စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ထားဝယ္ခရီးစဥ္လုံၿခဳံေရးတပ္သားေတြ မိုင္းဆြဲခံရလို႔ လက္ျပတ္၊ေျချပတ္ျဖစ္ေနခ်ိန္ က်န္ေနတဲ့စစ္ေကာင္စီတပ္သားေတြက အခ်င္းခ်င္း ျပန္ပစ္သ–တ္ခဲ့ ခရီးစဥ္တေလွ်ာက္စုစုေပါင္း စစ္ေကာင္စီတပ္သား ၆၀ ဦးထက္မနည္းထိခိုက္ေသဆုံး

တနသၤာရီတိုင္းမ္၊ ႏိုဝင္ဘာ ၁၃

စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ရဲ႕ နဘုလယ္ေရနက္ဆိပ္ကမ္းခရီးစဥ္အတြက္ လုံၿခဳံေရးယူေပးတဲ့ စစ္ေကာင္စီတပ္သားေတြ မိုင္းဆြဲခံရလို႔ လက္ျပတ္၊ ေျချပတ္ျဖစ္ေနခ်ိန္မွာက်န္တဲ့ စစ္ေကာင္စီတပ္သားေတြက အခ်င္းခ်င္း ျပန္ပစ္သတ္တာေတြ ရွိခဲ့တယ္လို႔ DGRF အဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္

အဲဒီျဖစ္စဥ္ဟာ ႏိုဝင္ဘာ ၂ ရက္ေန႔ညေန ၄နာရီခြဲအခ်ိန္ခန႔္က ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ နဘုလယ္ေဒသ ဝက္ေခ်ာင္းလမ္းဆုံမွာ ပထမအႀကိမ္ အင္အားျပင္းမိုင္း ၆ လုံးနဲ႔တိုက္ခိုက္ခဲ့စဥ္က ျဖစ္ပြားခဲ့တာပါ

” ပထမဆုံးအႀကိမ္က အင္အားျပင္းမိုင္းေၾကာင့္ ေသတဲ့သူနဲ႔ ဒဏ္ရာျပင္းထန္သူ အမ်ားႀကီးပဲ ၂၅ ေယာက္ ဝန္းက်င္ရွိမယ္ အဲဒီထဲက လက္ျပတ္၊ ေျချပတ္ ၃ ေယာက္ကို သူတို႔အခ်င္းခ်င္း ပစ္သတ္လိုက္တာကို က်ေနာ္တို႔အဖြဲ႕ကျမင္လိုက္ရတယ္ က်န္တဲ့ဒဏ္ရာရသူေတြကိုေတာ့ ဘယ္လိုလုပ္လိုက္လည္း မသိရဘူး။ ၿပီးေတာ့အေလာင္းေတြကို ဒီေနရာမွာပဲ ထားခဲ့တာ ” လို႔ DGRF အဖြဲ႕တာဝန္ရွိသူက ေျပာျပပါတယ္

စစ္ေခါင္းေဆာင္ မင္းေအာင္းလႈိင္ ထားဝယ္ခ႐ိုင္ကိုလာတဲ့ခရီးစဥ္မွာ ၄ႀကိမ္မိုင္းဆြဲတိုက္ခိုက္ခံရၿပီး စစ္ေကာင္စီတပ္သား ၆၀ ဦးထက္မနည္းေသဆုံးခဲ့တယ္လို႔ တနသၤာရီတိုင္းအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြျဖစ္တဲ့ LLPDF နဲ႔ DGRFအဖြဲ႕ေတြက မေန႔က တရားဝင္ သတင္းထုတ္ျပန္ထားပါတယ္

စစ္ေကာင္စီတပ္သားေတြကို တိုက္ခိုက္တဲ့ေနရာမွာ လူႏွစ္ေယာက္အႏိုင္ႏိုင္သယ္ရတဲ့ မိုင္းအႀကီးစားေတြကို အသုံးျပဳတိုက္ခိုက္ခဲ့တာေၾကာင့္ အခုလိုရန္သူဘက္က ထိခိုက္က်ဆုံးမ်ားခဲ့တာလို႔ DGRF တာဝန္ရွိသူက ဆိုပါတယ္

ႏိုဝင္ဘာ၂ရက္ ည ၁၀ နာရီအခ်ိန္ကလည္း ထပ္မံဝင္ေရာက္လာတဲ့ စစ္ေကာင္စီကား ၆ စီးကို မိုင္း ၂ လုံးနဲ႔ ထပ္မံတိုက္ခိုက္ခဲ့ၿပီး ကားထိုးရပ္ခ်ိန္ လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ကားတစ္စီးပ်က္စီးကာ အမ်ားအျပား ထိခိုက္ေသဆုံးမႈရွိခဲ့တယ္လို႔ ဆိုပါတယ္

ႏိုဝင္ဘာ ၅ ရက္ မနက္ပိုင္းမွာလည္း ေလာင္းလုံးၿမိဳ႕နယ္၊ ထိန္တြင္းေက်း႐ြာ ကမ္းနားဆိပ္မွာ လုံၿခဳံေရးယူဖို႔ေရာက္ရွိလာတဲ့ စစ္ေကာင္စီတပ္သား ၁၆ ဦးပါ စစ္ေကာင္စီယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ေနရာမွာပဲ ၅ ဦးေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္

အဲဒီေန႔ညေနပိုင္းမွာလည္း ေရျဖဴၿမိဳ႕နယ္၊ မူးဒူးေက်း႐ြာက ထြက္ခြာလာတဲ့ စစ္ေကာင္စီတပ္သားအင္အား ၁၀၀ ေက်ာ္ပါစစ္ေၾကာင္းကို သတင္းအရ အင္အားျပင္းမိုင္း ၄ လုံးနဲ႔ ၂ ႀကိမ္မိုင္းဆြဲတိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္သား ၄၀ ခန႔္ထိခိုက္ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္

စစ္ေကာင္စီတပ္သားေတြဘက္က လက္နက္ႀကီး လက္နက္ငယ္အခ်က္ေရ ၁၀၀ ဝန္းက်င္ျပန္လည္ခုခံပစ္ခတ္ခဲ့ေပမယ့္ ျပည္သူ႔ကာကြယ္ေရးတပ္သားေတြဘက္က ထိခိုက္က်ဆုံးမႈမရွိခဲ့ဘူးလို႔ သိရပါတယ္

” က်ေနာ္တို႔ဘက္ကထိခိုက္မႈမရွိတာက အျပန္အလွန္ပစ္ခတ္မႈမလုပ္ခဲ့လို႔ပါ က်ေနာ္တို႔ အင္အားျပင္းမိုင္းကို အဓိကထားတယ္၊ ေဖာက္ခြဲၿပီးတာနဲ႔ ျပန္ဆုတ္တယ္ သူတို႔အထိနာခ်က္ကလည္း က်ေနာ္တို႔နယ္ေျမရွင္းလင္းခ်ိန္ လမ္းမွာ ပုတ္ပြေနတဲ့အသားစေတြ အမ်ားႀကီးပဲ ေနာက္ၿပီး မင္းေအာင္လႈိင္ကို တိုက္ခိုက္ဖို႔အတြက္အစီအစဥ္ရွိခဲ့ေပမဲ့ အတြင္းစည္းကိုဝင္ဖို႔နဲ႔ တိုက္ပြဲႀကီးေဖာ္ေဆာင္ဖို႔ ပစ္ဖို႔ လက္နက္ေရာအစစအရာရာမွာ အခြင့္အေရးမရခဲ့ဘူး” လို႔ တာဝန္ရွိသူက ဆက္ေျပာပါတယ္

စစ္ေခါင္းေဆာင္ခရီးစဥ္အတြက္ ေရျဖဴၿမိဳ႕နယ္ နဘုလယ္ေဒသကို စစ္ေကာင္စီတပ္သား အင္အား ၄၀၀ ဝန္းက်င္အထိ အသုံးျပဳခဲ့တယ္လို႔လည္း သိရပါတယ္

အဆိုပါတိုက္ခိုက္မႈေတြကို Dawei Guerrilla Revolutionary Force (DGRF) ၊ Laung Lone People Defence Force နဲ႔ TPDF တို႔ကပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး လုံၿခဳံေရးနဲ႔ စစ္ေရးလ်ိဳ႕ဝွက္ဖို႔ လိုအပ္ခ်က္ေတြေၾကာင့္ အခုမွသတင္းထုတ္ျပန္ရတာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာေရးသားထားပါတယ္

စစ္ေကာင္စီဥကၠဌ မင္းေအာင္လႈိင္နဲ႔အဖြဲ႕ဟာ အခုလ ၄ ရက္ေန႔က ထားဝယ္ၿမိဳ႕ကို ေရာက္ရွိလာၿပီး စစ္ေကာင္စီတပ္က တပ္ဖြဲ႕ဝင္ေတြအျပင္ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔လည္း ေတြဆုံခဲ့သလို ေရနက္ဆိပ္ကမ္းကိုလည္း သြားေရာက္ခဲ့ပါတယ္

ဓာတ္ပုံ – ပုံေဟာင္းအသုံးျပဳထားပါတယ္

Connect Burma

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထားဝယ်ခရီးစဉ်လုံခြုံရေးတပ်သားတွေ မိုင်းဆွဲခံရလို့ လက်ပြတ်၊ခြေပြတ်ဖြစ်နေချိန် ကျန်နေတဲ့စစ်ကောင်စီတပ်သားတွေက အချင်းချင်း ပြန်ပစ်သ–တ်ခဲ့ ခရီးစဉ်တလျှောက်စုစုပေါင်း စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်းထိခိုက်သေဆုံး

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၁၃

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းခရီးစဉ်အတွက် လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ လက်ပြတ်၊ ခြေပြတ်ဖြစ်နေချိန်မှာကျန်တဲ့ စစ်ကောင်စီတပ်သားတွေက အချင်းချင်း ပြန်ပစ်သတ်တာတွေ ရှိခဲ့တယ်လို့ DGRF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်

အဲဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၄နာရီခွဲအချိန်ခန့်က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဝက်ချောင်းလမ်းဆုံမှာ ပထမအကြိမ် အင်အားပြင်းမိုင်း ၆ လုံးနဲ့တိုက်ခိုက်ခဲ့စဉ်က ဖြစ်ပွားခဲ့တာပါ

” ပထမဆုံးအကြိမ်က အင်အားပြင်းမိုင်းကြောင့် သေတဲ့သူနဲ့ ဒဏ်ရာပြင်းထန်သူ အများကြီးပဲ ၂၅ ယောက် ဝန်းကျင်ရှိမယ် အဲဒီထဲက လက်ပြတ်၊ ခြေပြတ် ၃ ယောက်ကို သူတို့အချင်းချင်း ပစ်သတ်လိုက်တာကို ကျနော်တို့အဖွဲ့ကမြင်လိုက်ရတယ် ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ ဘယ်လိုလုပ်လိုက်လည်း မသိရဘူး။ ပြီးတော့အလောင်းတွေကို ဒီနေရာမှာပဲ ထားခဲ့တာ ” လို့ DGRF အဖွဲ့တာဝန်ရှိသူက ပြောပြပါတယ်

စစ်ခေါင်းဆောင် မင်းအောင်းလှိုင် ထားဝယ်ခရိုင်ကိုလာတဲ့ခရီးစဉ်မှာ ၄ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ LLPDF နဲ့ DGRFအဖွဲ့တွေက မနေ့က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်

စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာ လူနှစ်ယောက်အနိုင်နိုင်သယ်ရတဲ့ မိုင်းအကြီးစားတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အခုလိုရန်သူဘက်က ထိခိုက်ကျဆုံးများခဲ့တာလို့ DGRF တာဝန်ရှိသူက ဆိုပါတယ်

နိုဝင်ဘာ၂ရက် ည ၁၀ နာရီအချိန်ကလည်း ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီကား ၆ စီးကို မိုင်း ၂ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ကားထိုးရပ်ချိန် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီးပျက်စီးကာ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာလည်း လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာ ကမ်းနားဆိပ်မှာ လုံခြုံရေးယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား ၁၆ ဦးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ ၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်

အဲဒီနေ့ညနေပိုင်းမှာလည်း ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို သတင်းအရ အင်အားပြင်းမိုင်း ၄ လုံးနဲ့ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄၀ ခန့်ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်

စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်အချက်ရေ ၁၀၀ ဝန်းကျင်ပြန်လည်ခုခံပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်

” ကျနော်တို့ဘက်ကထိခိုက်မှုမရှိတာက အပြန်အလှန်ပစ်ခတ်မှုမလုပ်ခဲ့လို့ပါ ကျနော်တို့ အင်အားပြင်းမိုင်းကို အဓိကထားတယ်၊ ဖောက်ခွဲပြီးတာနဲ့ ပြန်ဆုတ်တယ် သူတို့အထိနာချက်ကလည်း ကျနော်တို့နယ်မြေရှင်းလင်းချိန် လမ်းမှာ ပုတ်ပွနေတဲ့အသားစတွေ အများကြီးပဲ နောက်ပြီး မင်းအောင်လှိုင်ကို တိုက်ခိုက်ဖို့အတွက်အစီအစဉ်ရှိခဲ့ပေမဲ့ အတွင်းစည်းကိုဝင်ဖို့နဲ့ တိုက်ပွဲကြီးဖော်ဆောင်ဖို့ ပစ်ဖို့ လက်နက်ရောအစစအရာရာမှာ အခွင့်အရေးမရခဲ့ဘူး” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်

စစ်ခေါင်းဆောင်ခရီးစဉ်အတွက် ရေဖြူမြို့နယ် နဘုလယ်ဒေသကို စစ်ကောင်စီတပ်သား အင်အား ၄၀၀ ဝန်းကျင်အထိ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်

အဆိုပါတိုက်ခိုက်မှုတွေကို Dawei Guerrilla Revolutionary Force (DGRF) ၊ Laung Lone People Defence Force နဲ့ TPDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးနဲ့ စစ်ရေးလျို့ဝှက်ဖို့ လိုအပ်ချက်တွေကြောင့် အခုမှသတင်းထုတ်ပြန်ရတာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အခုလ ၄ ရက်နေ့က ထားဝယ်မြို့ကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေအပြင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေဆုံခဲ့သလို ရေနက်ဆိပ်ကမ်းကိုလည်း သွားရောက်ခဲ့ပါတယ်

ဓာတ်ပုံ – ပုံဟောင်းအသုံးပြုထားပါတယ်

Connect Burma

 

Leave a Reply

Your email address will not be published. Required fields are marked *