စစ္တပ္က လူလာ ဖမ္းရာတြင္ မေတြ႕၍ ေငြက်ပ္ ၅ သိန္းေက်ာ္တန္ဖိုး ရွိသည့္ ငါးေျခာက္မ်ားကို လုယူသြား

ရန္ကုန္၊ ႏိုဝင္ဘာ ၁၄

ရခိုင္ျပည္၊ ေက်ာက္ျဖဴၿမိဳ႕ ကုလားပိုက္ဆိပ္ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ ရွာေဖြရာတြင္ မေတြ႕ရွိသျဖင့္ ၎၏ ပိုင္ဆိုင္ေသာ ငါးေျခာက္ ဒိုင္တြင္ထားသည့္ ကာလတန္ဖိုး ၅သိန္းေက်ာ္ရွိ ငါးေျခာက္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ယူေဆာင္သြားေၾကာင္း ရပ္ ကြက္တြင္ ေနထိုင္သူမ်ားက ေျပာသည္

ႏိုဝင္ဘာ ၁၂ရက္ေန႔ ညဥ့္ ၁၀ နာရီေက်ာ္ခန႔္က ကုလားပိုက္ဆိပ္ ရပ္ကြက္၊ ဘုန္းႀကီးေက်ာင္းလမ္းတြင္ ေနထိုင္သည့္ အဖ ဦးလွသာထြန္း၏ သားျဖစ္သူ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ကိုလွျမင့္ထြန္းကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ စရဖမ်ား ၃၀ခန႔္က အိမ္စီးကားတစ္စီး၊ ကားအႀကီး ၂ စီးတို႔ျဖင့္ လာေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္

ယင္းကဲ့သို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေနအိမ္သို႔ ဝင္ေရာက္ၿပီးရွာေဖြရာတြင္ ဇနီးျဖစ္သူႏွင့္ ဖခင္တို႔ ရွိရာ ကိုလွျမင့္ထြန္း ကို ရွာမေတြၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ငါးေျခာက္ဒိုင္သို႔ သြားေရာက္ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ ရပ္ကြက္ေနထိုင္သူတစ္ဦးက ေျပာသည္

“ယူနီေဖာင္းေရာ ၊ ယူနီေဖာင္းမပါတာေရာ၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္နဲ႔ စရဖ အပါအဝင္ ၃၀ ခန႔္ေလာက္ရွိမယ္။ ကိုလွျမင့္ထြန္းရွိ၊ မရွိကိုေမးတယ္ ေနအိမ္ကို ဝင္ရွာတယ္။ ေမႊတယ္။ သူ႔မိန္းမက ေယာက်္ားမရွိဘူး နယ္မွာလို႔ေျပာတယ္ သူပိုင္ဆိုင္တဲ့ ငါးေျခာက္ဒိုင္ကို သြားၾကတယ္ သူအဲ့ဒီငါးေျခာက္ဒိုင္မွာ ရွိမယ္ဆိုၿပီးေတာ့ သြားၾကတာေပါ့”ဟု ေဒသခံတစ္ဦးက ေျပာသည္

ကိုလွျမင့္ထြန္း မိသားစုေနထိုင္သည့္ ေနအိမ္ႏွင့္ စီးပြားေရး လုပ္ငန္းလုပ္ကိုင္သည့္ ငါးေျခာက္ဒိုင္းတို႔သည္ မလွမ္းမကမ္းတြင္ရွိေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ၎အား ရွာမေတြ႕ရာကေန ငါးေျခာက္ဒိုင္တြင္ ရွိမည္ဟု ယူဆခ်က္ျဖင့္ သြားေရာက္ရွာေဖြခဲ့ေၾကာင္း ရပ္ကြက္ေနထိုင္သူမ်ားက ေျပာသည္

သို႔ေသာ္လည္း ကိုလွျမင့္ထြန္း အား ရွာမေတြ႕ဘဲ ငါးေျခာက္ဒိုင္တြင္ ရွိသည့္ ငါးရံဂုံးေျခာက္၊ ငါးညိဳ႕ေျခာက္စသည့္ ကာလတန္ဖိုး ၅သိန္းေက်ာ္ဖိုးရွိ ငါးေျခာက္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ယူေဆာင္သြားၿပီး ပစၥည္းတစ္ခ်ိဳ႕ကိုလည္း ဖ်က္ဆီးသြားခဲ့ေၾကာင္း ရပ္ကြက္ေနထိုင္သူမ်ားက ေျပာသည္

“သူ႔ကို အိမ္မွာ မရွိဘူးဆိုေတာ့ မယုံဘူးေပါ့ ငါးေျခာက္ဒိုင္ကို စစ္ေကာင္စီတပ္သားေတြက သြားၾကတာပါ ငါးေျခာက္ေတြ သိုေလွာင္ထားတာအမ်ားႀကီးပါပဲ သူတို႔ မိသားစုက ငါးလုပ္ငန္းလုပ္တယ္ ငါးဒိုင္ဖြင့္ထားတာေပါ့ သူ႔ကို မေတြ႕ေတာ့၊ ငါးေျခာက္ဒိုင္မွာရွိတဲ့ ငါးေျခာက္ေတြကို ယူသြားတယ္ ကာလတန္ဖို႔ ၅ သိန္းေက်ာ္ေလာက္ေတာ့ရွိမယ္ စစ္ေကာင္စီတပ္သားေတြယူသြားတာ ပိုင္ရွင္မသိဘဲ ယူတယ္ဆိုရင္ ခိုးယူသြားတယ္ေပါ့၊ ပစၥည္းတစ္ခ်ိဳ႕ကိုလည္း ဖ်က္ဆီးခဲ့တယ္”ဟုေျပာသည္

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ရခိုျပည္၊ စစ္ေကာင္စီ၏ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉႀကီးေက်ာ္သူရအား ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ေပ

ေက်ာက္ျဖဴတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ အရပ္သားမ်ားအပါအဝင္ ဌာနဆိုင္ရာက တာဝန္ရွိသူမ်ားကိုလည္း ဆက္တိုက္ဖမ္းဆီးမႈရွိလာေနၿပီး ဖမ္းဆီးခံရသည့္ ၎တို႔ပိုင္ဆိုင္သည့္ ကားမ်ားကို ျပန္မေပးဘဲ အဆိုပါ ကားမ်ားျဖင့္ ၿမိဳ႕ထဲ လွည္ပတ္ကာ ဖမ္းဆီးမႈမ်ားျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း ေက်ာက္ျဖဴေဒသခံမ်ားက‌ေျပာသည္

“ေက်ာက္ျဖဴမွာ အခုက ေတာ္ေတာ္ဆိုးလာေနတယ္။ ဖမ္းတာမကလို႔ အရပ္ သားကားေတြကိုလည္း ဖမ္းၿပီးေတာ့ ကားျပန္မေပးဘူး. အဲ့ဒီကားေတြနဲ႔ ၿမိဳ႕ပတ္ၿပီး လိုက္ဖမ္းတာ၊ ေနလယ္ပိုင္းေရာ၊ ညပိုင္းေရာ ဖမ္းတယ္။ စရဖေတြေရာ၊ SBေရာ၊ အကုန္ပါတယ္ အရပ္ဝတ္ေတြနဲ႔ စစ္ေကာင္ီစတပ္ဖြဲ႕ဝင္ေတြ ၿမိဳ႕ေပၚေရာ၊ နယ္ဖက္ေတြ လိုက္ဖမ္းတာ စည္းဆိုတာ သူတို႔မွာမရွိဘူး။ ေတြ႕တဲ့သူကို ေကာက္ဖမ္းေနတာ”ဟုေျပာသည္

ရခိုင္ျပည္အတြင္း စစ္ေကာင္စီႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တစ္ေက်ာ့ျပန္တိုက္ပြဲအတြင္း စစ္ေကာင္စီက အျပစ္မဲ့ အရပ္သားမ်ားအား သတ္ျဖတ္ျခင္း၊ ဖမ္းဆီးျခင္းမ်ားအား တစ္ေန႔ထက္ တစ္ေန႔ ပို၍ ဆိုးလာေနၿပီး အခု ရက္ပိုင္းမ်ားက ပုဏၰားကြၽန္းၿမိဳ႕နယ္ ဆင္အင္းႀကီးေက်း႐ြာသား ၉ ဦးကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႐ြာအတြင္းသို႔ ဝင္ေရာက္ၿပီး သတ္ျဖတ္ခဲ့သည္

Western News

စစ်တပ်က လူလာ ဖမ်းရာတွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေရာတွင် မတွေ့ရှိသဖြင့် ၎င်း၏ ပိုင်ဆိုင်သော ငါးခြောက် ဒိုင်တွင်ထားသည့် ကာလတန်ဖိုး ၅သိန်းကျော်ရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယူဆောင်သွားကြောင်း ရပ် ကွက်တွင် နေထိုင်သူများက ပြောသည်

နိုဝင်ဘာ ၁၂ရက်နေ့ ညဉ့် ၁၀ နာရီကျော်ခန့်က ကုလားပိုက်ဆိပ် ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းတွင် နေထိုင်သည့် အဖ ဦးလှသာထွန်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုလှမြင့်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စရဖများ ၃၀ခန့်က အိမ်စီးကားတစ်စီး၊ ကားအကြီး ၂ စီးတို့ဖြင့် လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ဝင်ရောက်ပြီးရှာဖွေရာတွင် ဇနီးဖြစ်သူနှင့် ဖခင်တို့ ရှိရာ ကိုလှမြင့်ထွန်း ကို ရှာမတွေပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးခြောက်ဒိုင်သို့ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်

“ယူနီဖောင်းရော ၊ ယူနီဖောင်းမပါတာရော၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ စရဖ အပါအဝင် ၃၀ ခန့်လောက်ရှိမယ်။ ကိုလှမြင့်ထွန်းရှိ၊ မရှိကိုမေးတယ် နေအိမ်ကို ဝင်ရှာတယ်။ မွှေတယ်။ သူ့မိန်းမက ယောကျ်ားမရှိဘူး နယ်မှာလို့ပြောတယ် သူပိုင်ဆိုင်တဲ့ ငါးခြောက်ဒိုင်ကို သွားကြတယ် သူအဲ့ဒီငါးခြောက်ဒိုင်မှာ ရှိမယ်ဆိုပြီးတော့ သွားကြတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်

ကိုလှမြင့်ထွန်း မိသားစုနေထိုင်သည့် နေအိမ်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့် ငါးခြောက်ဒိုင်းတို့သည် မလှမ်းမကမ်းတွင်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းအား ရှာမတွေ့ရာကနေ ငါးခြောက်ဒိုင်တွင် ရှိမည်ဟု ယူဆချက်ဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်

သို့သော်လည်း ကိုလှမြင့်ထွန်း အား ရှာမတွေ့ဘဲ ငါးခြောက်ဒိုင်တွင် ရှိသည့် ငါးရံဂုံးခြောက်၊ ငါးညို့ခြောက်စသည့် ကာလတန်ဖိုး ၅သိန်းကျော်ဖိုးရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်

“သူ့ကို အိမ်မှာ မရှိဘူးဆိုတော့ မယုံဘူးပေါ့ ငါးခြောက်ဒိုင်ကို စစ်ကောင်စီတပ်သားတွေက သွားကြတာပါ ငါးခြောက်တွေ သိုလှောင်ထားတာအများကြီးပါပဲ သူတို့ မိသားစုက ငါးလုပ်ငန်းလုပ်တယ် ငါးဒိုင်ဖွင့်ထားတာပေါ့ သူ့ကို မတွေ့တော့၊ ငါးခြောက်ဒိုင်မှာရှိတဲ့ ငါးခြောက်တွေကို ယူသွားတယ် ကာလတန်ဖို့ ၅ သိန်းကျော်လောက်တော့ရှိမယ် စစ်ကောင်စီတပ်သားတွေယူသွားတာ ပိုင်ရှင်မသိဘဲ ယူတယ်ဆိုရင် ခိုးယူသွားတယ်ပေါ့၊ ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးခဲ့တယ်”ဟုပြောသည်

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုပြည်၊ စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ

ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများအပါအဝင် ဌာနဆိုင်ရာက တာဝန်ရှိသူများကိုလည်း ဆက်တိုက်ဖမ်းဆီးမှုရှိလာနေပြီး ဖမ်းဆီးခံရသည့် ၎င်းတို့ပိုင်ဆိုင်သည့် ကားများကို ပြန်မပေးဘဲ အဆိုပါ ကားများဖြင့် မြို့ထဲ လှည်ပတ်ကာ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံများက‌ပြောသည်

“ကျောက်ဖြူမှာ အခုက တော်တော်ဆိုးလာနေတယ်။ ဖမ်းတာမကလို့ အရပ် သားကားတွေကိုလည်း ဖမ်းပြီးတော့ ကားပြန်မပေးဘူး. အဲ့ဒီကားတွေနဲ့ မြို့ပတ်ပြီး လိုက်ဖမ်းတာ၊ နေလယ်ပိုင်းရော၊ ညပိုင်းရော ဖမ်းတယ်။ စရဖတွေရော၊ SBရော၊ အကုန်ပါတယ် အရပ်ဝတ်တွေနဲ့ စစ်ကောင်ီစတပ်ဖွဲ့ဝင်တွေ မြို့ပေါ်ရော၊ နယ်ဖက်တွေ လိုက်ဖမ်းတာ စည်းဆိုတာ သူတို့မှာမရှိဘူး။ တွေ့တဲ့သူကို ကောက်ဖမ်းနေတာ”ဟုပြောသည်

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများအား တစ်နေ့ထက် တစ်နေ့ ပို၍ ဆိုးလာနေပြီး အခု ရက်ပိုင်းများက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသား ၉ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်ရောက်ပြီး သတ်ဖြတ်ခဲ့သည်

Western News

 

Leave a Reply

Your email address will not be published. Required fields are marked *