ျမစ္ႀကီးနားတြင္ KIO အုပ္ခ်ဳပ္ေရးအရာရွိအမ်ားအျပား ဖမ္းဆီးခံရ

ျမစ္ႀကီးနား – ႏိုဝင္ဘာ ၁၃၊ ၂၀၂၂

ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) ၏ အုပ္ခ်ဳပ္ေရးဆိုင္ရာအရာရွိအမ်ားအျပား ယမန္ေန႔နံနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕တြင္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ရွိ KTV တစ္ခုတြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္ဟု ေကအိုင္အိုအရာရွိမ်ားႏွင့္ နီးစပ္သူတစ္ဦးက The 74 ကို ေျပာသည္

ကြၽန္ေတာ့္သူငယ္ခ်င္းလည္းပါသြားတယ္။ ဖမ္းသြားတာေသခ်ာတယ္။ စစ္ေကာင္စီေတြက ေနရာအတိအက်ရထားတဲ့ပုံစံဘဲ။ မနက္သူတို႔ထြက္လာတဲ့အခ်ိန္ေစာင့္ဖမ္းတဲ့ ပုံစံဟုတ္တယ္ဟု သူကေျပာသည္

ဖမ္းဆီးခံရသူမ်ားတြင္ KIO ၏ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံး (DGA) မွ ၿမိဳ႕နယ္အဆင့္အုပ္ခ်ဳပ္ေရးအရာရွိမ်ားႏွင့္ အျခားသူမ်ားလည္းပါဝင္သည္ဟု အျခားေကအိုင္အိုအရာရွိမ်ားႏွင့္နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္

ကြၽန္ေတာ့္ကိုေတာင္ေခၚတာဟုတ္တယ္။ အလုပ္ရွိေနလို႔မသြားလိုက္ရဘူး။ သူတို႔က အပတ္စဥ္လည္း တူတာဟုတ္တယ္ မေတြ႕တာၾကာေတာ့ ဒီတိုင္းဆုံျဖစ္တဲ့အခ်ိန္ျဖစ္သြားတာဟုတ္တယ္ ဟုသူကေျပာသည္

အုပ္ခ်ဳပ္ေရးဆိုင္ရာအရာရွိ ၁၆ ဦးထက္မနည္းဖမ္းဆီးခံရသည္ဟု ေဖ့စ္ဘုတ္လူမႈကြန္ရက္ေပၚတြင္ ေရးသားေနၾကေသာ္လည္း သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးပါ

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၎တို႔ဖမ္းဆီးသြားသည့္ ေကအိုင္အိုအရာရွိမ်ားႏွင့္ ပတ္သက္သူမ်ားကို ကြင္းဆက္လိုက္ၿပီး ဖမ္းဆီးမႈမ်ားဆက္လက္ျပဳလုပ္ေနေၾကာင္း သိရသည္

ဖမ္းဆီးသြားသူမ်ားကို မည္သည့္ေနရာတြင္ ထိန္းသိမ္းထားသည္ကို The 74 Media ကဆက္လက္စုံစမ္းေနဆဲျဖစ္သည္။ ျမစ္ႀကီးနားၿမိဳ႕တြင္ ဩဂုတ္လ ၉ ရက္ေန႔ကလည္း ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) ႐ုံးစာေရးလုပ္ကိုင္သူကို တာဝန္ထမ္းေဆာင္ေနစဥ္ စစ္ေကာင္စီမ်ားဖမ္းဆီးျခင္းခံခဲ့ရသည္ ဓာတ္ပုံ – KIO အုပ္ခ်ဳပ္ေရးအရာရွိမ်ား ဖမ္းဆီးခံရသည့္ KTV

မြစ်ကြီးနားတွင် KIO အုပ်ချုပ်ရေးအရာရှိအများအပြား ဖမ်းဆီးခံရ

မြစ်ကြီးနား – နိုဝင်ဘာ ၁၃၊ ၂၀၂၂

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ အုပ်ချုပ်ရေးဆိုင်ရာအရာရှိအများအပြား ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ KTV တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကေအိုင်အိုအရာရှိများနှင့် နီးစပ်သူတစ်ဦးက The 74 ကို ပြောသည်

ကျွန်တော့်သူငယ်ချင်းလည်းပါသွားတယ်။ ဖမ်းသွားတာသေချာတယ်။ စစ်ကောင်စီတွေက နေရာအတိအကျရထားတဲ့ပုံစံဘဲ။ မနက်သူတို့ထွက်လာတဲ့အချိန်စောင့်ဖမ်းတဲ့ ပုံစံဟုတ်တယ်ဟု သူကပြောသည်

ဖမ်းဆီးခံရသူများတွင် KIO ၏ အထွေထွေအုပ်ချုပ်ရေးရုံး (DGA) မှ မြို့နယ်အဆင့်အုပ်ချုပ်ရေးအရာရှိများနှင့် အခြားသူများလည်းပါဝင်သည်ဟု အခြားကေအိုင်အိုအရာရှိများနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်

ကျွန်တော့်ကိုတောင်ခေါ်တာဟုတ်တယ်။ အလုပ်ရှိနေလို့မသွားလိုက်ရဘူး။ သူတို့က အပတ်စဉ်လည်း တူတာဟုတ်တယ် မတွေ့တာကြာတော့ ဒီတိုင်းဆုံဖြစ်တဲ့အချိန်ဖြစ်သွားတာဟုတ်တယ် ဟုသူကပြောသည်

အုပ်ချုပ်ရေးဆိုင်ရာအရာရှိ ၁၆ ဦးထက်မနည်းဖမ်းဆီးခံရသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ရေးသားနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ဖမ်းဆီးသွားသည့် ကေအိုင်အိုအရာရှိများနှင့် ပတ်သက်သူများကို ကွင်းဆက်လိုက်ပြီး ဖမ်းဆီးမှုများဆက်လက်ပြုလုပ်နေကြောင်း သိရသည်

ဖမ်းဆီးသွားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ မြစ်ကြီးနားမြို့တွင် ဩဂုတ်လ ၉ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ရုံးစာရေးလုပ်ကိုင်သူကို တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီများဖမ်းဆီးခြင်းခံခဲ့ရသည် ဓာတ်ပုံ – KIO အုပ်ချုပ်ရေးအရာရှိများ ဖမ်းဆီးခံရသည့် KTV

Leave a Reply

Your email address will not be published. Required fields are marked *