ေရခဲမုန႔္ေရာင္းသူ ၁ ဦး ဓားေထာက္လုယက္ခံရ

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ စက္ဘီးနဲ႔ ေရခဲမုန႔္လွည့္ေရာင္းသူတဦး မေန႔ညက လူသုံးဦးရဲ႕ ဓားေထာက္လုယက္ခံရတယ္လို႔ သိရပါတယ္

ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ျမင္သာ ၉ လမ္းမွာ ႏိုဝင္ဘာ ၁၄ ရက္ ည ၆ နာရီခြဲေလာက္က ေရခဲမုန႔္ လွည့္ေရာင္းသူဟာ အိမ္ျပန္တဲ့အခ်ိန္ လုယက္ခံလိုက္ရတာပါ

လုယက္ခံရသူနဲ႔ ရင္းႏွီးသူတဦးက “ေရခဲမုန႔္သည္က လမ္းထဲေရာက္ေတာ့ လူသုံးေယာက္က ေရခဲမုန႔္က်န္ေသးလားဆိုၿပီး ဝယ္တယ္ ေဈးေရာင္းေကာင္းလား ေမးတယ္ သူက ေရာင္းမေကာင္းလို႔ ေစာေစာျပန္သိမ္းလာတာလို႔ ေျပာလိုက္တယ္ ၿပီးေတာ့ သုံးေယာက္က အနားကပ္ ဓားနဲ႔ေထာက္ၿပီး ရွိတာေတြထုတ္ေပးလို႔ေျပာတယ္” လို႔ ေျပာပါတယ္

ေရခဲမုန႔္ေရာင္းသူက စက္ဘီးေပၚပါ ေခါင္းေလာင္းနဲ႔ ျပန္ထုခုခံခဲ့တာေၾကာင့္ လုယက္သူေတြက ဓားနဲ႔ထိုး၊ ဓားေႏွာင့္နဲ႔ ေခါင္းကိုထုကာ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားခဲ့တယ္လို႔ ဆိုပါတယ္

အဲဒီလို ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနခ်ိန္မွာ ပတ္ဝန္းက်င္တိုက္ေတြက လူတခ်ိဳ႕ ထြက္ၾကည့္ေပမဲ့ လာေရာက္ကူညီသူမရွိဘဲ ေရခဲမုန႔္ေရာင္းသူဆီက ေရာင္းရေငြ ၆၀,၀၀၀ ေလာက္နဲ႔ ဖုန္းကိုယူၿပီး ထြက္ေျပးသြားၾကတယ္လို႔ သိရပါတယ္

“ဓားနဲ႔ထိုးေတာ့ အေရွာင္ ပြတ္ထိုးမိတဲ့ ျပတ္ရွဒဏ္ရာသုံးခ်က္ ခ်ဳပ္ရတယ္ ေခါင္းကို ဓားေႏွာင့္နဲ႔ထုတဲ့ဒဏ္ရာလည္း ရတယ္ ေတာ္ေတာ္မလုံၿခဳံတဲ့ အေျခအေန ျဖစ္ေနတာ” လို႔ လုယက္ခံရသူနဲ႔ ရင္းႏွီးသူက ေျပာပါတယ္

ရန္ကုန္ၿမိဳ႕မွာ လုယက္မႈေတြ ဆက္တိုက္ျဖစ္ေနၿပီး ရပ္႐ြာအတြင္း လွည့္လည္ေရာင္းခ်ေနတဲ့ ေဈးသည္ေတြပါ လုယက္ခံရတာေတြ ဆက္တိုက္ျဖစ္ေနပါတယ္

အဲဒီလို လုယက္တာေတြ ျဖစ္ေနတာနဲ႔ပတ္သက္လို႔ ျပည္သူေတြအၾကား မလုံၿခဳံမႈျဖစ္ေနသလို အာဏာသိမ္း စစ္ေကာင္စီအေပၚ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္ source-BBC

ရေခဲမုန့်ရောင်းသူ ၁ ဦး ဓားထောက်လုယက်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ စက်ဘီးနဲ့ ရေခဲမုန့်လှည့်ရောင်းသူတဦး မနေ့ညက လူသုံးဦးရဲ့ ဓားထောက်လုယက်ခံရတယ်လို့ သိရပါတယ်

တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၉ လမ်းမှာ နိုဝင်ဘာ ၁၄ ရက် ည ၆ နာရီခွဲလောက်က ရေခဲမုန့် လှည့်ရောင်းသူဟာ အိမ်ပြန်တဲ့အချိန် လုယက်ခံလိုက်ရတာပါ

လုယက်ခံရသူနဲ့ ရင်းနှီးသူတဦးက “ရေခဲမုန့်သည်က လမ်းထဲရောက်တော့ လူသုံးယောက်က ရေခဲမုန့်ကျန်သေးလားဆိုပြီး ဝယ်တယ် ဈေးရောင်းကောင်းလား မေးတယ် သူက ရောင်းမကောင်းလို့ စောစောပြန်သိမ်းလာတာလို့ ပြောလိုက်တယ် ပြီးတော့ သုံးယောက်က အနားကပ် ဓားနဲ့ထောက်ပြီး ရှိတာတွေထုတ်ပေးလို့ပြောတယ်” လို့ ပြောပါတယ်

ရေခဲမုန့်ရောင်းသူက စက်ဘီးပေါ်ပါ ခေါင်းလောင်းနဲ့ ပြန်ထုခုခံခဲ့တာကြောင့် လုယက်သူတွေက ဓားနဲ့ထိုး၊ ဓားနှောင့်နဲ့ ခေါင်းကိုထုကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်

အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပတ်ဝန်းကျင်တိုက်တွေက လူတချို့ ထွက်ကြည့်ပေမဲ့ လာရောက်ကူညီသူမရှိဘဲ ရေခဲမုန့်ရောင်းသူဆီက ရောင်းရငွေ ၆၀,၀၀၀ လောက်နဲ့ ဖုန်းကိုယူပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်

“ဓားနဲ့ထိုးတော့ အရှောင် ပွတ်ထိုးမိတဲ့ ပြတ်ရှဒဏ်ရာသုံးချက် ချုပ်ရတယ် ခေါင်းကို ဓားနှောင့်နဲ့ထုတဲ့ဒဏ်ရာလည်း ရတယ် တော်တော်မလုံခြုံတဲ့ အခြေအနေ ဖြစ်နေတာ” လို့ လုယက်ခံရသူနဲ့ ရင်းနှီးသူက ပြောပါတယ်

ရန်ကုန်မြို့မှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး ရပ်ရွာအတွင်း လှည့်လည်ရောင်းချနေတဲ့ ဈေးသည်တွေပါ လုယက်ခံရတာတွေ ဆက်တိုက်ဖြစ်နေပါတယ်

အဲဒီလို လုယက်တာတွေ ဖြစ်နေတာနဲ့ပတ်သက်လို့ ပြည်သူတွေအကြား မလုံခြုံမှုဖြစ်နေသလို အာဏာသိမ်း စစ်ကောင်စီအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ် source-BBC

 

Leave a Reply

Your email address will not be published. Required fields are marked *