ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးႏွင့္ အဆိုေတာ္ ေစာဖိုးခြားတို႔ ျပန္လြတ္

ဧရာဝတီ၊ ႏိုဝငာၻ ၁၅၊ ၂၀၂၂

စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းခံထားရၿပီး အင္းစိန္ေထာင္တြင္း အက်ဥ္းက်ေနသည့္ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးႏွင့္ အဆိုေတာ္ ေစာဖိုးခြားတို႔ ယေန႔ (ႏိုဝင္ဘာ ၁၅ ရက္) ျပန္လြတ္လာေၾကာင္း ၎တို႔ႏွင့္ နီးစပ္ရာမိသားစုဝင္မ်ားထံမွ သိရသည္

ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးႏွင့္ နီးစပ္သူတဦးက ယေန႔ လြတ္လာသည္မွာ မွန္ကန္ေၾကာင္းႏွင့္ ခ်ဳပ္ရက္ေစ့၍ ျပန္လြတ္လာျခင္း ျဖစ္ေၾကာင္း ဧရာဝတီကို ေျပာသည္

ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးသည္ စစ္တပ္ အာဏာသိမ္းသည့္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ နံနက္အေစာပိုင္းကတည္းက မည္သည့္အေၾကာင္းျပခ်က္မွ မရွိဘဲ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ၿပီး ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရျခင္း ျဖစ္သည္

ထို႔အတူ အဆိုေတာ္ ေစာဖိုးခြားသည္လည္း ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္၌ပင္ အဖမ္းခံခဲ့ရၿပီး သဘာဝစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၃၀ (က) ႏွင့္ ပုဒ္မ ၅၀၅ (ခ) တို႔ျဖင့္ စစ္ေကာင္စီက စြပ္စြဲတရားစြဲဆိုကာ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရသည္

စစ္တပ္ ဝါဒျဖန႔္ တယ္လီဂရမ္ခ်န္နယ္တခု ျဖစ္သည့္ News of Myanmar NOM တြင္လည္း ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးႏွင့္ အဆိုေတာ္ ေစာဖိုးခြားတို႔ ျပန္လြတ္လာေၾကာင္း သတင္းေဖာ္ျပထားၿပီး မည္သည့္အေၾကာင္းေၾကာင့္ ျပန္လြတ္လာသည္ကိုမူ ေဖာ္ျပထားျခင္း မရွိေပ

၎တို႔ လြတ္ေျမာက္လာမႈႏွင့္ ပတ္သက္ၿပီး အေသးစိတ္ သိရွိႏိုင္ရန္ ဧရာဝတီက ဆက္လက္စုံစမ္း အတည္ျပဳေနဆဲ ျဖစ္သည္

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့ ပြန်လွတ်

ဧရာဝတီ၊ ႏိုဝင္ဘာ ၁၅၊ ၂၀၂၂

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး အင်းစိန်ထောင်တွင်း အကျဉ်းကျနေသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့ ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်ရာမိသားစုဝင်များထံမှ သိရသည်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် နီးစပ်သူတဦးက ယနေ့ လွတ်လာသည်မှာ မှန်ကန်ကြောင်းနှင့် ချုပ်ရက်စေ့၍ ပြန်လွတ်လာခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းကတည်းက မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်

ထို့အတူ အဆိုတော် စောဖိုးခွားသည်လည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်၌ပင် အဖမ်းခံခဲ့ရပြီး သဘာဝစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်

စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခု ဖြစ်သည့် News of Myanmar NOM တွင်လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့ ပြန်လွတ်လာကြောင်း သတင်းဖော်ပြထားပြီး မည်သည့်အကြောင်းကြောင့် ပြန်လွတ်လာသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ

၎င်းတို့ လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီက ဆက်လက်စုံစမ်း အတည်ပြုနေဆဲ ဖြစ်သည်

 

Leave a Reply

Your email address will not be published. Required fields are marked *