
နိုဝင္ဘာ ၁၃






MyanmaPlatform

ရေတပ်သားတစ်ဦး စပိဘုတ်မှောက်ပြီး ပန်ကာခုတ်မိလို့သေဆုံး

ႏိုဝင္ဘာ ၁၃

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ ကဒုံရေတပ်သင်္ဘောအမှတ် ၆၁၅ မှာ တာဝန်ထမ်းဆောင်တဲ့ ရေတပ်သားတစ်ဦးစပိတ်ဘုတ်မောင်းရင်း အရှိန်လွန်တိမ်းမှောက်လို့ ပန်ကာခုတ်မိပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးတာဝန်ရှိ သူတွေ နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်

သေဆုံးသူရေတပ်သားဟာ အသက်(၃၇)နှစ်အရွယ် ရေတပ်သား မျိုးသူဖြစ်ပြီး နိုဝင်ဘာ ၉ ရက်က လေမှုတ်ရာဘာ စပိဘုတ်ကို အရက်မူးပြီး မဆင်မခြင်မောင်းရာကနေ တိမ်းမှောက်သွားပြီး စပိတ်ဘုတ်ရဲ့ ပန်ကာနဲ့ခုတ်မိတာကြောင့် သေဆုံးခဲ့ရတာလို့ ယင်းတို့က ပြောပါတယ်

”သေတဲ့သွားတဲ့သူက ရေတပ်သား အဆင့်ရှိသူပါ၊ အခုလ ၉ ရက်ကသေတာတဲ့ ၊ အလောင်းကို ၁၁ ရက်နေ့က သယ်သွားတာတွေ့တယ် ၊ ပန်ကာခုတ်မိလို့သေတာတဲ့ ၊ သေတဲ့နေ့က အရက်ကလည်း အရမ်း မူးနေတာတဲ့ ၊အလောင်းကို ရန်ကုန်ကိုသယ်သွားတာတဲ့ ။”လို့ နီးစပ်သူ ကပြောပါတယ်

သေဆုံးသွားတဲ့ ရေတပ်သားရဲ့ ရုပ်အလောင်းကိုဘိုကလေးမြို့မြစ်ကမ်းစပ်မှာတွေ့ရှိတာဖြစ်ပြီး ရုပ်အလောင်းကို ကားတစ်စီးနဲ့ နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်ကိုသယ်သွားတယ်လို့တွေ့တယ်လို့ ယင်းတို့ကပြောပါတယ်

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ဟိုင်းကြီးကျွန်း ရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်သား တစ်ဦး ကိုယ့်ကိုယ် အဆုံးစီ ရင်လို့ သေဆုံးသွား သေးတယ်လို့ သိရပါတယ်

MyanmaPlatform

 

Leave a Reply

Your email address will not be published. Required fields are marked *