မူဆယ္မွာ ေပါက္ကြဲမႈ ျဖစ္ပြားၿပီး ျပည္သူ႔စစ္ ၂ ဦး ဒဏ္ရာအျပင္းအထန္ရ

ေ႐ႊဖီေျမ၊ ႏိုဝင္ဘာ ၁၄ ရက္၊ မူဆယ္

ရွမ္းေျမာက္ မူဆယ္ၿမိဳ႕မွာ ဒီေန႔မနက္ ၁၁ နာရီဝန္းက်င္က မဂၤလာမူဆယ္ Top One မိုတယ္အနီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္

၃ လုံး ေပါက္ကြဲမႈေၾကာင့္ လုံၿခဳံေရး ေစာင့္ေနတဲ့ စစ္ေကာင္စီ လက္ေအာက္ခံ မန္ၿပိန္းျပည္သူ႔စစ္ ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္

ျပည္သူ႔စစ္ ၂ ဦး ဒဏ္ရာရတယ္ ျပင္းထန္တယ္လို႔ ၾကားမိတယ္ အခုအဲေနရာမွာ စစ္သားေတြ လုံၿခဳံေရး ေစာင့္ေနတယ္ အဲလမ္း အသြားအလာ ခဏပိတ္ထားတယ္

ေပါက္ကြဲမႈျဖစ္စဥ္မွာ လမ္းသြားလမ္းလာ ျပည္သူ ထိခိုက္ဒဏ္ရာ ရရွိတာေတြ မေတြ႕ရေသးဘူးလို႔ ၎က ဆိုပါတယ္

မူဆယ္မွာ မၾကာခဏ ေပါက္ကြဲမႈ ျဖစ္ပြားေနၿပီး ၿပီးခဲ့တဲ့ ဩဂုတ္ ၂ ရက္က ေနရာ ၃ ေနရာမွာ ေပါက္ကြဲမႈျဖစ္ၿပီး ရဲ ၂ ဦး tayဆုံးကာ ၄ ဦး ဒဏ္ရာရရွိခဲ့ဖူးပါတယ္ Crd- ေ႐ႊဖီေျမ

မူဆယ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူ့စစ် ၂ ဦး ဒဏ်ရာအပြင်းအထန်ရ

ရွှေဖီမြေ၊ နိုဝင်ဘာ ၁၄ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က မင်္ဂလာမူဆယ် Top One မိုတယ်အနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်

၃ လုံး ပေါက်ကွဲမှုကြောင့် လုံခြုံရေး စောင့်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ မန်ပြိန်းပြည်သူ့စစ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်

ပြည်သူ့စစ် ၂ ဦး ဒဏ်ရာရတယ် ပြင်းထန်တယ်လို့ ကြားမိတယ် အခုအဲနေရာမှာ စစ်သားတွေ လုံခြုံရေး စောင့်နေတယ် အဲလမ်း အသွားအလာ ခဏပိတ်ထားတယ်

ပေါက်ကွဲမှုဖြစ်စဉ်မှာ လမ်းသွားလမ်းလာ ပြည်သူ ထိခိုက်ဒဏ်ရာ ရရှိတာတွေ မတွေ့ရသေးဘူးလို့ ၎င်းက ဆိုပါတယ်

မူဆယ်မှာ မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က နေရာ ၃ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ရဲ ၂ ဦး tayဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ် Crd- ရွှေဖီမြေ

Leave a Reply

Your email address will not be published. Required fields are marked *