသည္

KNU တပ္မဟာ ၆ ကပင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းကို ေဆာင္႐ြက္ေနေၾကာင္း၊ စစ္ေရးပစ္မွတ္မဟုတ္သည့္တိုင္ လုံၿခဳံေရးအရ တရားမဝင္လုပ္ငန္းမ်ားျဖစ္၍ ေလယာဥ္ျဖင့္ ဗုံးက်ဲျခင္းျဖစ္သည္ဆိုေသာ သေဘာထားကို ေဇာ္မင္းထြန္းက ေျပာဆိုသြားသည္

“လုံၿခဳံေရးအရ တရားမဝင္ အဖ်က္အေမွာက္လုပ္ငန္းေတြ ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ႏိုင္ငံျခားသားေတြ ေသတယ္ဆိုတဲ့ သတင္းမ်ိဳးေတြလည္း တက္လာတာ ေတြ႕ရတယ္

က်ေနာ္တို႔ အတည္မျပဳႏိုင္ျခင္းမရွိပါဘူး ရွိခဲ့ရင္လည္း တရား မဝင္လုပ္ငန္းကို လာေရာက္ၿပီးေတာ့ လုပ္ကိုင္ေနတဲ့လူေတြပဲ ျဖစ္ပါတယ္ အဲဒီလူေတြ ဘယ္လိုေရာက္ေနလဲ ဘယ္သူေတြ ေခၚလာလဲဆိုတာ အဲဒီနယ္ေျမမွာ လႈပ္ရွားေနတဲ့ KNU တပ္မဟာ ၆ မသိဘဲနဲ႔ ေရာက္လာစရာမရွိဘူးလို႔ေျပာခ်င္ပါတယ္” ဟု ေဇာ္မင္းထြန္းက ဆိုသည္

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ သျပဳေက်း႐ြာအနီးရွိ ခဲသတၱဳတူးေဖာ္သည့္ မိုင္းလုပ္ကြက္ တစ္ခုကို စစ္ေကာင္စီက တိုက္ ေလ ယာဥ္ ၂ စီးျဖင့္ ႏိုဝင္ဘာလ ၁၆ ရက္ ယေန႔ နံနက္ အေစာပိုင္းတြင္ ဗုံးက်ဲတိုက္ ခိုက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ အနည္းဆုံး ၃ ဦး ေသဆုံးကာ လူ ၈ ဦး ဒဏ္ရာရေၾကာင္း KNU သတင္းရင္းျမစ္ႏွင့္ေဒသခံမ်ားထံမွ သိရွိရသည္

စစ်ရေးပစ်မှတ် မဟုတ်သော ဘုရားသုံးဆူမြို့ မိုင်းလုပ်ကွက်ကို သိလျက်ဖြင့် စစ်လေယာဉ်ဖြင့် ဗုံးကျဲဟု အကြမ်းဖက် ဇော်မင်းထွန်း ဝန်ခံ၊ နိုင်ငံခြားသားများ သေဆုံးလျှင်လည်း စစ်တပ်တွင် တာဝန်မရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မိုင်းလုပ်ကွက်များကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲခြင်းသည် စစ်ရေးပစ်မှတ်မဟုတ်သည်ကို သိလျက်ဖြင့် တရားမဝင် လုပ်ကိုင်နေ၍ လုံခြုံရေးအရ ရှင်းလင်းခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုဝန်ခံလိုက်သည်

“ဘုရားသုံးဆူဒေသမှာ အစိုးရဘက်က တရားဝင်ခွင့်ပြုထားတဲ့ သတ္တုရှာဖွေရေး၊ သတ္တုတူးဖော်ရေး လုပ်ငန်းမရှိဘူးလို့ ပြောချင်ပါတယ် ယခင်ကတော့ ရှိခဲ့ဖူးပါတယ် ယခင်က အဲဒီဘက်မှာ ၂၀၁၆ မတိုင်ခင်က ရှိခဲ့ဖူးတယ်။ တချို့ မိုင်းတွင်းတွေရှိခဲ့ဖူးတယ် သပြုသတ္တူတူးဖော်ရေး ကုမ္မဏီ လီမိတက်က လုပ်တဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ်

ဒီပြင် ကုမ္မဏီက လုပ်ခဲ့ဖူးတဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ် သူတို့သည် ကျနော်တို့ ဒါ ၁၁ ရက် ၁၂လ ၂၀၁၆ ခုနှစ်ရက်နေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တယ် သက်တမ်းကုန်ဆုံးတဲ့အတွက် အစိုးရကို လျှောက်ထားတယ်

အစိုးရအနေနဲ့လည်း မိုင်းတွင်းတွေမှာ စာချုပ်သက်တမ်းကုန်ဆုံးလို့ ပယ်ဖျက်ခဲ့ပြီးဖြစ်တယ် KNU တပ်မဟာ ၆ နဲ့ ဆက်စပ်ပြီးတော့ လုပ်ငန်းတွေကို ဆက်စပ်လုပ်ကိုင်နေတာဖြစ်တယ်” ဟု ဇော်မင်းထွန်းက မီဒီယာများသို့ ပြောသည်

KNU တပ်မဟာ ၆ ကပင် သတ္တုတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်နေကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့်တိုင် လုံခြုံရေးအရ တရားမဝင်လုပ်ငန်းများဖြစ်၍ လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်သည်ဆိုသော သဘောထားကို ဇော်မင်းထွန်းက ပြောဆိုသွားသည်

“လုံခြုံရေးအရ တရားမဝင် အဖျက်အမှောက်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ သေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း တက်လာတာ တွေ့ရတယ်

ကျနော်တို့ အတည်မပြုနိုင်ခြင်းမရှိပါဘူး ရှိခဲ့ရင်လည်း တရား မဝင်လုပ်ငန်းကို လာရောက်ပြီးတော့ လုပ်ကိုင်နေတဲ့လူတွေပဲ ဖြစ်ပါတယ် အဲဒီလူတွေ ဘယ်လိုရောက်နေလဲ ဘယ်သူတွေ ခေါ်လာလဲဆိုတာ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ ၆ မသိဘဲနဲ့ ရောက်လာစရာမရှိဘူးလို့ပြောချင်ပါတယ်” ဟု ဇော်မင်းထွန်းက ဆိုသည်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက် လေ ယာဉ် ၂ စီးဖြင့် နိုဝင်ဘာလ ၁၆ ရက် ယနေ့ နံနက် အစောပိုင်းတွင် ဗုံးကျဲတိုက် ခိုက်မှုကြောင့် တရုတ်နိုင်ငံသားများ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *