NUGနဲ႔ PDFကိုဆႏၵျပဖို႔လာတဲ့ မ်ိဳးခ်စ္မဘသဘုန္းႀကီးကို စစ္ေကာင္စီတပ္က မွားယြင္းဖမ္းဆီးကာ လူခြၽတ္ၿပီး႐ိုက္ႏွက္စစ္ေဆး

ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၁၅ ရက္

မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕တြင္ ယမန္ေန႔ ႏိုဝင္ဘာလ ၁၄ ရက္ ညေနပိုင္းမွာ စစ္ေကာင္စီတပ္ကဘုန္းႀကီး ၁ ပါးကို ႐ိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားထံကသိရသည္

႐ိုက္ႏွက္ဖမ္းဆီးခံရသူမွာ လွည္းကူးၿမိဳ႕နယ္ မင္းကုန္းေက်း႐ြာ ဓမၼဘာယာေက်ာင္းမွ အရွင္သုဇာတာ ဟု သိရၿပီး ရမည္းသင္းၿမိဳ႕ေပၚရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္ NUG ႏွင့္ PDF အဖြဲ႕မ်ားကို အမည္ဖ်က္ဆန႔္က်င္ေၾကာင္းဆႏၵျပရန္အတြက္ လွည္းကူးၿမိဳ႕နယ္မွတစ္ဆင့္ေရာက္ရွိေနသည့္ မဘသ မ်ိဳးခ်စ္ဘုန္းႀကီးတစ္ပါးျဖစ္သည္ဟုဆိုသည္

အဆိုပါ မဘသ ဘုန္းႀကီးအား စစ္ေကာင္စီတပ္သတင္း ေပး ဒလန္မ်ားကေတာ္လွန္ေရးဆႏၵျပသံဃာဟု မွားယြင္း သတင္းေပးသျဖင့္ စစ္ေကာင္စီတပ္က ႐ိုက္ႏွက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

“ဒလန္ကသတင္းေပးမွားသြားတာ အမွန္က သူတို႔ဘက္ကေနၿပီး ဆႏၵျပဖို႔ေရာက္ေနတာ NUG တို႔ PDF တို႔ကို ဆန႔္က်င္ေၾကာင္းဆႏၵျပဖို႔အတြက္ လာတာ မ်ိဳးခ်စ္အဖြဲ႕ေတြေပါ့ဗ်ာ။ သူ႔ဆီမွာ သာသနာဝင္ကတ္ေတြမ်ားႀကီးပဲ၊ မူးလည္းမူးေနတယ္ သူကျပန္ၿပီးေတာ့ ငါကဒီကိုအေရး ႀကီးကိစၥနဲ႔လာတာကြဆိုၿပီးေျပာေသးတာ စစ္တပ္က လူဝတ္လဲခိုင္းၿပီး႐ိုက္ႏွက္ၿပီးစစ္ေနရင္းက ေနာက္မွ သူတို႔ဘက္ေနျပဖို႔လာတဲ့ မဘသဘုန္းႀကီး ဆိုတာသိသြားတာ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးမွ ဧရာဝတီတိုင္းမ္ကို ေျပာသည္

စစ္ေကာင္စီအဖြဲ႕မ်ားမွ အဆိုပါ မဘသဘုန္းႀကီးအား မွား ယြင္းလူဝတ္လဲ႐ိုက္ႏွက္စစ္ေဆးၿပီးေနာက္ စစ္ကား ျဖင့္ေခၚေဆာင္သြားကာ သကၤန္းျပန္ဝတ္ေစၿပီး လိုင္းကားျဖင့္ ရန္ကုန္သို႔ျပန္လည္ပို႔ေဆာင္လိုက္ေၾကာင္း ရမည္သင္းၿမိဳ႕နယ္ရွိ စစ္ေကာင္စီႏွင့္နီးစပ္သူတစ္ဦးထံမွ သိရွိရသည္

Ayeyarwaddy_Times

NUGနဲ့ PDFကိုဆန္ဒပြဖို့လာတဲ့ မျိုးချစ်မဘသဘုန်းကြီးကို စစ်ကောင်စီတပ်က မှားယွင်းဖမ်းဆီးကာ လူချွတ်ပြီးရိုက်နှက်စစ်ဆေး

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၅ ရက်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ကဘုန်းကြီး ၁ ပါးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်

ရိုက်နှက်ဖမ်းဆီးခံရသူမှာ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ ဓမ္မဘာယာကျောင်းမှ အရှင်သုဇာတာ ဟု သိရပြီး ရမည်းသင်းမြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် NUG နှင့် PDF အဖွဲ့များကို အမည်ဖျက်ဆန့်ကျင်ကြောင်းဆန္ဒပြရန်အတွက် လှည်းကူးမြို့နယ်မှတစ်ဆင့်ရောက်ရှိနေသည့် မဘသ မျိုးချစ်ဘုန်းကြီးတစ်ပါးဖြစ်သည်ဟုဆိုသည်

အဆိုပါ မဘသ ဘုန်းကြီးအား စစ်ကောင်စီတပ်သတင်း ပေး ဒလန်များကတော်လှန်ရေးဆန္ဒပြသံဃာဟု မှားယွင်း သတင်းပေးသဖြင့် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

“ဒလန်ကသတင်းပေးမှားသွားတာ အမှန်က သူတို့ဘက်ကနေပြီး ဆန္ဒပြဖို့ရောက်နေတာ NUG တို့ PDF တို့ကို ဆန့်ကျင်ကြောင်းဆန္ဒပြဖို့အတွက် လာတာ မျိုးချစ်အဖွဲ့တွေပေါ့ဗျာ။ သူ့ဆီမှာ သာသနာဝင်ကတ်တွေများကြီးပဲ၊ မူးလည်းမူးနေတယ် သူကပြန်ပြီးတော့ ငါကဒီကိုအရေး ကြီးကိစ္စနဲ့လာတာကွဆိုပြီးပြောသေးတာ စစ်တပ်က လူဝတ်လဲခိုင်းပြီးရိုက်နှက်ပြီးစစ်နေရင်းက နောက်မှ သူတို့ဘက်နေပြဖို့လာတဲ့ မဘသဘုန်းကြီး ဆိုတာသိသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်

စစ်ကောင်စီအဖွဲ့များမှ အဆိုပါ မဘသဘုန်းကြီးအား မှား ယွင်းလူဝတ်လဲရိုက်နှက်စစ်ဆေးပြီးနောက် စစ်ကား ဖြင့်ခေါ်ဆောင်သွားကာ သင်္ကန်းပြန်ဝတ်စေပြီး လိုင်းကားဖြင့် ရန်ကုန်သို့ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရမည်သင်းမြို့နယ်ရှိ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *