Breaking News- မကွေးလေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုန်း ၃ လုံးဖြင့် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်၊ လေတပ်အတွင်းမည်သူ့ကိုမှ အဝင်မခံတော့ဘဲ လေတပ်အနီးရှိ သပြေစမ်းကျေးရွာကို စစ်တပ်က ဝင်စီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုန်း ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခဲ့သည့် မဟာမိတ်ပူးပေါင်းတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မကွေးလေတပ်စခန်းဌာနချုပ်ကို KNLA နှင့် EPDF မဟာမိတ်အဖွဲ့၊ ရွှေလင်းယုန်အဖွဲ့(Golden Eagle)၊ ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

“ဒီမနက်ပိုင်း မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ် ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရသေးပါဘူး ပစ်ခတ်တာကတော့ KNLA ၊ EPDFတပ်ပေါင်းစု၊ ရွှေလင်းယုန်အဖွဲ့(Golden Eagle) ဘီလူးစစ်ဆင် ရေးတပ်ဖွဲ့တို့ပါ” ဟု စစ်ဆင်ရေးရဲဘော်တစ်ဦးက ပြောသည်

မကွေးမြိုု့ဒေသခံကများကလည်း ယနေ့ နံနက်အစောပိုင်း လေတပ်အတွင်း ပေါက် ကွဲသံများကြားရပြီး လေတပ်အတွင်းသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးတော့ဘဲ ပိတ်ပင်ထားကြောင်း၊ လေတပ်အနီးရှိ သပြေစမ်း ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းနေကြောင်း ပြောဆိုကြသည်

“‘ဒီမနက်ပိုင်း လေတပ်အထဲမှာ ပေါက်ကွဲသံတွေကြားရပါတယ် လေတပ်ထဲမှာက အဆောက်အဦးတွေနဲ့ ပြေးလမ်း စီမံကိန်းလိုဟာမျိုးတွေ လုပ်နေတာပါ။ အဲဒါ အခုမနက် လေတပ်ထဲမှာ လုပ်နေတဲ့ ဆောက်လုပ်ရေး နဲ့ အခြားအလုပ် သမားတွေကို အဝင်မခံတော့ဘူး အရင် မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခဲ့ဖူးတဲ့ သပြေစမ်းကျေးရွာကိုလည်း စစ်ကားတွေရောက်နေပြီး ဝင်စီးနေပါတယ်’ ဟု မကွေးဒေသခံတစ်ဦးက ပြောဆိုသည်

ရန်ကုန်ခေတ်သစ်၏ လေတပ်သတင်းရင်းမြစ်ကလည်း မကွေးလေတပ်စခန်းတွင် ပေါက်ကွဲမှုဖြစ်သည်ဆိုသော သတင်းများ ရရှိထားပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ ပြင်ပသို့ သတင်းမထွက်စေရန် မကွေးလေတပ်အတွင်း သတင်းဖုံးအုပ်ထားကြောင်း ပြောဆိုသည်

ဓာတ်ပုံ- ယနေ့ နံနက်အစောပိုင်း မကွေးလေတပ်စခန်းဌာနချုပ်ကို သွား ရောက် ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ၃ လုံးနှင့် တော်လှန်ရေး ရဲဘော်များ

Breaking News- မေကြးေလတပ္ဌာနခ်ဳပ္စခန္းကို ေရွာ့တိုက္ဒုန္း ၃ လုံးျဖင့္ KNLA ၊ PDF မဟာမိတ္ပူးေပါင္းတပ္မ်ားက ပစ္ခတ္၊ ေလတပ္အတြင္းမည္သူ႔ကိုမွ အဝင္မခံေတာ့ဘဲ ေလတပ္အနီးရွိ သေျပစမ္းေက်း႐ြာကို စစ္တပ္က ဝင္စီးေန

ရန္ကုန္၊ ႏိုဝင္ဘာ ၁၅

မေကြးတိုင္း၊ မေကြးၿမိဳ႕ေပၚရွိ ေလတပ္စစ္ဌာနခ်ဳပ္ကို ယေန႔ နံနက္ပိုင္း ေရွာ့တိုက္ဒုန္း ၃ လုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ပစ္ခတ္ခဲ့သည့္ မဟာမိတ္ပူးေပါင္းတပ္မ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

ႏိုဝင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၆ နာရီ ၁၀ မိနစ္အခ်ိန္ မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို KNLA ႏွင့္ EPDF မဟာမိတ္အဖြဲ႕၊ ေ႐ႊလင္းယုန္အဖြဲ႕(Golden Eagle)၊ ဘီလူးစစ္ဆင္းေရးတပ္ဖြဲ႕တို႔က ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္

“ဒီမနက္ပိုင္း မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံး ၃ လုံးနဲ႔ ပစ္ခတ္ခဲ့ပါတယ္ ပ်က္စီးဆုံးရႈံးမႈ အေျခအေန မသိရေသးပါဘူး ပစ္ခတ္တာကေတာ့ KNLA ၊ EPDFတပ္ေပါင္းစု၊ ေ႐ႊလင္းယုန္အဖြဲ႕(Golden Eagle) ဘီလူးစစ္ဆင္ ေရးတပ္ဖြဲ႕တို႔ပါ” ဟု စစ္ဆင္ေရးရဲေဘာ္တစ္ဦးက ေျပာသည္

မေကြးၿမိဳု႔ေဒသခံကမ်ားကလည္း ယေန႔ နံနက္အေစာပိုင္း ေလတပ္အတြင္း ေပါက္ ကြဲသံမ်ားၾကားရၿပီး ေလတပ္အတြင္းသို႔ မည္သူ႔ကိုမွ ဝင္ေရာက္ခြင့္မေပးေတာ့ဘဲ ပိတ္ပင္ထားေၾကာင္း၊ ေလတပ္အနီးရွိ သေျပစမ္း ေက်း႐ြာကို စစ္တပ္က ဝင္ေရာက္စီးနင္းေနေၾကာင္း ေျပာဆိုၾကသည္

“‘ဒီမနက္ပိုင္း ေလတပ္အထဲမွာ ေပါက္ကြဲသံေတြၾကားရပါတယ္ ေလတပ္ထဲမွာက အေဆာက္အဦးေတြနဲ႔ ေျပးလမ္း စီမံကိန္းလိုဟာမ်ိဳးေတြ လုပ္ေနတာပါ။ အဲဒါ အခုမနက္ ေလတပ္ထဲမွာ လုပ္ေနတဲ့ ေဆာက္လုပ္ေရး နဲ႔ အျခားအလုပ္ သမားေတြကို အဝင္မခံေတာ့ဘူး အရင္ မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံး ပစ္ခဲ့ဖူးတဲ့ သေျပစမ္းေက်း႐ြာကိုလည္း စစ္ကားေတြေရာက္ေနၿပီး ဝင္စီးေနပါတယ္’ ဟု မေကြးေဒသခံတစ္ဦးက ေျပာဆိုသည္

ရန္ကုန္ေခတ္သစ္၏ ေလတပ္သတင္းရင္းျမစ္ကလည္း မေကြးေလတပ္စခန္းတြင္ ေပါက္ကြဲမႈျဖစ္သည္ဆိုေသာ သတင္းမ်ား ရရွိထားၿပီး အေသးစိတ္ မသိရွိရေသးေၾကာင္း၊ ျပင္ပသို႔ သတင္းမထြက္ေစရန္ မေကြးေလတပ္အတြင္း သတင္းဖုံးအုပ္ထားေၾကာင္း ေျပာဆိုသည္

ဓာတ္ပုံ- ယေန႔ နံနက္အေစာပိုင္း မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို သြား ေရာက္ ပစ္ခတ္ခဲ့သည့္ ေရွာ့တိုက္ဒုံး ၃ လုံးႏွင့္ ေတာ္လွန္ေရး ရဲေဘာ္မ်ား

Leave a Reply

Your email address will not be published. Required fields are marked *