ဘုရားသုံးဆူၿမိဳ႕နယ္ရွိ သျပဳ သတၱဳမိုင္းကို စစ္တပ္က တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲခ်မႈ တ႐ုတ္ႏိုင္ငံသားမ်ားအပါအဝင္ ၃ ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရ

ရန္ကုန္၊ ႏိုဝင္ဘာ ၁၆

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕နယ္၊ သျပဳေက်း႐ြာအနီးရွိ ခဲသတၱဳတူးေဖာ္သည့္ မိုင္းလုပ္ကြက္တစ္ခုကို စစ္ေကာင္စီက တိုက္ေလယာဥ္ ၂ စီးျဖင့္ ႏိုဝင္ ဘာလ ၁၆ ရက္ ယေန႔ နံနက္ အေစာပိုင္းတြင္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ သတၱဳမိုင္းရွိ အေဆာက္အဦးမ်ား ပ်က္စီးၿပီး တ႐ုတန္ႏိုင္ငံသားမ်ား အပါအဝင္ အနည္းဆုံး ၃ ဦး ေသဆုံးကာ ၈ ဦး ဒဏ္ရာရေၾကာင္း KNU သတင္းရင္းျမစ္ႏွင့္ေဒသခံမ်ားထံမွ သိရွိရသည္

ႏိုဝင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၁ နာရီ ၃၀ မိနစ္အခ်ိန္တြင္ တိုက္ေလယာဥ္မ်ားျဖင့္ အဆိုပါ မိုင္းတြင္းကို ဗုံးက်ဲသြားျခင္းျဖစ္ၿပီး အဆိုပါ မိုင္းတြင္းသည္ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ျမန္မာလုပ္ငန္းရွင္မ်ား ပူးတြဲ လုပ္ကိုင္ေနေသာ မိုင္းတြင္း လုပ္ကြက္မ်ားျဖစ္ေၾကာင္း သိရွိရသည္

“အဲဒီမိုင္းတြင္းက KNU နဲ႔မပတ္သက္ဘူး။ ျမန္မာအစိုးရဆီမွာ လုပ္ကြက္ကို တရားဝင္ တင္ျပၿပီး လုပ္ရတဲ့ သတၱဳမိုင္းတြင္းေတြ တပ္မဟာ ၆ နယ္ေျမထဲမွာ ရွိေနတာ ဘာတိုက္ပြဲမွ မရွိဘဲ ညက ေလယာဥ္နဲ႔လာပစ္သြားတာပါ။ အဲဒါ အရင္ ေခတ္အဆက္ဆက္အစိုးရေတြဆီမွာ လုပ္ကြက္တင္ၿပီး တူးေဖာ္ရတဲ့ သတၱဳတြင္း လုပ္ကြက္ေတြပါ ေသတဲ့အထဲမွာ တ႐ုတ္ႏိုင္ငံသားေတြ ပါသြားတယ္” ဟု KNU သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

သျပဳသတၱဳမိုင္းတြင္းလုပ္ကြက္မ်ားသည္ စစ္ေကာင္စီ၏ ခြင့္ျပဳခ်က္ျဖင့္ လုပ္ကိုင္ေနေသာ မိုင္းတြင္းျဖစ္သည္ဟု စစ္ေကာင္စီသတင္းရင္းျမစ္ကလည္း အတည္ျပဳသည္

ဗုံးက်ဲတိုက္ခိုက္ခဲ့ေသာ တိုက္ေလယာဥ္မ်ားသည္ ေမွာ္ဘီေလတပ္စခန္းမွျဖစ္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းရင္းျမစ္ထံမွ သိရွိရသည္

“မနက္ ၂ နာရီခြဲေလာက္မွာ ေမွာ္ဘီကို တိုက္ေလယာဥ္ေတြ ျပန္ဆင္းတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္တစ္ဦးက ေျပာဆိုသည္

ဘုရားသုံးဆူၿမိဳ႕အနီး၊ သျပဳသတၱဳမိုင္းတြင္ ႏိုင္ငံျခား ကုမၸဏီမ်ား၊ ေဒသလုပ္ငန္းရွင္းမ်ား ပိုင္ဆိုင္သည့္ ကုမၸဏီမ်ား ရွိၿပီး ခေနာက္စိမ္းကဲ့သို႔ ခဲသတၱဳမ်ား တူးေဖာ္လုပ္ကိုင္ေနၾကေၾကာင္း စုံစမ္းသိရွိရသည္

အဆိုပါေဒသသည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆၊ ဒူးပလာယာခ႐ိုင္ အုပ္ခ်ဳပ္နယ္ေျမအတြင္း တည္ရွိၿပီး အၾကမ္းဖက္စစ္တပ္ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕ၾကား တိုက္ပြဲမ်ား ေန႔စဥ္နီးပါး ျဖစ္ပြားလွ်က္ရွိသည္

ဘုရားသုံးဆူမြို့နယ်ရှိ သပြု သတ္တုမိုင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် နိုဝင် ဘာလ ၁၆ ရက် ယနေ့ နံနက် အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သတ္တုမိုင်းရှိ အဆောက်အဦးများ ပျက်စီးပြီး တရုတန်နိုင်ငံသားများ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် တိုက်လေယာဉ်များဖြင့် အဆိုပါ မိုင်းတွင်းကို ဗုံးကျဲသွားခြင်းဖြစ်ပြီး အဆိုပါ မိုင်းတွင်းသည် တရုတ်နိုင်ငံသားများနှင့် မြန်မာလုပ်ငန်းရှင်များ ပူးတွဲ လုပ်ကိုင်နေသော မိုင်းတွင်း လုပ်ကွက်များဖြစ်ကြောင်း သိရှိရသည်

“အဲဒီမိုင်းတွင်းက KNU နဲ့မပတ်သက်ဘူး။ မြန်မာအစိုးရဆီမှာ လုပ်ကွက်ကို တရားဝင် တင်ပြပြီး လုပ်ရတဲ့ သတ္တုမိုင်းတွင်းတွေ တပ်မဟာ ၆ နယ်မြေထဲမှာ ရှိနေတာ ဘာတိုက်ပွဲမှ မရှိဘဲ ညက လေယာဉ်နဲ့လာပစ်သွားတာပါ။ အဲဒါ အရင် ခေတ်အဆက်ဆက်အစိုးရတွေဆီမှာ လုပ်ကွက်တင်ပြီး တူးဖော်ရတဲ့ သတ္တုတွင်း လုပ်ကွက်တွေပါ သေတဲ့အထဲမှာ တရုတ်နိုင်ငံသားတွေ ပါသွားတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

သပြုသတ္တုမိုင်းတွင်းလုပ်ကွက်များသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော မိုင်းတွင်းဖြစ်သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်ကလည်း အတည်ပြုသည်

ဗုံးကျဲတိုက်ခိုက်ခဲ့သော တိုက်လေယာဉ်များသည် မှော်ဘီလေတပ်စခန်းမှဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်ထံမှ သိရှိရသည်

“မနက် ၂ နာရီခွဲလောက်မှာ မှော်ဘီကို တိုက်လေယာဉ်တွေ ပြန်ဆင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်

ဘုရားသုံးဆူမြို့အနီး၊ သပြုသတ္တုမိုင်းတွင် နိုင်ငံခြား ကုမ္ပဏီများ၊ ဒေသလုပ်ငန်းရှင်းများ ပိုင်ဆိုင်သည့် ကုမ္ပဏီများ ရှိပြီး ခနောက်စိမ်းကဲ့သို့ ခဲသတ္တုများ တူးဖော်လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိသည်

 

Leave a Reply

Your email address will not be published. Required fields are marked *