ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ သုံးဦးက လက္နက္ခ် အဖမ္းခံလိုက္ၿပီလို႔ ေဇယ်ာ (၃) ရပ္ကြက္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္😔

ေမာလၿမိဳင္ၿမိဳ႕ အေရွ႕ဘက္မွာရွိတဲ့ ေဇယ်ာ (၃)ရပ္ကြက္က ေနအိမ္တိုက္ခန္းတစ္ခုမွာ ျပည္သူ႔ကာ ကြယ္ေရး တပ္ဖြဲ႕ဝင္ေတြ ပုန္းခိုေနတယ္ဆိုတဲ့သတင္းအရ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဒီကေန႔ ႏိုဝင္ဘာ (၁၄)ရက္ ညေန ပိုင္းမွာ ပိတ္ဆို႔ဖမ္းဆီးဖို႔ႀကိဳးပမ္းရာက အျပန္အလွန္ပစ္ခတ္မႈျဖစ္ေနတာလို႔ သိရပါတယ္

“ခဏတုန္းက ကြၽန္ေတာ္ အဲဒီဘက္ျခမ္းကို သြားၾကည့္က္ေတာ့ အေရးေပၚကားႏွစ္စီးထြက္လာတာ ေတြ႕ရ တယ္၊ အဲဒီဘက္ျခမ္းကေနၿပီးေတာ့ အေရးတႀကီးထြက္လာတဲ့ပုံစံပဲ စကစဘက္ျခမ္းက ထိေတာ့ ထိသြားၿပီး ထင္တယ္”လို႔ ေမာ္လၿမိဳင္ၿမိဳ႕ခံတဦးက ေျပာပါတယ္

အျပန္အလွန္ပစ္ခတ္မႈအတြင္း လက္နက္ငယ္ေတြအျပင္ လက္နက္ႀကီး ပစ္သံေတြလည္း ၾကားေနရၿပီး ေဒသခံနဲ႔ DNA အဆက္အသြယ္ရေနခ်ိန္ ည၇နာရီေက်ာ္အထိ အျပန္အလွန္ ပစ္ခတ္သံေတြ ၾကားေနရဆဲပဲလို႔ ဆိုပါတယ္

လက္ရွိမွာေတာ့ ပစ္ခတ္မႈျဖစ္ေနတဲ့ေနရာကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ အင္အားအမ်ားအျပားေရာက္ရွိလာၿပီး ေဇယ်ာ (၃) ရပ္ကြက္တစ္ခုလုံးကို ပိတ္ဆို႔ထားတဲ့အျပင္ လမ္းသြားလမ္းလာျပည္သူေတြကို စစ္ေဆးမႈ ေတြ လုပ္ေဆာင္ ေနတယ္ လို႔ သိရပါတယ္

ႏွစ္ဘက္ပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီတပ္ဘက္က ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သူေတြကို ေမာ္လၿမိဳင္ၿမိဳ႕က ေဆး႐ုံ တ႐ုံကို ပို႔ေဆာင္ထားရၿပီး ပစ္ခတ္မႈမွာ ပါဝင္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ သုံးဦးက လက္နက္ခ် အဖမ္းခံလိုက္ၿပီလို႔ ေဇယ်ာ (၃) ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ နီးစပ္သူေတြက DNA ကိုေျပာပါတယ္

အျပန္အလွန္ပစ္ခတ္မႈျဖစ္တဲ့ေနရာဟာ လူေနအိမ္ေတြလည္း ရွိေနတဲ့ ေနရာျဖစ္ေပမယ့္ နာရီနဲ႔ခ်ီ ပစ္ခတ္မႈေတြရွိေနၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အသုံးျပဳတာလည္းရွိတယ္လို႔ ဆိုပါတယ္

အဲ့ဒီအျပန္အလွန္ ပစ္ခတ္မႈဟာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ ပစ္ခတ္ၾကတယ္ဆိုတာနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ ဖမ္းဆီးခံလိုက္ရတယ္ဆိုတာေတြကို DNA က ဆက္လက္စုံစမ္းအတည္ျပဳုေနပါတယ္

Delta News Agency

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးက လက်နက်ချ အဖမ်းခံလိုက်ပြီလို့ ဇေယျာ (၃) ရပ်ကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်😔

မောလမြိုင်မြို့ အရှေ့ဘက်မှာရှိတဲ့ ဇေယျာ (၃)ရပ်ကွက်က နေအိမ်တိုက်ခန်းတစ်ခုမှာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ နိုဝင်ဘာ (၁၄)ရက် ညနေ ပိုင်းမှာ ပိတ်ဆို့ဖမ်းဆီးဖို့ကြိုးပမ်းရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်နေတာလို့ သိရပါတယ်

“ခဏတုန်းက ကျွန်တော် အဲဒီဘက်ခြမ်းကို သွားကြည့်က်တော့ အရေးပေါ်ကားနှစ်စီးထွက်လာတာ တွေ့ရ တယ်၊ အဲဒီဘက်ခြမ်းကနေပြီးတော့ အရေးတကြီးထွက်လာတဲ့ပုံစံပဲ စကစဘက်ခြမ်းက ထိတော့ ထိသွားပြီး ထင်တယ်”လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်

အပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်ငယ်တွေအပြင် လက်နက်ကြီး ပစ်သံတွေလည်း ကြားနေရပြီး ဒေသခံနဲ့ DNA အဆက်အသွယ်ရနေချိန် ည၇နာရီကျော်အထိ အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရဆဲပဲလို့ ဆိုပါတယ်

လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်နေတဲ့နေရာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားရောက်ရှိလာပြီး ဇေယျာ (၃) ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားတဲ့အပြင် လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှု တွေ လုပ်ဆောင် နေတယ် လို့ သိရပါတယ်

နှစ်ဘက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မော်လမြိုင်မြို့က ဆေးရုံ တရုံကို ပို့ဆောင်ထားရပြီး ပစ်ခတ်မှုမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးက လက်နက်ချ အဖမ်းခံလိုက်ပြီလို့ ဇေယျာ (၃) ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်

အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ လူနေအိမ်တွေလည်း ရှိနေတဲ့ နေရာဖြစ်ပေမယ့် နာရီနဲ့ချီ ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြုတာလည်းရှိတယ်လို့ ဆိုပါတယ်

အဲ့ဒီအပြန်အလှန် ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ကြတယ်ဆိုတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာတွေကို DNA က ဆက်လက်စုံစမ်းအတည်ပြုုနေပါတယ်

Delta News Agency

 

Leave a Reply

Your email address will not be published. Required fields are marked *