ခုေခတ္ လူငယ္ေတြကို ေရွာ့မတြက္နဲ႔ မင္းတို႔ ႐ူးသြားလိမ့္မယ္။ေလးစားပါတယ္ ညီငယ္ ညီမငယ္မ်ား။

ရန္ကုန္တြင္ ေတာ္လွန္လူငယ္မ်ားက အာဏာရွင္ ဆန႔္က်င္ေရးစာတန္းမ်ား ေရးဆြဲထားသည့္ ထမီႏွင့္ ပုဆိုးမ်ားဝတ္ဆင္ကာ လူထုလႈံ႕ေဆာ္မႈ ျပဳလုပ္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃

ရန္ကုန္ၿမိဳ႕ရွိ ေနရာ အႏွံ႔အျပားတြင္ ေတာ္လွန္လူငယ္မ်ားက အာဏာရွင္ ဆန႔္က်င္ေရး စာတန္းမ်ား ေရးဆြဲထားေသာ ထမီႏွင့္ ပုဆိုးမ်ားဝတ္ဆင္ကာ လူထု လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္

ရန္ကုန္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံ ၿမိဳ႕ျပေဒသမ်ားရွိ အမ်ားျပည္သူအေနျဖင့္ ၎တို႔အား နည္းမ်ိဳးစုံျဖင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ကာ ရက္ရက္စက္စက္ အႏိုင္က်င့္အုပ္ခ်ဳပ္ရန္ ႀကိဳးပမ္းေနေသာ အၾကမ္းဖက္စစ္တပ္အား အေသြးအသားထဲကပင္ မုန္းတီး႐ြံရွာေသာစိတ္မ်ားရွိေနၾကေသာ္လည္း လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ ထုတ္ေဖာ္ ေျပာဆို ျပသႏိုင္ရန္ အခက္အခဲရွိေနေၾကာင္း၊

ထိုသို႔ ခံစားခ်က္မ်ားအပါအဝင္ ေတာ္လွန္ျပည္သူ အခ်င္းခ်င္း အားေပးသည့္ စာတန္းမ်ားအား ထမီ၊ ပုဆိုးမ်ားေပၚတြင္ ေရးဆြဲကာ သ႐ုပ္ေဖာ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္

အဆိုပါ လႈပ္ရွားမႈကို Yangon Revolution Force – YRF ၏ Soft Strike Community မွ လူငယ္ရဲေဘာ္မ်ား အသက္စြန႔္ ႀကိဳးပမ္းခဲ့ၾကျခင္းျဖစ္ၿပီး ျပည္သူလူထုႏွင့္ တစ္သားတည္းရွိေနၿပီး စစ္အာဏာရွင္ျပဳတ္က်သည္အထိ ဆက္လက္ေတာ္လွန္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းကိုလဲ ထပ္မံ သတင္းပါးလိုက္ေၾကာင္း YRF က ထုတ္ျပန္ထားသည္

ခုခေတ် လူငယ်တွေကို ရှော့မတွက်နဲ့ မင်းတို့ ရူးသွားလိမ့်မယ်။လေးစားပါတယ် ညီငယ် ညီမငယ်များ။

ရန်ကုန်တွင် တော်လှန်လူငယ်များက အာဏာရှင် ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသည့် ထမီနှင့် ပုဆိုးများဝတ်ဆင်ကာ လူထုလှုံ့ဆော်မှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့ရှိ နေရာ အနှံ့အပြားတွင် တော်လှန်လူငယ်များက အာဏာရှင် ဆန့်ကျင်ရေး စာတန်းများ ရေးဆွဲထားသော ထမီနှင့် ပုဆိုးများဝတ်ဆင်ကာ လူထု လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြောင်း၊

ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူ အချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်

အဆိုပါ လှုပ်ရှားမှုကို Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလဲ ထပ်မံ သတင်းပါးလိုက်ကြောင်း YRF က ထုတ်ပြန်ထားသည်

Leave a Reply

Your email address will not be published. Required fields are marked *