ေမာ္လၿမိဳင္ၿမိဳ႕တြင္း၌ အၾကမ္းဖက္စစ္တပ္ႏွင့္ PDF ယေန႔ည အျပန္အလွန္ပစ္ခတ္

14 NOV 2022 By MPA

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ ေဇယ်ာသီရီရပ္ကြက္တြင္ ယေန႔ ညေန ၄ နာရီခြဲမွ ည ၇ နာရီခြဲေက်ာ္အထိ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ရပ္ကြက္တစ္ခုလုံးကို အၾကမ္းဖက္စစ္တပ္ကအသြားအလာပိတ္ဆို႔ထားေၾကာင္း သိရသည္

ေမာ္လၿမိဳင္ ၿမိဳ႕ေဇယ်ာသီရိရပ္ကြက္၊ ေဇယ်ာ (၃) လမ္းရွိ ေနအိမ္တစ္လုံး၌ ေတာ္လွန္ေရးအင္အားစုဝင္မ်ား ပုန္းခိုေနသည္ဟုဆိုကာ အၾကမ္းဖက္စစ္တပ္က လာေရာက္စစ္ေဆးစဥ္ ႏွစ္ဘက္အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း မ်က္ျမင္ႀကဳံေတြ႕ခဲ့ရသူ ေမာ္လၿမိဳင္ေဒသခံတစ္ဦးကေျပာသည္

“ေဇယ်ာ (၃) လမ္းထဲကိုအထည္လာပို႔တာ။ အဲဒီမွာပစ္ခတ္တာေတြ႕ရေတာ့ ေတြ႕တဲ့အိမ္မွာဝင္ပုန္းေနတာ အခုအထိပစ္ခတ္ေနတုန္းပါပဲ”ဟု ၎က ယေန႔ည၇ နာရီေက်ာ္တြင္ ေျပာသည္

ည ၇ နာရီခြဲေက်ာ္အထိ အၾကမ္းဖက္စစ္တပ္က လက္နက္ႀကီးအပါအဝင္ေသနတ္ပစ္ခတ္သံမ်ားၾကားေနရၿပီး ရပ္ကြက္အတြင္းရွိ ေဒသခံမ်ားမွာပိတ္မိေနေၾကာင္း အနီးအနားရွိေဇယ်ာ ၂ လမ္းတြင္ ေနထိုင္သူတစ္ဦးကေျပာသည္

“အခုအထိကိုပစ္ေနတုန္းပဲ မီးေလာင္ေနတာေတာ့ လွမ္းေတြ႕ရတယ္ လက္နက္ႀကီးနဲ႔ပစ္ေနတဲ့ အသံလည္းၾကားေနရတယ္ ေဇယ်ာ ၃ လမ္းကိုေတာ့ အသြားအလာပိတ္လိုက္ၿပီ”ဟု ၎က ေျပာသည္

ယင္းသို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္တြင္ေမာ္လၿမိဳင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(ပကဖ) မွ(၇)ဦးအနက္( ၅) ဦးမွာ ဖမ္းဆီးခံရၿပီး တစ္ဦးေသဆုံးခဲ့ကာ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရဲႏွစ္ဦးလည္းေသဆုံးခဲ့ေၾကာင္း Peoples Defense Organization -Mawlmyein အဖြဲ႕က ေျပာသည္

“ေမာ္လၿမိဳင္ ပကဖအဖြဲ႕နဲ႔ ပစ္ခတ္တာမွန္ပါတယ္။ ပကဖ ၅ ေယာက္ မိတယ္ ၂ ေယာက္ ထိထားတယ္ ရခႏွစ္ေကာင္က်တယ္။ ၇ နာရီအထိပဲအဖြဲ႕နဲ႔ အဆက္အသြယ္ရတယ္။ ေလာေလာဆယ္ေတာ့ အဆက္အသြယ္ေတြျပတ္ေနေတာ့ ေနာက္ဆက္တြဲမသိရေသးဘူး”ဟု Peoples Defense Organization -Mawlmyein အဖြဲ႕ တာဝန္ခံက ေျပာသည္

ည ၈ နာရီခြဲအခ်ိန္အထိ ေဇယ်ာသီရိရပ္ကြက္ အတြင္းပိုင္းကို အၾကမ္းဖက္စစ္တပ္က အင္အားမ်ားစြာျဖင့္ ပိတ္ဆို႔စစ္ေဆးေနၿပီးယင္းရပ္ကြက္ရွိတိုက္တစ္လုံးမွာ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္မီးေလာင္ပ်က္စီးေနေၾကာင္းသိရသည္

မော်လမြိုင်မြို့တွင်း၌ အကြမ်းဖက်စစ်တပ်နှင့် PDF ယနေ့ည အပြန်အလှန်ပစ်ခတ်

14 NOV 2022 By MPA

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဇေယျာသီရီရပ်ကွက်တွင် ယနေ့ ညနေ ၄ နာရီခွဲမှ ည ၇ နာရီခွဲကျော်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်တစ်ခုလုံးကို အကြမ်းဖက်စစ်တပ်ကအသွားအလာပိတ်ဆို့ထားကြောင်း သိရသည်

မော်လမြိုင် မြို့ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၃) လမ်းရှိ နေအိမ်တစ်လုံး၌ တော်လှန်ရေးအင်အားစုဝင်များ ပုန်းခိုနေသည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က လာရောက်စစ်ဆေးစဉ် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသူ မော်လမြိုင်ဒေသခံတစ်ဦးကပြောသည်

“ဇေယျာ (၃) လမ်းထဲကိုအထည်လာပို့တာ။ အဲဒီမှာပစ်ခတ်တာတွေ့ရတော့ တွေ့တဲ့အိမ်မှာဝင်ပုန်းနေတာ အခုအထိပစ်ခတ်နေတုန်းပါပဲ”ဟု ၎င်းက ယနေ့ည၇ နာရီကျော်တွင် ပြောသည်

ည ၇ နာရီခွဲကျော်အထိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပါအဝင်သေနတ်ပစ်ခတ်သံများကြားနေရပြီး ရပ်ကွက်အတွင်းရှိ ဒေသခံများမှာပိတ်မိနေကြောင်း အနီးအနားရှိဇေယျာ ၂ လမ်းတွင် နေထိုင်သူတစ်ဦးကပြောသည်

“အခုအထိကိုပစ်နေတုန်းပဲ မီးလောင်နေတာတော့ လှမ်းတွေ့ရတယ် လက်နက်ကြီးနဲ့ပစ်နေတဲ့ အသံလည်းကြားနေရတယ် ဇေယျာ ၃ လမ်းကိုတော့ အသွားအလာပိတ်လိုက်ပြီ”ဟု ၎င်းက ပြောသည်

ယင်းသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင်မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ(၇)ဦးအနက်( ၅) ဦးမှာ ဖမ်းဆီးခံရပြီး တစ်ဦးသေဆုံးခဲ့ကာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးလည်းသေဆုံးခဲ့ကြောင်း Peoples Defense Organization -Mawlmyein အဖွဲ့က ပြောသည်

“မော်လမြိုင် ပကဖအဖွဲ့နဲ့ ပစ်ခတ်တာမှန်ပါတယ်။ ပကဖ ၅ ယောက် မိတယ် ၂ ယောက် ထိထားတယ် ရခနှစ်ကောင်ကျတယ်။ ၇ နာရီအထိပဲအဖွဲ့နဲ့ အဆက်အသွယ်ရတယ်။ လောလောဆယ်တော့ အဆက်အသွယ်တွေပြတ်နေတော့ နောက်ဆက်တွဲမသိရသေးဘူး”ဟု Peoples Defense Organization -Mawlmyein အဖွဲ့ တာဝန်ခံက ပြောသည်

ည ၈ နာရီခွဲအချိန်အထိ ဇေယျာသီရိရပ်ကွက် အတွင်းပိုင်းကို အကြမ်းဖက်စစ်တပ်က အင်အားများစွာဖြင့် ပိတ်ဆို့စစ်ဆေးနေပြီးယင်းရပ်ကွက်ရှိတိုက်တစ်လုံးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်မီးလောင်ပျက်စီးနေကြောင်းသိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *