ရန်ကုန်၊ နိုဝင်ဘာ ၁၅
မော်လမြိုင်တွင် ယမန်နေ့ ညပိုင်း ပစ်ခတ်မှု လူငယ် တချို့ ဖမ်းဆီးခံရပြီး ရဲ ၁ ဦးနှင့် သတင်းပေး အုပ်ချုပ်ရေးမှူးသား သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ ၃ လမ်းတွင် ယမန်နေ့ ညနေပိုင်း ပစ်ခတ်မှုတွင် လူငယ် တချို့ ဖမ်းဆီးခံရပြီး ရဲ ၁ ဦးနှင့် သတင်း ပေး ရပ်ကွက် အုပ်ချုပ်ရေးမှူးသား သေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်
ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီမှ စတင်၍ ပစ်ခတ်မှုများစတင်ဖြစ်ပွားခြင်းဖြစ်ပြီး သတင်းပေး ဒလန် အုပ်ချုပ်ရေးမှူးသားနှင့် ရဲများက လာရောက် ဖမ်းဆီးစဉ် ပစ်ခတ်မှု စတင်ဖြစ်ခြင်းဖြစ်ကြောင်း သိရှိရသည်
“အခု ပြန်သိရတာက လူငယ် (PDFဟုဆို) မိန်းကလေးတစ်ဦးပါတယ် အခြားလူငယ် (PDFဟုဆို) တွေလည်းပါတယ် အဖမ်းခံရတယ် ညပိုင်းကျမှ အဖမ်းခံရတာ ပစ်ခတ်မှုဖြစ်တော့ ရဲ ၁ ဦးသေတယ်၊ သတင်းပေး အုပ်ချုပ်ရေးမှူးသား သေတယ်လို့ပြောတယ် ဒဏ်ရာရတယ်လည်းပြောတယ်
သေသေချာချာမေးကြည့်တော့ သေတာလို့ပြောတယ်။ လူငယ် (PDFဟုဆို) တွေကတော့၄ ဦးလို့ ပြန်သိရတယ် အဖမ်းခံရတာ အဖမ်းခံရတော့ နှိပ်စက်ပြီး စစ်ကြောရေးမှာ သတ်နိုင်တယ်။ စစ်ခွေးတွေဘက်က ၂ ဦးသေထားတော့ ရဲဘော်တွေအတွက်တော့ အရမ်း ဝမ်းနည်း နှမျောတယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုသည်
ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှစတင်ပြီး စစ်တပ်က ဇေယျာ ၃ ရပ်ကွက်အတွင်းရှိ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးများ ပါ အသုံးပြုပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေ သုံးပြီး ပစ်ခက် ပိတ်ဆို့ခံခဲ့ပါတယ်
ရဲဘော်တွေ ဖမ်းစီးခံခဲ့ရမေယ့် ဆက်လက် တော်လှန်သွားမယ်လို့ လို့ အထူးမြေအောက်လှုပ်ရှားမှု အဖွဲ့က ထုတ်ပြန်ထားပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *