PDF ကို ေဆးဝါး ေထာက္ပံ့မႈ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံရတဲ့ မႏၲေလးက CDM သူနာျပဳဆရာမ စစ္ေၾကာေရးမွာ က်ဆုံး ဟုဆို၊

MFP ၊ ႏိုဝငာၻ -၁၅

PDF ေတြကို ေဆးဝါးေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၂၉)ရက္က မႏၲေလးၿမိဳ႕မွာ ဖမ္းဆီးခံလိုက္ရတဲ့ ဗဟိုအမ်ိဳးသမီး ေဆး႐ုံ (မႏၲေလး) က CDM သူနာျပဳ ဆရာမ ေဒၚပိုးသႏၲာေအာင္ စစ္အုပ္စုရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈေတြေၾကာင့္ စစ္ေၾကာေရးမွာ က်ဆုံးသြားၿပီလို႔ သတင္းၾကားရေၾကာင္း မႏၲေလး က်န္းမာေရးဝန္ထမ္း အသိုင္းအဝိုင္းက MFP ကို ေျပာပါတယ္

“စစ္ေၾကာေရးမွာ က်ဆုံးတယ္လို႔ သတင္းထြက္ေနပါတယ္။ အေသးစိတ္ေတာ့ ကြန္ဖမ္း မလုပ္ႏိုင္ၾကေသးဘူး။ စစ္ေၾကာေရးမွာ က်ဆုံးတယ္ဆိုတဲ့ သတင္းကေတာ့ ေတာ္ေတာ္ျပန႔္ ေနတယ္” လို႔ နီးစပ္သူတစ္ဦးက ဆိုပါတယ္။သူနာျပဳ ဆရာမက သူနာျပဳ အလုပ္လုပ္ကိုင္တဲ့အတြက္ ညႇဥ္းပန္းသတ္ျဖတ္ခံရတာ ျဖစ္ေၾကာင္းႏွင့္ မအလေၾကာင့္ တစ္တိုင္းျပည္လုံး ဒုကၡေရာက္ေနရတာ ျဖစ္တယ္လို႔ CDM ဆရာဝန္ ေဒါက္တာစိုးသူရေဇာ္ကလည္း လူမႈကြန္ယက္မွာ ေရးပါတယ္

ဗဟိုအမ်ိဳးသမီးေဆး႐ုံ (မႏၲေလး) က CDM သူနာျပဳ ဆရာမ ေဒၚပိုးသႏၲာေအာင္ စစ္ေၾကာေရးမွာ က်ဆုံးသြားၿပီလို႔ ၾကားေနရပါတယ္ သူနာျပဳက သူနာျပဳ အလုပ္လုပ္လို႔ ကြပ္မ်က္ခံရတာ ဒီႏိုင္ငံမွာပဲ ရွိတယ္။ “သက္ျပည့္ပင္စင္ မယူခ်င္တဲ့ စစ္ဗိုလ္တေယာက္ေၾကာင့္ ငါတို႔ တတိုင္းျပည္လုံး ဒုကၡေရာက္ၾကရတယ္

ရန္သူဟာ ရန္သူပီသစြာနဲ႔ သူလုပ္စရာရွိတာေတြကို တဆင့္ၿပီး တဆင့္ လုပ္သြားခ်ိန္မွာ ကြၽန္ေတာ္တို႔ကေရာ ဘာေတြ လုပ္ၿပီးခဲ့ၾကၿပီလဲ က်ဆုံးသြားသူေတြရဲ႕ ပခုံးေျပာင္း တာဝန္ေတြက မင္းတို႔ ငါတို႔ ပခုံးေပၚကို ပိုက်လာၿပီလို႔ မွတ္ယူပါတယ္ ေဒၚပိုးသႏၲာေအာင္ကို ေလးေလးျမတ္ျမတ္ အေလးျပဳအပ္ပါတယ္” လို႔ ေဒါက္တာစိုးသူရေဇာ္က ဆိုပါတယ္

ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၂၇)ရက္က စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းအစပ္၊ ပုလဲ – ဂန႔္ေဂါလမ္းမွာ စစ္အုပ္စုက ေျခာက္ဘီးကားတစ္စီးကို ဖမ္းဆီးေငြညႇစ္ရာကေန ကားေပၚမွာ ေမ့ေဆးစက္ေတြ႕ရွိၿပီးေနာက္ PDF ေတြကို ေဆးဝါး ေထာက္ပံ့ ကူညီေပးတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ မႏၲေလးက CDM က်န္းမာေရး ဝန္ထမ္းေတြျဖစ္တဲ့ ေဆးတကၠသိုလ္(မႏၲေလး) ကထိက ႏွင့္ အထူးကုဆရာဝန္ႀကီးေတြ အပါအဝင္ CDM ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရး ဝန္ထမ္း စုစုေပါင္း (၃၀)ေက်ာ္ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္

ထီးလင္းနယ္က PDF ေတြကို ပို႔မယ့္ ေဆးဝါးေတြႏွင့္အတူ မႏၲေလးေဆး႐ုံႀကီးက CDM သူနာျပဳ မဇင္မာဝင္း (ခ) သူဇာကို၊ မႏၲေလးေဆးတကၠသိုလ္ ခြဲစိတ္ဌာန ကထိက ၊ CDM ဆရာဝန္ ေဒါက္တာ မင္းေဇာ္ဦး (ခ) ေနမ်ိဳးဦး၊ မႏၲေလး ဗဟိုအမ်ိဳးသမီးေဆး႐ုံ CDM သားဖြားဆရာမ ေဒၚပိုးသႏၲာေအာင္၊ မႏၲေလး ခုတင္(၃၀၀) သင္ၾကားေရးေဆးရံ CDM သူနာျပဳ ဆရာမေတြျဖစ္တဲ့ ေဒၚၾကည္သဒၵါျဖဴႏွင့္ ေဒၚယြန္းနႏၵာထြန္းတို႔ ငါးဦးကို ေအာက္တိုဘာ(၂၉)ရက္မွာ ဖမ္းမိခဲ့တယ္လို႔ စစ္အုပ္စုက သတင္းထုတ္ျပန္ထားပါတယ္

အဲ့ဒီ CDM က်န္းမာေရးဝန္ထမ္း ငါးဦးဟာ PDF ေတြကို ေဆးဝါးပစၥည္း က်ပ္သိန္း (၂၉၀၀)ေက်ာ္ ေထာက္ပံ့တယ္ဆိုၿပီးလဘ္း စစ္အုပ္စုက သတင္းျဖန႔္ပါတယ္။သူနာျပဳဆရာမ ေဒၚပိုးသႏၲာေအာင္ အပါအဝင္ CDM က်န္းမာေရးဝန္ထမ္း ငါးဦးကို ဖမ္းဆီးၿပီးေနာက္ ေအာက္တိုဘာ(၃၁)ရက္၊ ႏိုဝင္ဘာ(၁)ရက္ႏွင့္ (၂)ရက္ေတြမွာ စစ္အုပ္စုက ထပ္မံၿပီး မႏၲေလးက အထူးကု ဆရာဝန္ႀကီးေတြ အပါအဝင္ CDM က်န္းမာေရးဝန္ထမ္း (၂၀)ေက်ာ္ကို ထပ္မံ ဖမ္းဆီးခဲ့ေပမယ့္ အဲ့ဒီ ထပ္တိုး ဖမ္းဆီးခံရသူေတြနင့္ပတ္သက္ၿပီး စစ္အုပ္စုက ဒီေန႔အထိ သတင္းထုတ္ျပန္တာ မရွိဘဲ သတင္းအေမွာင္ခ်ထားပါတယ္

အာဏာသိမ္း စစ္အုပ္စုက ႏိုင္ငံတဝန္းရွိ က်န္းမာေရး ဝန္ထမ္းေတြကိုလည္း ဖမ္းဆီး ညႇဥ္းပန္း သတ္ျဖတ္ေနၿပီး ၂၀၂၁ ေဖေဖၚဝါရီကေန ၂၀၂၂ ေအာက္တိုဘာအထိ စစ္အုပ္စုရဲ႕ ႏွိပ္စက္သတ္ျဖတ္မႈေၾကာင့္ က်န္းမာေရးလုပ္သား (၅၈)ဦး ေသဆုံးခဲ့ကာ (၇၀၀)ေက်ာ္ ဖမ္းဆီးႏွိပ္စက္ညႇဥ္းပန္း ခံရေၾကာင္းႏွင့္ စစ္အုပ္စုက ေဆး႐ုံေဆးခန္း (၅၀)ေက်ာ္နဲ႔ လူနာတင္ယာဥ္ (၄၀)ေက်ာ္ကို တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္လို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ – NUG ရဲ႕ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္

ဖမ္းဆီးခံရၿပီးေနာက္ စစ္အုပ္စုက ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္လို႔ စစ္ေၾကာေရးမွာ က်ဆုံးသြားၿပီဘို႔ သတင္းထြက္ေနတဲ့ သူနာျပဳဆရာမ ေဒၚပိုးသႏၲာေအာင္

PDF ကို ဆေးဝါး ထောက်ပံ့မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ မန္တလေးက CDM သူနာပြုဆရာမ စစ်ကြောရေးမှာ ကျဆုံး ဟုဆို၊

MFP ၊ ႏိုဝင္ဘာ -၁၅

PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၉)ရက်က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗဟိုအမျိုးသမီး ဆေးရုံ (မန္တလေး) က CDM သူနာပြု ဆရာမ ဒေါ်ပိုးသန္တာအောင် စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ သတင်းကြားရကြောင်း မန္တလေး ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်

“စစ်ကြောရေးမှာ ကျဆုံးတယ်လို့ သတင်းထွက်နေပါတယ်။ အသေးစိတ်တော့ ကွန်ဖမ်း မလုပ်နိုင်ကြသေးဘူး။ စစ်ကြောရေးမှာ ကျဆုံးတယ်ဆိုတဲ့ သတင်းကတော့ တော်တော်ပြန့် နေတယ်” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။သူနာပြု ဆရာမက သူနာပြု အလုပ်လုပ်ကိုင်တဲ့အတွက် ညှဉ်းပန်းသတ်ဖြတ်ခံရတာ ဖြစ်ကြောင်းနှင့် မအလကြောင့် တစ်တိုင်းပြည်လုံး ဒုက္ခရောက်နေရတာ ဖြစ်တယ်လို့ CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်ကလည်း လူမှုကွန်ယက်မှာ ရေးပါတယ်

ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး) က CDM သူနာပြု ဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ ကြားနေရပါတယ် သူနာပြုက သူနာပြု အလုပ်လုပ်လို့ ကွပ်မျက်ခံရတာ ဒီနိုင်ငံမှာပဲ ရှိတယ်။ “သက်ပြည့်ပင်စင် မယူချင်တဲ့ စစ်ဗိုလ်တယောက်ကြောင့် ငါတို့ တတိုင်းပြည်လုံး ဒုက္ခရောက်ကြရတယ်

ရန်သူဟာ ရန်သူပီသစွာနဲ့ သူလုပ်စရာရှိတာတွေကို တဆင့်ပြီး တဆင့် လုပ်သွားချိန်မှာ ကျွန်တော်တို့ကရော ဘာတွေ လုပ်ပြီးခဲ့ကြပြီလဲ ကျဆုံးသွားသူတွေရဲ့ ပခုံးပြောင်း တာဝန်တွေက မင်းတို့ ငါတို့ ပခုံးပေါ်ကို ပိုကျလာပြီလို့ မှတ်ယူပါတယ် ဒေါ်ပိုးသန္တာအောင်ကို လေးလေးမြတ်မြတ် အလေးပြုအပ်ပါတယ်” လို့ ဒေါက်တာစိုးသူရဇော်က ဆိုပါတယ်

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၇)ရက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်၊ ပုလဲ – ဂန့်ဂေါလမ်းမှာ စစ်အုပ်စုက ခြောက်ဘီးကားတစ်စီးကို ဖမ်းဆီးငွေညှစ်ရာကနေ ကားပေါ်မှာ မေ့ဆေးစက်တွေ့ရှိပြီးနောက် PDF တွေကို ဆေးဝါး ထောက်ပံ့ ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆေးတက္ကသိုလ်(မန္တလေး) ကထိက နှင့် အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း (၃၀)ကျော် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်

ထီးလင်းနယ်က PDF တွေကို ပို့မယ့် ဆေးဝါးတွေနှင့်အတူ မန္တလေးဆေးရုံကြီးက CDM သူနာပြု မဇင်မာဝင်း (ခ) သူဇာကို၊ မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာန ကထိက ၊ CDM ဆရာဝန် ဒေါက်တာ မင်းဇော်ဦး (ခ) နေမျိုးဦး၊ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ CDM သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊ မန္တလေး ခုတင်(၃၀၀) သင်ကြားရေးဆေးရံ CDM သူနာပြု ဆရာမတွေဖြစ်တဲ့ ဒေါ်ကြည်သဒ္ဒါဖြူနှင့် ဒေါ်ယွန်းနန္ဒာထွန်းတို့ ငါးဦးကို အောက်တိုဘာ(၂၉)ရက်မှာ ဖမ်းမိခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်

အဲ့ဒီ CDM ကျန်းမာရေးဝန်ထမ်း ငါးဦးဟာ PDF တွေကို ဆေးဝါးပစ္စည်း ကျပ်သိန်း (၂၉၀၀)ကျော် ထောက်ပံ့တယ်ဆိုပြီးလဘ်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးဦးကို ဖမ်းဆီးပြီးနောက် အောက်တိုဘာ(၃၁)ရက်၊ နိုဝင်ဘာ(၁)ရက်နှင့် (၂)ရက်တွေမှာ စစ်အုပ်စုက ထပ်မံပြီး မန္တလေးက အထူးကု ဆရာဝန်ကြီးတွေ အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း (၂၀)ကျော်ကို ထပ်မံ ဖမ်းဆီးခဲ့ပေမယ့် အဲ့ဒီ ထပ်တိုး ဖမ်းဆီးခံရသူတွေနင့်ပတ်သက်ပြီး စစ်အုပ်စုက ဒီနေ့အထိ သတင်းထုတ်ပြန်တာ မရှိဘဲ သတင်းအမှောင်ချထားပါတယ်

အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေပြီး ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာအထိ စစ်အုပ်စုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျန်းမာရေးလုပ်သား (၅၈)ဦး သေဆုံးခဲ့ကာ (၇၀၀)ကျော် ဖမ်းဆီးနှိပ်စက်ညှဉ်းပန်း ခံရကြောင်းနှင့် စစ်အုပ်စုက ဆေးရုံဆေးခန်း (၅၀)ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

ဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လို့ စစ်ကြောရေးမှာ ကျဆုံးသွားပြီဘို့ သတင်းထွက်နေတဲ့ သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်

 

Leave a Reply

Your email address will not be published. Required fields are marked *