ေျမာင္ႏွင့္ ေရစႀကိဳ အစပ္တြင္ စစ္တပ္ စစ္ေၾကာင္းကို Mi 35 ရဟတ္ယာဥ္က မွားယြင္း ပစ္ခတ္ခဲ့ၿပီး ၆၉ ဦးေသဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ႏွင့္ ေရစႀကိဳၿမိဳ႕နယ္အစပ္တြင္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို Mi 35 ရဟတ္ယာဥ္က မွားယြင္း ပစ္ခတ္ခဲ့ၿပီး စစ္သား ၆၉ ဦးေသဆုံးခဲ့ေၾကာင္း CDSOM အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုေႏြဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ႏိုဝင္ဘာလ ၁၃ ရက္ေန႔ နံနက္ပိုင္းတြင္ အရပ္ဝတ္မ်ား ဝတ္ဆင္ထားေသာ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ေျမာင္ႏွင့္ ေရစႀကိဳ အစပ္ရွိ ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ ျပန္လည္ ထြက္ခြာလာစဥ္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး နံနက္ ၉ နာရီ ၃၀ မိနစ္ခန႔္တြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္မွ Mi 35 ၁ စီး ေရာက္ရွိလာၿပီး အရပ္ဝတ္ ဝတ္ဆင္ထားေသာ စစ္တပ္ စစ္ေၾကာင္းကို မွားယြင္း ပစ္ခတ္သြားျခင္း ျဖစ္ေၾကာင္းသိရသည္။

” ကြၽန္ေတာ္တို႔ ေျမာင္နဲ႔ ေရစႀကိဳနယ္ အစပ္ ဇရပ္နီနဲ႔ ေ႐ႊလွန္နဲ႔ အဲၾကားေတြ အဲတာ ေရစႀကိဳဘက္ျခမ္းေပါ့။ ေျမာင္ဘက္ဆိုရင္ ျမစ္ဆုံ႐ြာအနီးေပါ့။ အဲဒီၾကားမွာ မွားၿပီး က်ဲခံရတာ အဲျဖစ္စဥ္က ၉ နာရီ ခြဲေလာက္က ျဖစ္တာ ၆၉ ေကာင္ဆိုေတာ့ စစ္ေၾကာင္း တစ္ေၾကာင္းလုံးေတာ့ မကုန္ဘူး။

သူတို႔က တစ္ေၾကာင္းကို ၁၀၀ ေက်ာ္ေလာက္ပါတာ ဆိုေတာ့ ၆၉ ေကာင္ဆိုေတာ့ တစ္ေၾကာင္းလုံး နီးပါးေပါ့။ အဲလို မွားၿပီးက်ဲၿပီးတဲ့ေနာက္ ေမာ္ေတာ္ အင္အား ၃၀ နဲ႔လာၿပီးေတာ့ အေလာင္းေတြ လာသယ္တယ္။ မေန႔က ေျမာင္ ပရိမၼ႐ြာကို မီးရႈိ႕ေနတဲ့ စစ္ေၾကာင္းကလည္း ခ်က္ျခင္း အဲဘက္ကို တက္သြားတယ္။ အခုဆိုရင္ေတာ့ သူတို႔ စစ္ေၾကာင္းေတြ ဆုံသြားၿပီး ထိခိုက္ဒဏ္ရာေတြကေတာ့ ပါအုန္းမွာ အေလာင္း လိုက္ထမ္းေပးတဲ့သူေတြက သူတို႔ ေရတြက္တြက္ လိုက္တဲ့ဟာက သူတို႔ထမ္းေပးလိုက္ရတာ ၆၉ ေကာင္လို႔ အဲလိုလွမ္းေျပာတယ္။

မနက္ကေတာ့ တိုက္ပြဲက ျဖစ္ခဲ့တယ္။ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ သူတို႔က ေလယာဥ္ေခၚတာေပါ့။ ေလယာဥ္ေခၚတဲ့ အခ်ိန္မွာ ကာကြယ္ေရး အဖြဲ႕ေတြက မရွိေတာ့ဘူး။ သူတို႔ပဲက်န္ခဲ့တာ သူတို႔ကလည္း အရပ္ဝတ္ေတြ ဝတ္ထားတာ အရပ္ဝတ္ေတြ ဝတ္ထားေတာ့ အဲတာသူတို႔ေပၚမွာၿပီး က်ဲခ်သြားတာ အဲစစ္ေၾကာင္းက ေရစႀကိဳကို မီးရႈိ႕ၿပီးေတာ့ ေျမာင္နယ္ထဲကို ဝင္ၿပီးေတာ့ မီးရႈိ႕ၿပီးေတာ့ ေရစႀကိဳထဲကို ျပန္ထြက္တဲ့ အခ်ိန္မွာ ထိေတြ႕မႈ ျဖစ္တဲ့အခ်ိန္မွာပဲ ေရယာဥ္ အကူေခၚၿပီး က်ဲခိုင္းတဲ့ဟာက ျပည္သူ႔ေမတၱာဆူးတယ္လို႔ပဲေျပာရမွာေပါ့” ဟု CDSOM အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုေႏြဦးက ေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ Mi 35 ရဟတ္ယာဥ္ျဖင့္ ၂၅ ႀကိမ္ ဗုံးက်ဲတိုက္ခိုက္ခံရၿပီး ထိခိုက္ေသဆုံးမႈ မ်ားခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္း စစ္ေၾကာင္းသည္ ေျမာင္နယ္ ေက်း႐ြာ ၇႐ြာ ႏွင့္ ေရစႀကိဳနယ္ရွိ ေက်း႐ြာ ၄ ႐ြာတို႔ကို မီးရႈိ႕ဖ်က္ဆီးၿပီး ျပန္လည္ ထြက္ခြာလာစဥ္ မွားယြင္း တိုက္ခိုက္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

===========

မြောင်နှင့် ရေစကြို အစပ်တွင် စစ်တပ် စစ်ကြောင်းကို Mi 35 ရဟတ်ယာဉ်က မှားယွင်း ပစ်ခတ်ခဲ့ပြီး ၆၉ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Mi 35 ရဟတ်ယာဉ်က မှားယွင်း ပစ်ခတ်ခဲ့ပြီး စစ်သား ၆၉ ဦးသေဆုံးခဲ့ကြောင်း CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြောင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာလာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ Mi 35 ၁ စီး ရောက်ရှိလာပြီး အရပ်ဝတ် ဝတ်ဆင်ထားသော စစ်တပ် စစ်ကြောင်းကို မှားယွင်း ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

” ကျွန်တော်တို့ မြောင်နဲ့ ရေစကြိုနယ် အစပ် ဇရပ်နီနဲ့ ရွှေလှန်နဲ့ အဲကြားတွေ အဲတာ ရေစကြိုဘက်ခြမ်းပေါ့။ မြောင်ဘက်ဆိုရင် မြစ်ဆုံရွာအနီးပေါ့။ အဲဒီကြားမှာ မှားပြီး ကျဲခံရတာ အဲဖြစ်စဉ်က ၉ နာရီ ခွဲလောက်က ဖြစ်တာ ၆၉ ကောင်ဆိုတော့ စစ်ကြောင်း တစ်ကြောင်းလုံးတော့ မကုန်ဘူး။

သူတို့က တစ်ကြောင်းကို ၁၀၀ ကျော်လောက်ပါတာ ဆိုတော့ ၆၉ ကောင်ဆိုတော့ တစ်ကြောင်းလုံး နီးပါးပေါ့။ အဲလို မှားပြီးကျဲပြီးတဲ့နောက် မော်တော် အင်အား ၃၀ နဲ့လာပြီးတော့ အလောင်းတွေ လာသယ်တယ်။ မနေ့က မြောင် ပရိမ္မရွာကို မီးရှို့နေတဲ့ စစ်ကြောင်းကလည်း ချက်ခြင်း အဲဘက်ကို တက်သွားတယ်။ အခုဆိုရင်တော့ သူတို့ စစ်ကြောင်းတွေ ဆုံသွားပြီး ထိခိုက်ဒဏ်ရာတွေကတော့ ပါအုန်းမှာ အလောင်း လိုက်ထမ်းပေးတဲ့သူတွေက သူတို့ ရေတွက်တွက် လိုက်တဲ့ဟာက သူတို့ထမ်းပေးလိုက်ရတာ ၆၉ ကောင်လို့ အဲလိုလှမ်းပြောတယ်။

မနက်ကတော့ တိုက်ပွဲက ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့က လေယာဉ်ခေါ်တာပေါ့။ လေယာဉ်ခေါ်တဲ့ အချိန်မှာ ကာကွယ်ရေး အဖွဲ့တွေက မရှိတော့ဘူး။ သူတို့ပဲကျန်ခဲ့တာ သူတို့ကလည်း အရပ်ဝတ်တွေ ဝတ်ထားတာ အရပ်ဝတ်တွေ ဝတ်ထားတော့ အဲတာသူတို့ပေါ်မှာပြီး ကျဲချသွားတာ အဲစစ်ကြောင်းက ရေစကြိုကို မီးရှို့ပြီးတော့ မြောင်နယ်ထဲကို ဝင်ပြီးတော့ မီးရှို့ပြီးတော့ ရေစကြိုထဲကို ပြန်ထွက်တဲ့ အချိန်မှာ ထိတွေ့မှု ဖြစ်တဲ့အချိန်မှာပဲ ရေယာဉ် အကူခေါ်ပြီး ကျဲခိုင်းတဲ့ဟာက ပြည်သူ့မေတ္တာဆူးတယ်လို့ပဲပြောရမှာပေါ့” ဟု CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် Mi 35 ရဟတ်ယာဉ်ဖြင့် ၂၅ ကြိမ် ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် မြောင်နယ် ကျေးရွာ ၇ရွာ နှင့် ရေစကြိုနယ်ရှိ ကျေးရွာ ၄ ရွာတို့ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ထွက်ခွာလာစဉ် မှားယွင်း တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *