နာေရးအိမ္မွာ ဖဲ႐ိုက္ေနသည့္ ယုန္ေလးႏွင့္အဖြဲ႕ ပစ္ခတ္ခံရၿပီး သုံးဦးေ-သ

CJ Platform

နာေရးအိမ္တြင္ ဖဲ႐ိုက္ေနသည့္ စစ္ကိုင္းၿမိဳ႕ တစ္အိမ္တည္းေက်း႐ြာေန အုပ္ခ်ဳပ္ေရးမႉးစံေ႐ႊျမင့္(ခ) ကိုယုန္ေလးအပါအဝင္ ရာအိမ္မႉးႏွစ္ဦး ယမန္ေန႔ ည၁၁ နာရီက ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္ဟု ေဒသခံမ်ားထံမွ သိရသည္

ယမန္ေန႔ည ၁၁ နာရီက တစ္အိမ္တည္းေက်း႐ြာ အေရွ႕ဘက္ထိပ္ရွိ နာေရးအိမ္တစ္ခု၌ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕ကို အမည္မသိေသနတ္ကိုင္ေဆာင္သူေတြက လာေရာက္ပစ္ခတ္ခဲ့၍ ေသဆုံးခဲ့တာျဖစ္သည္ဟု ေဒသခံတစ္ဦးက CJ Platform ကိုေျပာသည္

“ကိုစံေ႐ႊျမင့္တို႔ အဖြဲ႕အပစ္ခံရတယ္ ၿမိဳ႕ေပၚက သတင္းေပးေလာကမွာ သူ႔ကို ကိုယုန္ေလးပဲေခၚၾကတာ သူကဘယ္သြားသြား သူအဖြဲ႕နဲ႔သြားတာ ေျပာရရင္ ဇိုးအထာဖမ္းတာေပါ့ ညက နာေရးအိမ္မွာ ပစ္သြားတာ ရာအိမ္မႉးႏွစ္ဦးေသတယ္ ကိုယုန္ေလးလည္း ေသတယ္”ဟု ေျပာသည္

ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ တစ္အိမ္တည္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစံေ႐ႊျမင့္၊ ရာအိမ္မႉးကိုသီဟႏွင့္ ရာအိမ္မႉးဖိုးတုတ္တို႔ ေသဆုံးသြားသည္ဟု ေက်း႐ြာေနသူတစ္ဦးက CJ Platform ကိုေျပာသည္

“စစ္တပ္က ေထာက္ခံတဲ့သူျဖစ္တာေတာင္ ကိုယုန္ေလးတို႔အဖြဲ႕ကို အေလာင္းလာေကာက္မဲ့သူမရွိဘူး ဒီမနက္မွ လာေကာက္တာ ႐ြာမွာလည္း စစ္ေဆးေနတယ္”ဟု ေျပာသည္

လက္ရွိအေျခအေနတြင္ ေသဆုံးသူ၏ ႐ုပ္အေလာင္းကို စစ္ေကာင္စီက စစ္ကိုင္းၿမိဳ႕နယ္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားၿပီး တစ္အိမ္တည္းေက်း႐ြာကို စစ္ေဆးမႈေတြျပဳလုပ္ေနသည္ဟု ေဒသခံေတြဆီက သိရသည္

🖋ကိုေပါက္

နာရေးအိမ်မှာ ဖဲရိုက်နေသည့် ယုန်လေးနှင့်အဖွဲ့ ပစ်ခတ်ခံရပြီး သုံးဦးေ-သ

CJ Platform

နာရေးအိမ်တွင် ဖဲရိုက်နေသည့် စစ်ကိုင်းမြို့ တစ်အိမ်တည်းကျေးရွာနေ အုပ်ချုပ်ရေးမှူးစံရွှေမြင့်(ခ) ကိုယုန်လေးအပါအဝင် ရာအိမ်မှူးနှစ်ဦး ယမန်နေ့ ည၁၁ နာရီက သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်

ယမန်နေ့ည ၁၁ နာရီက တစ်အိမ်တည်းကျေးရွာ အရှေ့ဘက်ထိပ်ရှိ နာရေးအိမ်တစ်ခု၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမည်မသိသေနတ်ကိုင်ဆောင်သူတွေက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်

“ကိုစံရွှေမြင့်တို့ အဖွဲ့အပစ်ခံရတယ် မြို့ပေါ်က သတင်းပေးလောကမှာ သူ့ကို ကိုယုန်လေးပဲခေါ်ကြတာ သူကဘယ်သွားသွား သူအဖွဲ့နဲ့သွားတာ ပြောရရင် ဇိုးအထာဖမ်းတာပေါ့ ညက နာရေးအိမ်မှာ ပစ်သွားတာ ရာအိမ်မှူးနှစ်ဦးသေတယ် ကိုယုန်လေးလည်း သေတယ်”ဟု ပြောသည်

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်အိမ်တည်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့်၊ ရာအိမ်မှူးကိုသီဟနှင့် ရာအိမ်မှူးဖိုးတုတ်တို့ သေဆုံးသွားသည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်

“စစ်တပ်က ထောက်ခံတဲ့သူဖြစ်တာတောင် ကိုယုန်လေးတို့အဖွဲ့ကို အလောင်းလာကောက်မဲ့သူမရှိဘူး ဒီမနက်မှ လာကောက်တာ ရွာမှာလည်း စစ်ဆေးနေတယ်”ဟု ပြောသည်

လက်ရှိအခြေအနေတွင် သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ကောင်စီက စစ်ကိုင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး တစ်အိမ်တည်းကျေးရွာကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု ဒေသခံတွေဆီက သိရသည်

🖋ကိုပေါက်

 

Leave a Reply

Your email address will not be published. Required fields are marked *