ေ႐ႊက်င္နဲ႔ေက်ာက္ႀကီးအၾကားရွိ စစ္ေကာင္စီတပ္စခန္း ၃ ခုကို KNU တိုက္ခိုက္ရွင္းလင္း၊ စစ္ေကာင္စီဘက္က ၁၁ ဦးေသဆုံးၿပီးလက္နက္နဲ႔က်ည္အေျမာက္အျမား သိမ္းဆည္းရမိ

မဲေခါင္၊ ႏိုဝင္ဘာ ၁၄

ပဲခူးတိုင္း၊ ေ႐ႊက်င္ႏွင့္ေက်ာက္ႀကီးအၾကားရွိ စစ္ေကာင္စီတပ္စခန္း ၃ ခုကို တိုက္ခိုက္ရွင္းလင္းၿပီး စစ္ေကာင္စီဘက္မွ ၁၁ ဦးေသဆုံး၊ လက္နက္နဲ႔က်ည္အေျမာက္အျမား သိမ္းဆည္းရမိတယ္လို႔ KNU က သတင္းထုတ္လိုက္ပါတယ္

ေကအဲန္ယူ−ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမ၊ ေညာင္ေလးပင္ခ႐ိုင္ တပ္မဟာ (၃) နယ္ေျမအတြင္း ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)ရဲ႕ တပ္ရင္း (၇) နဲ႔ တပ္ရင္း (၉) တို႔ပူးေပါင္းၿပီး တပ္ရင္း (၇) နယ္ေျမအတြင္းမွာ ရွိတဲ့ အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီရဲ႕ သံဆိပ္စခန္း၊ တပ္ရင္း (၉) နယ္ေျမ အတြင္းရွိ ေဘာကထာ နဲ႔ တုံးတံတာစခန္းတို႔အား တစ္ရက္အတြင္း တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) က အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီတပ္စခန္းေတြကို ႏိုဝင္ဘာလ (၁၂) ရက္ ၂၀၂၂ ခုႏွစ္ နံနက္ (၄) နာရီ အခ်ိန္မွာ စတင္ တိုက္ခိုက္ခဲ့ၿပီး နံနက္ ၁၁နာရီခြဲ အခ်ိန္မွာ ထိုစခန္းသုံးလုံးအား တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့ၿပီး ေအာင္ျမင္စြာျပန္လည္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔သိရပါတယ္

အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္ရဲ႕ သံဆိပ္စခန္း နဲ႔ ေဘာကထာစခန္းတို႔အား ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ရဲ႕ ေျမျပင္တက္ဖြဲ႕ ေတြက တိုက္ခိုက္ေျခမႈန္းဖ်က္ဆီးခဲ့ၿပီး တုံးတံတာစခန္းကိုမႈ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) မွ တိုက္ခိုက္ေရးသုံး Drone မ်ားျဖင့္ တိုက္ခိုက္ဖ်က္ဆီးခဲ့ပါတယ္

အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီတပ္စခန္း (၃) လုံးအား တိုက္ခိုက္ဖ်က္ဆီးရာမွာ အာဏာသိမ္းအၾကမ္းဖက္ စစ္ေကာင္စီတပ္မွ (၁၁) ဦးေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ စာရင္းကို စီစစ္အတည္ျပဳေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္စခန္း‌ေတြမွ MA အမ်ိဳးစားေသနတ္ (၈) လက္၊ က်ည္ဆံ (၃၀၇၀) ေတာင့္၊ 9mm (၂) လက္၊ 81mm (၁) လက္၊ 81mm က်ည္ (၆၈) လုံး၊ 60mm အရွည္ (၁) လက္၊ 60mm အတို (၄) လက္၊ 60mm က်ည္ (၁၁၃) လုံး၊

RPG-7 (၁) လက္၊ RPG-7 က်ည္ (၇၇) လုံး၊ လက္ပစ္ဗုံး (၂၈) လုံး၊ Short Gun (၁) လက္၊ Short Gun က်ည္ (၈၈) ေတာင့္၊ M14 ေျခနင္းမိုင္း (၁၀) လုံး၊ တိုက္မိုင္း (၁၀) လုံး၊ က်ည္ေဘာက္ (၂၇) ခုႏွင့္ မိုင္းရွာစက္ (၁) ခု တို႔အား ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တို႔မွ သိမ္းဆည္းရမိ ခဲ့တယ္ လို႔သိရပါတယ္

စခန္း‌ေတြအား ရွင္းလင္းစဥ္အခ်ိန္မွာ အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္မွ ေလေၾကာင္းနဲ႔ အႀကိမ္ (၂၀) ခန႔္ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာ‌ ေၾကာင့္ စခန္းအတြင္းရွိ ပစၥည္း‌ေတြကို အကုန္ယူေဆာင္ႏိုင္ခဲ့တာမရွိဘူးလို႔ သိရပါတယ္

တိုက္ပြဲျဖစ္ပြားၿပီးတဲ့‌ေနာက္ အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္မွ ျပည္သူလူထု‌ကို ပစ္မွတ္ထားၿပီး ေလေၾကာင္းနဲ႔ (၁၀) ႀကိမ္ခန႔္ ေက်း႐ြာ‌ေတြအတြင္းသို႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္ ႏိုဝင္ဘာလ (၁၃) ရက္ေန႔ မွာလည္း အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ေတြမွ ျပည္သူလူထုကိုပစ္မွတ္ထားၿပီး ေလေၾကာင္းတိုက္ခိုက္မႈ‌ေတြ ထပ္မံျပဳလုပ္ခဲ့ပါတယ္

ပစ္မွတ္ထားတိုက္ခိုက္တာေၾကာင့္ ျပည္သူ‌လူထုေတြ ထိခိုက္ဒဏ္ရာရမႈေတြရွိကာ အိုးအိမ္အေဆာက္အဦး‌ ေတြထိခိုက္ပ်က္စီးမႈ‌ေတြရွိၿပီး အေသးစိတ္အခ်က္အလက္‌ေတြ စီစစ္ အတည္ျပဳေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္

ႏိုဝင္ဘာလ (၁၂) ရက္နဲ႔ (၁၃) ရက္ေန႔အတြင္း အာဏာသိမ္းအၾကမ္းဖက္ စစ္ေကာင္စီတပ္မွ ျပည္သူလူထုကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာေၾကာင့္ ေက်း႐ြာအုပ္စု (၃) အုပ္စု၊ ေက်း႐ြာေပါင္း (၁၈) ႐ြာမွ ျပည္သူလူထုေပါင္း (၂) ေသာင္းေက်ာ္မွာ အသက္ေဘးလြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရၿပီးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးက ထုတ္ျပန္ထားပါတယ္

MekongNews

ရွှေကျင်နဲ့ကျောက်ကြီးအကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNU တိုက်ခိုက်ရှင်းလင်း၊ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးပြီးလက်နက်နဲ့ကျည်အမြောက်အမြား သိမ်းဆည်းရမိ

မဲခေါင်၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးအကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး၊ လက်နက်နဲ့ကျည်အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ KNU က သတင်းထုတ်လိုက်ပါတယ်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ရဲ့ တပ်ရင်း (၇) နဲ့ တပ်ရင်း (၉) တို့ပူးပေါင်းပြီး တပ်ရင်း (၇) နယ်မြေအတွင်းမှာ ရှိတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ နဲ့ တုံးတံတာစခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို နိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် နံနက် (၄) နာရီ အချိန်မှာ စတင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁နာရီခွဲ အချိန်မှာ ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံဆိပ်စခန်း နဲ့ ဘောကထာစခန်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ မြေပြင်တက်ဖွဲ့ တွေက တိုက်ခိုက်ခြေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမှု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှ တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးရာမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်း‌တွေမှ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊

RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့မှ သိမ်းဆည်းရမိ ခဲ့တယ် လို့သိရပါတယ်

စခန်း‌တွေအား ရှင်းလင်းစဉ်အချိန်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ အကြိမ် (၂၀) ခန့် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ‌ ကြောင့် စခန်းအတွင်းရှိ ပစ္စည်း‌တွေကို အကုန်ယူဆောင်နိုင်ခဲ့တာမရှိဘူးလို့ သိရပါတယ်

တိုက်ပွဲဖြစ်ပွားပြီးတဲ့‌နောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထု‌ကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ (၁၀) ကြိမ်ခန့် ကျေးရွာ‌တွေအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် နိုဝင်ဘာလ (၁၃) ရက်နေ့ မှာလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေမှ ပြည်သူလူထုကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု‌တွေ ထပ်မံပြုလုပ်ခဲ့ပါတယ်

ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ပြည်သူ‌လူထုတွေ ထိခိုက်ဒဏ်ရာရမှုတွေရှိကာ အိုးအိမ်အဆောက်အဦး‌ တွေထိခိုက်ပျက်စီးမှု‌တွေရှိပြီး အသေးစိတ်အချက်အလက်‌တွေ စီစစ် အတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်

နိုဝင်ဘာလ (၁၂) ရက်နဲ့ (၁၃) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာမှ ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း KNU ကရင်အမျိုးသား အစည်းအရုံးက ထုတ်ပြန်ထားပါတယ်

MekongNews

Leave a Reply

Your email address will not be published. Required fields are marked *