ဒဏ္ရာရ ပ်ဴေခါင္းေဆာင္ ေဆးကုသမႈခံယူေနၿပီး စစ္တပ္ ကင္းေစာင့္ေနေသာ ေရစႀကိဳေဆး႐ုံကို PDF တပ္မ်ားက ဝင္တိုက္မႈ စစ္သား ၂ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရ

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္ေဆး႐ုံတြင္ လုံၿခဳံေရး ယူထားေသာ စစ္ေကာင္စီတပ္မ်ားကို ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္က ယေန႔ ဝင္ေရာက္တိုက္ခိုက္ရာ စစ္သား ၂ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိေၾကာင္း ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ႏိုဝင္ဘာလ ၁၃ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္တြင္ ေရစႀကိဳ ေဆး႐ုံတြင္ လုံၿခဳံေရးယူထားေသာ စစ္တပ္ကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ပ်ဴေစာထီးေခါင္းေဆာင္ ဝင္းျမင့္ေအာင္လည္း ေဆးကုသမႈ ခံေနသျဖင့္ ဝင္တိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“အခုေလာေလာဆယ္က်ေနာ္တို႔ေျပာႏိုင္တာက စစ္သား ၂ ဦး ေသတယ္။ ၁ ဦးဒဏ္ရာရတယ္။ ဒါေပမယ့္ေလ အေရ အတြက္က ဒီထက္ပိုမ်ားႏိုင္ပါတယ္။ ပိုမ်ားဖို႔ပဲရွိပါတယ္။ အေျခအေနေတြက နည္းနည္းရႈပ္ေနတယ္” ဟု ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

စစ္တပ္က ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းကို ဝင္တိုက္ခိုက္ေနစဥ္ ေရစႀကိဳ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ၿမိဳ႕ေပၚရွိ စစ္တပ္ကို တန္ျပန္တိုက္ခိုက္‌ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

(ယခု ဗီဒီယိုကို ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ ခြင့္ျပဳခ်က္ျဖင္ ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္)

===========

ဒဏ်ရာရ ပျူခေါင်းဆောင် ဆေးကုသမှုခံယူနေပြီး စစ်တပ် ကင်းစောင့်နေသော ရေစကြိုဆေးရုံကို PDF တပ်များက ဝင်တိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဆေးရုံတွင် လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်များကို ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်က ယနေ့ ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရေစကြို ဆေးရုံတွင် လုံခြုံရေးယူထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်လည်း ဆေးကုသမှု ခံနေသဖြင့် ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုလောလောဆယ်ကျနော်တို့ပြောနိုင်တာက စစ်သား ၂ ဦး သေတယ်။ ၁ ဦးဒဏ်ရာရတယ်။ ဒါပေမယ့်လေ အရေ အတွက်က ဒီထက်ပိုများနိုင်ပါတယ်။ ပိုများဖို့ပဲရှိပါတယ်။ အခြေအနေတွေက နည်းနည်းရှုပ်နေတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကို ဝင်တိုက်ခိုက်နေစဉ် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့ပေါ်ရှိ စစ်တပ်ကို တန်ပြန်တိုက်ခိုက်‌ခြင်းဖြစ်ကြောင်း သိရှိရသည်။

(ယခု ဗီဒီယိုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *