ျမဝတီ၊ ေသေဘာ့ဘိုးေက်း႐ြာအနီးတိုက္ပြဲတြင္ စစ္တပ္ဘက္မွ ေသဆုံးမႈမ်ား ျပား ၿပီး ဆုတ္ခြာေျပး၊ စစ္အရာရွိ အပါအဝင္ ၆ ဦးေသဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၁၅

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေသေဘာ့ဘိုးေက်း႐ြာအနီးတိုက္ပြဲတြင္ စစ္တပ္ဘက္မွ ေသဆုံးမႈမ်ားျပားၿပီး ဆုတ္ခြာ ထြက္ေျပးသြားေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက သတင္းထုတ္ျပန္သည္

ႏိုဝင္ဘာလ ၁၄ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္ ျမဝတီၿမိဳ႕နယ္၊ ေသ့ေဘာ့ဘိုးေက်း႐ြာ အနီးသို႔ က်ဴးေက်ာ္လာ‌ေသာ အၾကမ္ဖမ္း စစ္ေကာင္စီတပ္မ်ားကို KNLA ၊ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ ည ၇ နာရီအထိ တိုက္ပြဲ ျပင္းထန္ခဲ့ေၾကာင္း သိရွိရသည္

ယမန္ေန႔ တိုက္ပြဲ ျဖစ္ပြားေနစဥ္ ျမဝတီ – ေဝၚေလ ကားလမ္းေပၚရွိ ေႁမြသုံးေကာင္ ဘုရားအနီး စစ္ေကာင္စီတပ္က ၁၂၀ မမ လက္နက္ႀကီးမ်ား၊ အတြဲလိုက္ပစ္ MLRS ဒုံးက်ည္မ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ခဲ့ေၾကာင္း၊ သို႔ရာတြင္ ပူးေပါင္းတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ထိခိုက္၊ ေသဆုံး မ်ားျပားစြာျဖင့္ ဆုတ္ခြာ ထြက္ေျပးသြားေၾကာင္း သိရွိရသည္

မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕မ်ားတြင္ KNLA ေကာ္ဘရာပူးေပါင္းစစ္ေၾကာင္း၊ က်ားသစ္နက္စစ္ေၾကာင္း၊ တပ္မဟာ လုံၿခဳံေရးစစ္ေၾကာင္း၊ Federal Wings Drone အဖြဲ႕၊ ေရာင္နီတပ္ခြဲ ဒ႐ုန္းအဖြဲ႕ တို႔က ပူးေပါင္း တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္

အၾကမ္းဖက္စစ္ေကာင္စီတပ္ထံမွ ၅.၅၆ က်ည္ဆန္ ၃၇၀ ေတာင့္၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၃ ေတာင့္၊ ၎ပို႔ယမ္းေတာင့္ ၃ ေတာင့္၊ ၅.၅၆ က်ည္ေဘာက္ ၈ ခု၊ MA – 2 က်ည္ေဘာက္ ၁ ခု၊ လက္ပစ္ဗုံး ၁ လုံး၊ နင္းမိုင္း ၂ လုံး၊ စစ္သုံးေျမပုံ ၁ ခ်ပ္၊ က်ည္ကာ ဦးထုပ္ ၁ လုံး၊ စစ္သုံး လြယ္အိတ္ ၁ လုံး၊ စာ ႐ြက္စာတမ္းမ်ား၊ ပုခတ္ ၁ လုံး၊ ေပါက္တူး ၁ လက္၊ စက္အားသြင္းခုံ ၁ ခု၊ ေရဘူး ၁ လုံး၊ ကိုယ္ေရးကိုယ္တာ ဓာတ္ပုံ ၂ ပုံ တို႔အား သိမ္းဆည္း ရမိခဲ့ေၾကာင္း သိရွိရသည္

ကေနဦး သတင္းအတည္ျပဳခ်က္အရ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ အရာရွိ တစ္ဦးအပါအဝင္ ၄ ဦး ေသဆုံးၿပီး အျခား အရာရွိႏွင့္ အျခားအဆင့္မ်ား (၁၀) ဦး ထက္မနည္း ျပင္းထန္စြာ ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း ၊ အၾကမ္းဖက္စစ္ေကာင္ စီဘက္မွ အထိနာကာ၊ ထိခိုက္ေသဆုံးမႈ မ်ားျပားခဲ့ၿပီး ေသဆုံး၊ ထိခိုက္အေရ အတြက္ အတိအက်ကို အတည္ ျပဳႏိုင္ရန္ ဆက္လက္စုံစမ္း‌ေနဆဲ ျဖစ္ ေၾကာင္း‌ ေကာ္ဘရာစစ္ေၾကာင္း ကဆိုသည္

အလားတူ ေလ့ေက့ေကာ္ၿမိဳ႕သစ္အနီး လုံ‌ၿခဳံေရးတာဝန္ယူထားေသာ ေကာ္ဘရာစစ္ေၾကာင္း၏ လက္ေျဖာင့္စႏိုက္ဘာ တပ္ဖြဲ႕ဝင္မ်ား၏ လက္ခ်က္ျဖင့္ ယမန္ေန႔ ႏိုဝင္ဘာ ၁၄ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ေလ့ေက့ေကာ္ ေရကန္ကုန္းစခန္းရွိ အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ အနည္းဆုံး ၁ ဦး ေသဆုံးေၾကာင္း ၊ ႏိုဝင္ဘာ ၁၃ ရက္ေန႔တြင္ လူခို႔၊ ေညာင္ေခ်ာင္းေဒသတြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၁ ဦး ေသဆုံးၿပီး IO အရာရွိအပါအဝင္ (၄)ဦး အျပင္းအထန္ဒဏ္ရာ ရရွိခဲ့ပါေၾကာင္း သိရွိရသည္

ယေန႔ ႏိုဝင္ဘာ ၁၅ ရက္ေန႔ နံနက္ ၁၁ နာရီခြဲခန႔္မွ စတင္၍ နာရီဝက္ေက်ာ္ၾကာ လူခို႔၊ ေညာင္ေခ်ာင္းအနီးတြင္ အၾကမ္းဖက္ စစ္ေကာင္စီႏွင့္ ပူးေပါင္းတပ္ဖြဲ႕မ်ားအၾကား ႏွစ္ဖက္ရင္ဆိုင္တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ပူးေပါင္းတပ္ဖြဲ႕မ်ားဘက္မွ ထိခိုက္မႈ မရွိခဲ့ေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက ဆိုသည္

မြဝတီ၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများ ပြား ပြီး ဆုတ်ခွာပြေး၊ စစ်အရာရှိ အပါအဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်လာ‌သော အကြမ်ဖမ်း စစ်ကောင်စီတပ်များကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်

ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားနေစဉ် မြဝတီ – ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ၅.၅၆ ကျည်ဆန် ၃၇၀ တောင့်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၃ တောင့်၊ ၎င်းပို့ယမ်းတောင့် ၃ တောင့်၊ ၅.၅၆ ကျည်ဘောက် ၈ ခု၊ MA – 2 ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ စစ်သုံးမြေပုံ ၁ ချပ်၊ ကျည်ကာ ဦးထုပ် ၁ လုံး၊ စစ်သုံး လွယ်အိတ် ၁ လုံး၊ စာ ရွက်စာတမ်းများ၊ ပုခတ် ၁ လုံး၊ ပေါက်တူး ၁ လက်၊ စက်အားသွင်းခုံ ၁ ခု၊ ရေဘူး ၁ လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ၂ ပုံ တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်

ကနေဦး သတင်းအတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး အခြား အရာရှိနှင့် အခြားအဆင့်များ (၁၀) ဦး ထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ၊ အကြမ်းဖက်စစ်ကောင် စီဘက်မှ အထိနာကာ၊ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေဆုံး၊ ထိခိုက်အရေ အတွက် အတိအကျကို အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်း‌နေဆဲ ဖြစ် ကြောင်း‌ ကော်ဘရာစစ်ကြောင်း ကဆိုသည်

အလားတူ လေ့ကေ့ကော်မြို့သစ်အနီး လုံ‌ခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၁ ဦး သေဆုံးကြောင်း ၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် လူခို့၊ ညောင်ချောင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး IO အရာရှိအပါအဝင် (၄)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပါကြောင်း သိရှိရသည်

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်မှ စတင်၍ နာရီဝက်ကျော်ကြာ လူခို့၊ ညောင်ချောင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *