ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ၊ ေဇယ်ာ ၃ ရပ္ကြက္တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားေန၊ စစ္တပ္က ေနအိမ္တစ္အိမ္ကို ဝင္စီးရာမွ ပစ္ခတ္မႈမ်ားျဖစ္ၿပီး စစ္အင္အား အလုံးအရင္းျဖင့္ ရပ္ကြက္ကိုပါ ပိတ္ဆို႔ထား

ရန္ကုန္၊ ႏိုဝင္ဘာ ၁၄

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ၊ ေဇယ်ာ ၃ ရပ္ကြက္တြင္ ယေန႔ ညေနပိုင္း ပစ္ခတ္မႈမ်ားျဖစ္ပြားေနၿပီး စစ္တပ္က ေနအိမ္တစ္အိမ္ကို ဝင္စီးရာမွ ပစ္ခတ္မႈမ်ားျဖစ္ၿပီး စစ္အင္အား အလုံးအရင္းျဖင့္ ရပ္ကြက္ကိုပါ ပိတ္ဆို႔ထားေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္

ႏိုဝင္ဘာလ ၁၄ ရက္ေန႔ ညေန ၄ နာရီခြဲအခ်ိန္မွစတင္ၿပီး စစ္တပ္က ေဇယ်ာ ၃ ရပ္ကြက္အတြင္းရွိ ေနအိမ္ကို ဝင္ေရာက္စီးနင္းရန္ ျပင္ဆင္ေနစဥ္ ပစ္ခတ္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း၊ လတ္တေလာ စစ္တပ္က လက္နက္ႀကီးမ်ား ပါ အသုံးျပဳပစ္ခတ္ေနေၾကာင္း၊ အျပန္အလွန္ ပစ္ခတ္မႈေၾကာင့္ ရဲတစ္ဦး ထိမွန္ေသဆုံးထားသည္ဟု သိရွိထားေသာ္လည္း အေသးစိတ္ အေျခအေန မသိရွိရေသးေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္

“ညေန ၄ နာရီေက်ာ္ကတည္းက အခုအထိပစ္ေနၾကတယ္။ လက္နက္ႀကီးေတြ စက္ေသနတ္ေတြနဲ႔ စစ္တပ္က ပစ္ေနတာ ရပ္ကြက္က အစြန္ေလာက္မွာ ျဖစ္ေနၾကတာ ျပည္သူေတြက အထဲမွာ ေနေနရတယ္။ လက္နက္ႀကီးေတာင္ ရွစ္ခ်က္ ရွိေနၿပီ ပစ္တာ ေမာ္လၿမိဳင္ေဇယ်ာ ၃ ဘက္မွာပစ္ေနၾကတာ

တိုက္ခန္းငွါးေနတဲ့သူေတြကို တံခါးမဖြင့္ေပးလို႔ပစ္ၾကတာ ရပ္ကြက္ကို မဆိုင္တဲ့မထြက္နဲ႔အကုန္ပစ္သတ္မယ္တဲ့ စစ္တပ္က ေအာ္ေနတယ္ စကစဘက္ကအင္အားအမ်ားနဲ႔လာပစ္ေနတာ ရဲတစ္ေယာက္ေသသြားၿပီ။ ရပ္ကြက္က လူေတြကို အျပင္ထြက္ၿပီး ေျပာင္းခိုင္းေနတယ္။ မိုင္းဆြဲမလို႔လို႔ ေျပာတယ္” ဟု ေဒသ ခံတစ္ဦးက ေျပာဆိုသည္

လက္ရွိအခ်ိန္တြင္ စစ္တပ္က ရပ္ကြက္တစ္ခုလုံးကို ပိတ္ဆို႔ထားၿပီး ၎တို႔ ေျပာင္းေ႐ႊ႕ခိုင္းထားသူမ်ားမွ အပ မည္သူကိုမွ အျပင္ထြက္ခြင့္မေပးေၾကာင္း သိရွိရသည္

ဓာတ္ပုံ- ပစ္ခတ္မႈျဖစ္ပြားေနေသာ ေမာ္လၿမိဳင္ ေဇယ်ာ ၃ ရပ္ကြက္ တစ္ေနရာ။

မော်လမြိုင်မြို့ပေါ် ၊ ဇေယျာ ၃ ရပ်ကွက်တွင် ပစ်ခတ်မှုများဖြစ်ပွားနေ၊ စစ်တပ်က နေအိမ်တစ်အိမ်ကို ဝင်စီးရာမှ ပစ်ခတ်မှုများဖြစ်ပြီး စစ်အင်အား အလုံးအရင်းဖြင့် ရပ်ကွက်ကိုပါ ပိတ်ဆို့ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ၊ ဇေယျာ ၃ ရပ်ကွက်တွင် ယနေ့ ညနေပိုင်း ပစ်ခတ်မှုများဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တစ်အိမ်ကို ဝင်စီးရာမှ ပစ်ခတ်မှုများဖြစ်ပြီး စစ်အင်အား အလုံးအရင်းဖြင့် ရပ်ကွက်ကိုပါ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောဆိုသည်

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှစတင်ပြီး စစ်တပ်က ဇေယျာ ၃ ရပ်ကွက်အတွင်းရှိ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က လက်နက်ကြီးများ ပါ အသုံးပြုပစ်ခတ်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲတစ်ဦး ထိမှန်သေဆုံးထားသည်ဟု သိရှိထားသော်လည်း အသေးစိတ် အခြေအနေ မသိရှိရသေးကြောင်း ဒေသခံများက ဆိုကြသည်

“ညနေ ၄ နာရီကျော်ကတည်းက အခုအထိပစ်နေကြတယ်။ လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ စစ်တပ်က ပစ်နေတာ ရပ်ကွက်က အစွန်လောက်မှာ ဖြစ်နေကြတာ ပြည်သူတွေက အထဲမှာ နေနေရတယ်။ လက်နက်ကြီးတောင် ရှစ်ချက် ရှိနေပြီ ပစ်တာ မော်လမြိုင်ဇေယျာ ၃ ဘက်မှာပစ်နေကြတာ

တိုက်ခန်းငှါးနေတဲ့သူတွေကို တံခါးမဖွင့်ပေးလို့ပစ်ကြတာ ရပ်ကွက်ကို မဆိုင်တဲ့မထွက်နဲ့အကုန်ပစ်သတ်မယ်တဲ့ စစ်တပ်က အော်နေတယ် စကစဘက်ကအင်အားအများနဲ့လာပစ်နေတာ ရဲတစ်ယောက်သေသွားပြီ။ ရပ်ကွက်က လူတွေကို အပြင်ထွက်ပြီး ပြောင်းခိုင်းနေတယ်။ မိုင်းဆွဲမလို့လို့ ပြောတယ်” ဟု ဒေသ ခံတစ်ဦးက ပြောဆိုသည်

လက်ရှိအချိန်တွင် စစ်တပ်က ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားပြီး ၎င်းတို့ ပြောင်းရွှေ့ခိုင်းထားသူများမှ အပ မည်သူကိုမှ အပြင်ထွက်ခွင့်မပေးကြောင်း သိရှိရသည်

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားနေသော မော်လမြိုင် ဇေယျာ ၃ ရပ်ကွက် တစ်နေရာ။

 

Leave a Reply

Your email address will not be published. Required fields are marked *