












ညာဘက်လက်နဲ့ USD $ ဒေါ်လာဆယ်သန်းရင်းပြီး စိန်ခေါ်လိုက်တဲ့ မြန်မာပြည် အနာဂတ် ဟောကိန်း

(ကျနော် ရှုံးရင် ညာလက် ဖြတ်မယ် ကျနော် နိုင်ရင် အမေရိကန် ဒေါ်လာဆယ်သန်းနဲ့ ညီမျှတဲ့ငွေ ကျနော် လိုချင်တယ်)

ကျနော် စိတ်ဝင်စားတာက ကမ္ဘာကြီးတစ်ခုလုံးမှာ ရှိနေတဲ့ လူသားတစ်ဦးချင်းစီ ရဲ့ Individual, specific ideas တွေက 2019 – 2020 – 2021 – 2022 ကာလတွေမှာ ရုတ်တရက် ဘာ့ကြောင့် ပြောင်းလဲသွားသလို ဖြစ်ရတာလဲ ဆိုတာပါ။

မြန်မာပြည်က လူတွေက ကိုဗစ်၊ စ.စ်အာဏာသိမ်း စသဖြင့် ဒါ့ကြောင့်လို့ ယူဆကြတယ်၊ ကျနော့်အမြင်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်

နေစကြဝဠာရဲ့ ဖောက်ပြန်မှုကို ကမ္ဘာဂြိုဟ် ခံစားနေရတယ် အခုထိ မပြီးသေးဘူး။ အာဏာရှင်၊ ပညာရှင်ဆိုတဲ့ လူတွေကိုပါ သွက်သွက်ခါ ရူးမတတ်၊ ရူးအောင် လုပ်မယ့် သဘော

ဝမ်းနည်းစရာ ကောင်းတာက စကားလုံးတွေ ပလုံစီခပ်၊ လိုရင်း မရောက်ပဲ၊ ဘုရင့်အလိုတော်ကျ အသုံးတော်ခံနေတဲ့ ပညာရှင် အတုအယောင်တွေပါ

မြန်မာပြည်က ဘာလို့ ဒီလောက် ဆိုးနေရတာလဲဆိုတာ လေ့လာကြည့်တော့ သန်းခေါင်အကျော် အမိုက်ဆုံးအချိန် လို့ ဥပမာ ပေးလို့ရတယ်ဇွန်လ မတိုင်ခင် ပြည်သူတွေနဲ့အတူ တတ်နိုင်သမျှ နေဖို့ ပညာရှင်များ လုပ်ကြပါ

2022 ဇွန်လ နောက်ပိုင်း မြန်မာပြည်ရဲ့ ကံဇာတာက ပြန်ထပြီ 2022 နှစ်ကုန် အာဏာရှင်စိတ်ရှိသူ မှန်သမျှ ကျဆုံးပြီ2023 – 2024 က ပြန်လည် ထူထောင်ရေး လုပ်ကြရလိမ့်မယ် 2025 မှာ မြန်မာ့ဖက်ဒရယ် ပြည်ထောင်စုကြှီးရဲ့ foundation က အရှေ့တောင် အာရှမှာ တခမ်းတနား ပေါ်ထွက်လာလိမ့်မယ် ကမ္ဘာကြီး နာလံထမှာလည်း အဲဒိအချိန်ပဲ

Astrological prediction ဆိုတာ ကမ္ဘာမှာ ရမ်းသမ်း ခန့်မှန်း ဝါးချ၊ ငွေယူ၊ လွယ်ပါတယ် ကျနော် ဒဲ့ ဟောမယ်

(2022 – 2025) အတွင်း အခုပြောသလို ဖြစ်မဖြစ် ဆန့်ကျင်နိုင်သူ ရှိရင် ညာ ဘက်လက် ဖြတ်ကြေး စိန်ခေါ်ပါတယ် ကျနော်ရှုံးရင် ညာလက် ဖြတ်မယ် ကျနော်နိုင်ရင် အမေရိကန် ဒေါ်လာ ဆယ်သန်းနဲ့ ညီမျှတဲ့ ငွေ ကျနော် လိုချင်တယ်

ကျနော် နိုင်တဲ့ အဲဒီငွေကို အာဏာရှင်လက်အောက် နိမ့်ပါး ခံစားခဲ့ရတဲ့ မိသားစုနဲ့ ကလေးလေးတွေ အကုန်လှူမယ် မြန်မာက အနှေးနဲ့ အမြန် အမေရိကန် ပြည်ထောင်စုလို ဖြစ်ကို ဖြစ်လာလိမ့်မယ်

အရှေ့တောင်အာရှနဲ့ အာရှတိုက်က မနာလိုလောက်အောင် ဒီပြည်ထောင်စုကြီး ဖြစ်လာလိမ့်မယ် အဲဒီအတိုင်း ဖြစ်ကို ဖြစ်မယ် ဒါပဲ

ᴄʀᴇᴅɪᴛ ᴛᴏ မင်းဟန် (မန်းတက္ကသိုလ်)

 

Leave a Reply

Your email address will not be published. Required fields are marked *