ေ႐ႊက်င္ႏွင့္ေက်ာက္ႀကီးရွိ စစ္ေကာင္စီတပ္စခန္း ၃ ခုကို KNLA ႏွင့္ PDF ပူးေပါင္းတပ္က တၿပိဳင္နက္တည္း တိုက္ခိုက္ သိမ္းပိုက္၊ စစ္တပ္ဘက္မွ အမ်ားအျပား ေသဆုံးၿပီး လက္နက္ႏွင့္ခဲယမ္း အေျမာက္အျမား သိမ္း ဆည္းရမိ

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃

ပဲခူးတိုင္း၊ ေ႐ႊက်င္ႏွင့္ေက်ာက္ႀကီးၿမိဳ႕နယ္အၾကား မင္းလမ္း တစ္ေလွ်ာက္ရွိ စစ္ေကာင္စီတပ္၏ သံဆိပ္၊ ေဘာကထာ၊ တုံးတံတားစခန္းတို႔ကို KNLA ႏွင့္ PDF တပ္မ်ားက ယေန႔ တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီး စစ္ေကာင္စီဘက္မွ အမ်ားအျပားေသဆုံးကာ လက္နက္ႏွင့္ခဲယမ္းအေျမာက္အျမား သိမ္းဆည္းရမိေၾကာင္း ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ႏိုဝင္ဘာလ ၁၂ ရက္ေန႔ နံနက္ ၄ နာရီအခ်ိန္ ေ႐ႊက်င္ၿမိဳ႕နယ္ႏွင့္ ေက်ာက္ႀကီးၿမိဳ႕နယ္အၾကား၊ မင္းလမ္း တစ္ ေလွ်ာက္ရွိ စစ္ေကာင္စီတပ္၏ သံဆိပ္၊ တုံးတံတား၊ ေဘာကထာ စခန္း ၃ ခုကို တစ္ၿပိဳက္နက္တည္း KNLA ႏွင့္ PDF တပ္မ်ားက တိုက္ခိုက္ခဲ့ေၾကာင္း ၊

စစ္ေကာင္စီတပ္ဘက္မွ ေသဆုံးမႈမ်ားျပားၿပီး စစ္ရဟတ္ယာမ်ားျဖင့္ အႀကိမ္ႀကိမ္ လာေရာက္ပစ္ခတ္တိုက္ေၾကာင္း၊ လက္နက္ႏွင့္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိေၾကာင္း ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္မ်ားက ဆိုသည္

“ေ႐ႊက်င္ၿမိဳ႕နယ္ထဲမွာရွိတဲ့ ေ႐ႊက်င္-ေက်ာက္ႀကီးဆက္သြယ္တားတဲ့ မင္းလမ္းေပၚမွာ အထိုင္စခန္းခ်ထားတဲ့ ေဘာကထာစခန္း၊ တုံးတံတားစခန္း ၊သံဆိပ္စခန္းတို႔ ဟာ မနက္ေလးနာရီဝန္းက်င္မွာ တၿပိဳင္နက္တိုက္ခိုက္ခံရၿပီး လက္ရွိမွာေတာ့ ေဘာကထာစခန္း တုံးတံတားစခန္းတို႔ ကို ပူးေပါင္းတပ္ေတြကရရွိထားၿပီးေတာ့ သံဆိပ္စခန္းကိုေတာ့ညေနပိုင္းမွာရတယ္ စစ္တပ္ဘက္က ရဟတ္ယာဥ္တစ္စီး တိုက္ေလယာဥ္တစ္စီးပစ္ကူေပးတိုက္ခိုက္ေနပါတယ္

သံဆိပ္တိုက္ပြဲမွာ စစ္တပ္ရဲ႕ ရဟတ္ယာဥ္ကို ပစ္တာ ထိသြားတယ္ေျပာတယ္ ေဘာကထားစခန္းသိမ္းပြဲမွာ စစ္သား ၅ ဦးေသတယ္။ က်န္စခန္းေတြမွာလည္း ေသတယ္ လက္နက္ေတြ အမ်ားႀကီးပဲ ရထားပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္

လက္ရွိတြင္ ေျမျပင္အေျခအေနတြင္လည္း စစ္တပ္ဘက္က ကုန္းေၾကာင္းျဖင့္ စစ္အင္အား ျဖည့္တင္းေနၿပီး လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိေနေၾကာင္း၊ စစ္ေဘးေရွာင္ ျပည္သူအမ်ားအျပားမွာလည္း က်ည္လြတ္ရာ ေနရာမ်ားသို႔ ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း သိရွိရသည္

ရွှေကျင်နှင့်ကျောက်ကြီးရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်က တပြိုင်နက်တည်း တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်ဘက်မှ အများအပြား သေဆုံးပြီး လက်နက်နှင့်ခဲယမ်း အမြောက်အမြား သိမ်း ဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးမြို့နယ်အကြား မင်းလမ်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်၏ သံဆိပ်၊ ဘောကထာ၊ တုံးတံတားစခန်းတို့ကို KNLA နှင့် PDF တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ လက်နက်နှင့်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြား၊ မင်းလမ်း တစ် လျှောက်ရှိ စစ်ကောင်စီတပ်၏ သံဆိပ်၊ တုံးတံတား၊ ဘောကထာ စခန်း ၃ ခုကို တစ်ပြိုက်နက်တည်း KNLA နှင့် PDF တပ်များက တိုက်ခိုက်ခဲ့ကြောင်း ၊

စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်ရဟတ်ယာများဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ကြောင်း၊ လက်နက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ဆိုသည်

“ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ ရွှေကျင်-ကျောက်ကြီးဆက်သွယ်တားတဲ့ မင်းလမ်းပေါ်မှာ အထိုင်စခန်းချထားတဲ့ ဘောကထာစခန်း၊ တုံးတံတားစခန်း ၊သံဆိပ်စခန်းတို့ ဟာ မနက်လေးနာရီဝန်းကျင်မှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး လက်ရှိမှာတော့ ဘောကထာစခန်း တုံးတံတားစခန်းတို့ ကို ပူးပေါင်းတပ်တွေကရရှိထားပြီးတော့ သံဆိပ်စခန်းကိုတော့ညနေပိုင်းမှာရတယ် စစ်တပ်ဘက်က ရဟတ်ယာဉ်တစ်စီး တိုက်လေယာဉ်တစ်စီးပစ်ကူပေးတိုက်ခိုက်နေပါတယ်

သံဆိပ်တိုက်ပွဲမှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်ကို ပစ်တာ ထိသွားတယ်ပြောတယ် ဘောကထားစခန်းသိမ်းပွဲမှာ စစ်သား ၅ ဦးသေတယ်။ ကျန်စခန်းတွေမှာလည်း သေတယ် လက်နက်တွေ အများကြီးပဲ ရထားပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်

လက်ရှိတွင် မြေပြင်အခြေအနေတွင်လည်း စစ်တပ်ဘက်က ကုန်းကြောင်းဖြင့် စစ်အင်အား ဖြည့်တင်းနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း၊ စစ်ဘေးရှောင် ပြည်သူအများအပြားမှာလည်း ကျည်လွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *