လုယက္မႈမ်ား က်ဴးလြန္ေနသည့္ “ရည္းစားေလးတစ္ေယာက္ေလာက္ေတာ့ လိုေနတာေပါ့” အေကာင့္ပိုင္ရွင္ ဖမ္းဆီးခံရ

CJ Platform

စစ္ကိုင္းၿမိဳ႕နယ္တြင္ လုယက္မႈမ်ား မၾကာခဏက်ဴးလြန္ေနသည့္ “ရည္းစားေလးတစ္ေယာက္ေလာက္ေတာ့ လိုေနတာေပါ့”အေကာင့္ပိုင္ရွင္ ကိုသိန္းဆန္းကို ယမန္ေန႔ ေန႔လယ္ပိုင္းတြင္ ရဲမ်ားက ဖမ္းဆီးခဲ့သည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္

လူမႈကြန္ရက္ေပၚတြင္ စားေသာက္ဆိုင္ပိုင္ရွင္ ဟန္ ေဆာင္ၿပီး အျခားၿမိဳ႕မ်ားမွ အမ်ိဳးသား၊ အမ်ိဳး သမီးမ်ားကို အလုပ္ရမည္ဟုဆိုကာ စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ဘုရားအနီးသို႔ ေခၚယူ၍ ဖုန္းမ်ားလုယက္ျခင္း၊ အသာတၾကည္မေပးပါက ဓားေထာက္ေတာင္းယူျခင္းမ်ား လုပ္ေဆာင္ေနသည့္အတြက္ ဖမ္းဆီး ခံခဲ့ရတာျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကိုေျပာသည္

“ရပ္ကြက္ေနသူေတြေရာ စစ္တပ္က အမ်ိဳးေတြေရာ အလုခံရတာ အလုပ္ရမယ္ဆိုၿပီး ေခၚၿပီး ဆိုင္ကယ္ေတြ ဖုန္းေတြ လုတာ”ဟု ေျပာသည္

“ရည္းစားေလးတစ္ေယာက္ေလာက္ေတာ့ လိုေနတာေပါ့”အေကာင့္ပိုင္ရွင္ ကိုသိန္းဆန္းသည္ စစ္တပ္မွ အရာရွိတစ္ဦးကို လိမ္လည္ေခၚယူခဲ့မိရာမွ ရဲႏွင့္ပူးေပါင္း၍ ဖမ္းဆီးခဲ့တာျဖစ္သည္ဟု အုပ္ခ်ဳပ္ေရးႏွင့္ နီးစပ္သူတစ္ဦးက CJ Platform ကိုေျပာသည္

“အရာခံဗိုလ္တစ္ေယာက္က သူ႔အေကာင့္မွာ ေကာင္မေလးပုံ တင္ထားတာ အဲ့ဒါကို သူကသြားၿပီး သဲငယ္ေလး ဘာလုပ္ေနလဲ ကိုယ္အခုမွ ဝန္ ထမ္းေတြ အလုပ္ခိုင္းၿပီးနားေနတာ အလုပ္လို ခ်င္လားဆိုၿပီး သြားပို႔ရာကေန အဖမ္းခံရတာ” ဟု ေျပာသည္

ဖမ္းဆီးခံရသူမွာ စားေသာက္ဆိုင္ပိုင္ရွင္မဟုတ္ဘဲ စစ္ကိုင္းၿမိဳ႕၊ ေ႐ႊမင္းဝံရပ္ကြက္တြင္ အိမ္ငွားေနၿပီး ဆိုင္ကယ္ကယ္ရီေမာင္းေနသည့္ ကိုသိန္းဆန္းျဖစ္ၿပီး ဖုန္းသုံးလုံး၊ မွတ္ပုံတင္ႏွစ္ခု၊ ဓားတစ္ေခ်ာင္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့တာျဖစ္သည္ဟု ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္

လက္ရွိအေျခအေနတြင္ “ရည္းစားေလးတစ္ေယာက္ေလာက္ေတာ့ လိုေနတာေပါ့” အေကာင့္ပိုင္ရွင္ ကိုသိန္းဆန္းကို စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ဥပေဒအရ အေရးယူႏိူင္ရန္စစ္ေဆးေနသည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္

🖋️ကိုေပါက္

လုယက်မှုများ ကျူးလွန်နေသည့် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့” အကောင့်ပိုင်ရှင် ဖမ်းဆီးခံရ

CJ Platform

စစ်ကိုင်းမြို့နယ်တွင် လုယက်မှုများ မကြာခဏကျူးလွန်နေသည့် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့”အကောင့်ပိုင်ရှင် ကိုသိန်းဆန်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ရဲများက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်

လူမှုကွန်ရက်ပေါ်တွင် စားသောက်ဆိုင်ပိုင်ရှင် ဟန် ဆောင်ပြီး အခြားမြို့များမှ အမျိုးသား၊ အမျိုး သမီးများကို အလုပ်ရမည်ဟုဆိုကာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးသို့ ခေါ်ယူ၍ ဖုန်းများလုယက်ခြင်း၊ အသာတကြည်မပေးပါက ဓားထောက်တောင်းယူခြင်းများ လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီး ခံခဲ့ရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်

“ရပ်ကွက်နေသူတွေရော စစ်တပ်က အမျိုးတွေရော အလုခံရတာ အလုပ်ရမယ်ဆိုပြီး ခေါ်ပြီး ဆိုင်ကယ်တွေ ဖုန်းတွေ လုတာ”ဟု ပြောသည်

“ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့”အကောင့်ပိုင်ရှင် ကိုသိန်းဆန်းသည် စစ်တပ်မှ အရာရှိတစ်ဦးကို လိမ်လည်ခေါ်ယူခဲ့မိရာမှ ရဲနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့တာဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်

“အရာခံဗိုလ်တစ်ယောက်က သူ့အကောင့်မှာ ကောင်မလေးပုံ တင်ထားတာ အဲ့ဒါကို သူကသွားပြီး သဲငယ်လေး ဘာလုပ်နေလဲ ကိုယ်အခုမှ ဝန် ထမ်းတွေ အလုပ်ခိုင်းပြီးနားနေတာ အလုပ်လို ချင်လားဆိုပြီး သွားပို့ရာကနေ အဖမ်းခံရတာ” ဟု ပြောသည်

ဖမ်းဆီးခံရသူမှာ စားသောက်ဆိုင်ပိုင်ရှင်မဟုတ်ဘဲ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် အိမ်ငှားနေပြီး ဆိုင်ကယ်ကယ်ရီမောင်းနေသည့် ကိုသိန်းဆန်းဖြစ်ပြီး ဖုန်းသုံးလုံး၊ မှတ်ပုံတင်နှစ်ခု၊ ဓားတစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်

လက်ရှိအခြေအနေတွင် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့” အကောင့်ပိုင်ရှင် ကိုသိန်းဆန်းကို စစ်ကိုင်းမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူနိူင်ရန်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှ သိရသည်

🖋️ကိုပေါက်

 

Leave a Reply

Your email address will not be published. Required fields are marked *