မေကြးေလတပ္စခန္း ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ခံရမႈ အပ်က္အစီးႀကီးမားပုံရွိဟု ေဒသခံမ်ားေျပာ၊ အဝင္အထြက္ပိတ္ဆို႔ၿပီး ယေန႔ ေလယာဥ္ အတက္အဆင္း မလုပ္ႏိုင္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၅

မေကြးတိုင္း၊ မေကြးၿမိဳ႕ေပၚရွိ ေလတပ္စခန္းဌာနခ်ဳပ္ကို KNLA ၊ PDF ပူးေပါင္းတပ္မ်ားက ယေန႔ နံနက္ပိုင္းတြင္ ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ ပစ္ခတ္ခဲ့ရာတြင္ ေလတပ္အတြင္း အပ်က္အစီး ႀကီးမားပုံရွိေၾကာင္း မေကြးၿမိဳု႔ခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္

ႏိုဝင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၆ နာရီ ၁၀ မိနစ္အခ်ိန္ မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို KNLA ႏွင့္ EPDF မဟာမိတ္အဖြဲ႕၊ ေ႐ႊလင္းယုန္အဖြဲ႕(Golden Eagle)၊ ဘီလူးစစ္ဆင္းေရးတပ္ဖြဲ႕တို႔က ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္

အၾကမ္းဖက္စစ္ေကာင္စီဘက္ကမူ မေကြးေလတပ္စခန္းကို ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္မႈေၾကာင့္ ထိခိုက္မႈ တစ္စုံ တစ္ရာ မရွိေၾကာင္း ေျပာဆိုထုတ္ျပန္ထားသည္

“ေရွာ့တိုက္ဒုံးနဲ႔ပစ္တာ အေတာ္ ထိသြားပုံေပၚတယ္။ အဝင္အထြက္ေတြေတာ့ အကုန္ပိတ္ဆို႔ထားတယ္။ ဒီေန႔ ေလယာဥ္ အဆင္းအတက္လည္း လုံးဝ မရွိဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္

ပုံမွန္အားျဖင့္ မေကြးေလတပ္စခန္းသည္ ေန႔စဥ္ အနည္းဆုံး တိုက္ေလယာဥ္ ၃ စင္းမွ ၅ စင္းအထိ အၿမဲပုံမွန္လိုလို ပ်ံသန္းေလ့က်င္ျခင္းမ်ား လုပ္ေဆာင္ေၾကာင္း၊ ႏိုဝင္ဘာလ ၁၄ ရက္ေန႔အထိ တိုက္ေလယာဥ္ ပ်ံသန္းမႈမ်ားႏွင့္ ေလယာဥ္အတက္အဆင္းမ်ား ရွိခဲ့ၿပီး ေရွာ့တိုက္ဒုန္းျဖင့္ အပစ္ခတ္ခံရသည့္ယေန႔တြင္ ေလယာဥ္အတက္အဆင္း မလုပ္ႏိုင္ေတာ့ျခင္းျဖစ္သည္ဟု သိရွိရသည္

ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေရာက္ရွိလာေသာ သတင္းေပးပို႔ခ်က္တစ္ခုတြင္ မေကြးေလတပ္စခန္း ေရွာ့တိုက္ဒုန္းျဖင့္ ပစ္ခတ္ခံရမႈတြင္ တိုက္ေလယာဥ္တခ်ိဳ႕ ထိမွန္သြားသည္ဟု သတင္းေပးပို႔ခ်က္ရရွိေသာ္လည္း ရန္ကုန္ေခတ္သစ္အေနျဖင့္ အဆိုပါ သတင္းေပးပို႔ခ်က္ကို အတည္ျပဳႏိုင္ျခင္းမရွိေပ

ဓာတ္ပုံ- မေကြးေလတပ္စခန္းဌာနခ်ဳပ္ အဝင္အဝ

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု အပျက်အစီးကြီးမားပုံရှိဟု ဒေသခံများပြော၊ အဝင်အထွက်ပိတ်ဆို့ပြီး ယနေ့ လေယာဉ် အတက်အဆင်း မလုပ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KNLA ၊ PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် လေတပ်အတွင်း အပျက်အစီး ကြီးမားပုံရှိကြောင်း မကွေးမြိုု့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မကွေးလေတပ်စခန်းဌာနချုပ်ကို KNLA နှင့် EPDF မဟာမိတ်အဖွဲ့၊ ရွှေလင်းယုန်အဖွဲ့(Golden Eagle)၊ ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်း ပြောဆိုထုတ်ပြန်ထားသည်

“ရှော့တိုက်ဒုံးနဲ့ပစ်တာ အတော် ထိသွားပုံပေါ်တယ်။ အဝင်အထွက်တွေတော့ အကုန်ပိတ်ဆို့ထားတယ်။ ဒီနေ့ လေယာဉ် အဆင်းအတက်လည်း လုံးဝ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်

ပုံမှန်အားဖြင့် မကွေးလေတပ်စခန်းသည် နေ့စဉ် အနည်းဆုံး တိုက်လေယာဉ် ၃ စင်းမှ ၅ စင်းအထိ အမြဲပုံမှန်လိုလို ပျံသန်းလေ့ကျင်ခြင်းများ လုပ်ဆောင်ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်လေယာဉ် ပျံသန်းမှုများနှင့် လေယာဉ်အတက်အဆင်းများ ရှိခဲ့ပြီး ရှော့တိုက်ဒုန်းဖြင့် အပစ်ခတ်ခံရသည့်ယနေ့တွင် လေယာဉ်အတက်အဆင်း မလုပ်နိုင်တော့ခြင်းဖြစ်သည်ဟု သိရှိရသည်

ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ရောက်ရှိလာသော သတင်းပေးပို့ချက်တစ်ခုတွင် မကွေးလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရမှုတွင် တိုက်လေယာဉ်တချို့ ထိမှန်သွားသည်ဟု သတင်းပေးပို့ချက်ရရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းပေးပို့ချက်ကို အတည်ပြုနိုင်ခြင်းမရှိပေ

ဓာတ်ပုံ- မကွေးလေတပ်စခန်းဌာနချုပ် အဝင်အဝ

 

Leave a Reply

Your email address will not be published. Required fields are marked *