ဧရာဝတီတိုင္းျမန္မာ့သစ္လုပ္ငန္းမွ စစ္​ေကာင္စီဝန္ထမ္းတစ္ဦး ေတာဆင္႐ိုင္းအနင္းခံရ၍ ေသဆုံး

အိုက္ေမာင္/People’s Spring

ဧရာဝတီတိုင္းေဒသႀကီး ျမန္မာ့သစ္လုပ္ငန္းမွ စစ္​ေကာင္စီဝန္ထမ္းတစ္ဦး တာဝန္ထမ္းေဆာင္ေနခ်ိန္ ေတာဆင္႐ိုင္း အနင္းခံရ၍ ေသဆုံးသြားေၾကာင္း သစ္ေတာဝန္ထမ္းအသိုင္းအဝိုင္းမွ သတင္းရရွိသည္

ပုသိမ္ၿမိဳ႕နယ္အတြင္း တာဝန္က်ေနသည့္ဧရာဝတီတိုင္းေဒသႀကီး ျမန္မာ့သစ္လုပ္ငန္းမွ ဦးေမာင္ေမာင္စိုးသည္ ေတာဆင္႐ိုင္းေမာင္းသည့္ တာဝန္ထမ္းေဆာင္ေနစဥ္ ဆင္း႐ိုင္းက နင္းသတ္သြားျခင္းဟု သစ္ေတာဝန္ထမ္းတစ္ဦးက ေျပာသည္

” ျဖစ္တာက ေအာက္တိုဘာလထဲမွာဗ် ဆင္႐ိုင္းေမာင္းရင္း ဆင္႐ိုင္းက အႏၲရာယ္ျပဳတာ။ နင္းသတ္သြားတာ။ ဒီေန႔ေတာ့ သူ႔အတြက္ လူမူဖူလုံေရး ေထာက္ပံ့ေၾကးဆိုၿပီး လာေပးတယ္” ဟု ပုသိမ္ၿမိဳ႕မွ သစ္ေတာဝန္ထမ္းတစ္ဦးက ေျပာသည္

ဦးေမာင္ေမာင္စိုးအတြက္ လူမူဖူလုံေရး ေထာက္ပံ့ေၾကးေငြ က်ပ္သိန္း ၉၀ကို ပုသိမ္ၿမိဳ႕သစ္ေတာ႐ုံးတြင္ ယမန္ေန႔(ႏိုဝင္ဘာလ ၁၅ရက္)တြင္ ေပးအပ္ခဲ့ျခင္းျဖစ္သည္

ဦးေမာင္ေမာင္စိုးသည္ ပုသိမ္ၿမိဳ႕နယ္၊ ဆင္ဝိုင္းေက်း႐ြာတြင္ ေနထိုင္သူျဖစ္သည္။စစ္​ေကာင္စီလက္​ေအာက္တြင္တာဝန္ဆက္လက္ထမ္း​ေဆာင္​ေန​ေသာ Non CDM သစ္ေတာဝန္ထမ္းတစ္ဦးျဖစ္ၿပီး ဝန္ထမ္းသက္တမ္း ႏွစ္(၂ဝ)ခန္႔အေတြ႕အႀကဳံရွိသည္ဟု ၎၏ မိတ္ေဆြအခ်ိဳ႕ကေျပာသည္

ဆင္ျဖဴေတာ္ကိုလိုက္ရွာၾကရန္ဖိအား​ေပး​ေန​ေသာ အာဏာသိမ္း စစ္​​ေကာင္စီက သစ္ေတာနယ္ေျမမ်ားအတြင္း ဆင္ျဖဴေတာ္ရွာခိုင္းသည့္အတြက္လည္း စိတ္ပ်က္ရေၾကာင္း သစ္ေတာဝန္ထမ္းအခ်ိဳ႕က ေျပာသည္

(လူမူဖူလုံေရး ေထာက္ပံ့ေၾကးေငြေပးအပ္ေနစဥ္၊ ဓာတ္ပုံ – CJ)

ဧရာဝတီတိုင်းမြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တောဆင်ရိုင်းအနင်းခံရ၍ သေဆုံး

အိုက်မောင်/People’s Spring

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေချိန် တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးသွားကြောင်း သစ်တောဝန်ထမ်းအသိုင်းအဝိုင်းမှ သတင်းရရှိသည်

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်

” ဖြစ်တာက အောက်တိုဘာလထဲမှာဗျ ဆင်ရိုင်းမောင်းရင်း ဆင်ရိုင်းက အန္တရာယ်ပြုတာ။ နင်းသတ်သွားတာ။ ဒီနေ့တော့ သူ့အတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးဆိုပြီး လာပေးတယ်” ဟု ပုသိမ်မြို့မှ သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်

ဦးမောင်မောင်စိုးအတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉၀ကို ပုသိမ်မြို့သစ်တောရုံးတွင် ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်)တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်

ဦးမောင်မောင်စိုးသည် ပုသိမ်မြို့နယ်၊ ဆင်ဝိုင်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင်တာဝန်ဆက်လက်ထမ်း​ဆောင်​နေ​သော Non CDM သစ်တောဝန်ထမ်းတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း နှစ်(၂ဝ)ခန့်အတွေ့အကြုံရှိသည်ဟု ၎င်း၏ မိတ်ဆွေအချို့ကပြောသည်

ဆင်ဖြူတော်ကိုလိုက်ရှာကြရန်ဖိအား​ပေး​နေ​သော အာဏာသိမ်း စစ်​​ကောင်စီက သစ်တောနယ်မြေများအတွင်း ဆင်ဖြူတော်ရှာခိုင်းသည့်အတွက်လည်း စိတ်ပျက်ရကြောင်း သစ်တောဝန်ထမ်းအချို့က ပြောသည်

(လူမူဖူလုံရေး ထောက်ပံ့ကြေးငွေပေးအပ်နေစဥ်၊ ဓာတ်ပုံ – CJ)

 

Leave a Reply

Your email address will not be published. Required fields are marked *