





Dr.Soe Thuya Zaw



ဗဟိုအမျိုးသမီးဆေးရုံ(မန္တလေး) က CDM သူနာပြု ဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ ကြားနေရပါတယ်

သူနာပြုက သူနာပြု အလုပ်လုပ်လို့ ကွပ်မျက်ခံရတာ ဒီနိုင်ငံမှာဘဲ ရှိတယ်

“သက်ပြည့်ပင်စင် မယူချင်တဲ့ စစ်ဗိုလ်တယောက်ကြောင့် ငါတို့ တတိုင်းပြည်လုံး ဒုက္ခရောက်ကြရတယ် ‘’

ရန်သူဟာ ရန်သူပီသစွာနဲ့ သူလုပ်စရာရှိတာတွေကို တဆင့်ပြီး တဆငိ့ လုပ်သွားချိန်မှာ ကျွန်တော်တို့ကရော ဘာတွေ လုပ်ပြီးခဲ့ကြပြီလဲ

ကျဆုံးသွားသူတွေရဲ့ ပခုံးပြောင်းတာဝန်တွေက မင်းတို့ ငါတို့ ပခုံးပေါ်ကို ပိုကျလာပြီလို့ မှတ်ယူပါတယ် ။

ဒေါ်ပိုးသန္တာအောင်ကို လေးလေးမြတ်မြတ် အလေးပြုအပ်ပါတယ် ။

Dr.Soe Thuya Zaw

မြေပြင်မှာ နေ့ရက်တိုင်းဖြတ်သန်းနေရင်းတောင် ရဲဘော်တွေလောက် မပေးဆပ်နိုင်သေးတာမို့ ငါတို့ကတော့ ကိုယ်နိုင်တဲ့ဝန်ကိုထမ်းရင်း ဒီထက်ဘာလုပ်နိုင်မလဲ ဘာဆက်လုပ်ကြမလဲဆိုတဲ့ စိတ်နဲ့ရှင်သန်နေတယ်

ဒီလိုပေးဆပ်မှုတွေမြင်ရတဲ့အခါ နာကျည်းမှုတွေဟာငါတို့အတွက် ဒီလမ်းကိုအင်အားအပြည့်ဆက်လျှောက်နိုင်ဖို့ တွန်းအားဖြစ်စေရမယ်

 

Leave a Reply

Your email address will not be published. Required fields are marked *