စစ္ေကာင္စီတပ္မ်ား လုံၿခဳံေရးယူထားသည့္ ထရန္စမာပုံးမွ မီးႀကိဳးမ်ား အခိုးခံရ

CJ Platform

ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၁ ရပ္ကြက္တြင္ စစ္ေကာင္စီတပ္မ်ား လုံၿခဳံေရးယူထားသည့္ ရပ္ကြက္႐ုံးအနီးရွိ ထရန္စေဖာ္မာပုံးမွ မီးႀကိဳးမ်ားျဖတ္ေတာက္ခိုးယူခံရ၍ ရပ္ကြက္မီးျပတ္မႈႏွင့္ ႀကဳံေတြ႕ေနရသည္ဟု ရပ္ကြက္ေနသူေတြဆီက သိရသည္။

၁ ရပ္ကြက္ သုမိတၱာ ၁၄လမ္းႏွင့္ သုမိတၱာ ၁၅လမ္း ထိပ္ စစ္ေကာင္စီတပ္မ်ား အၿမဲတစ္ေစ ရွာေဖြ စစ္ေဆးေရး ျပဳလုပ္ေနသည့္ေနရာရွိ ထရန္စေဖာ္မာပုံးမွ ဝါယာႀကိဳးမ်ား ျဖတ္ေတာက္ခိုးယူခံရ၍ မီးျပတ္ေနတာျဖစ္သည္ဟု ရပ္ကြက္ေနသူတစ္ဦးက CJ Platform ကိုေျပာသည္။

“သူတို႔ကို-င္မခ်သြားတာပဲ ကံေကာင္း ဒါမွမဟုတ္ မီးႀကိဳးေတြကို စစ္သားေတြမ်ား ခိုးေရာင္းေနသလား ေအာက္ေမ့ရတယ္ မီးမလာတာ အဲ့ဒါေၾကာင့္”ဟု ေျပာသည္။

မီးႀကိဳးမ်ား အခိုးခံရၿပီးေနာက္ မီးျပတ္ေတာက္သြားၿပီး ေနာက္ပိုင္းတြင္ မီးလုံးဝမလာေတာ့ေၾကာင္း လုပ္ငန္းရွင္တစ္ဦးက CJ Platform ကိုေျပာသည္။

“သံပန္းလုပ္ငန္းလုပ္တယ္ ဘယ္အခ်ိန္လုပ္ရမွန္းမသိဘူး မီးကလာတယ္လို႔မရွိဘူး ေနာက္မွသိတာ ထရန္စေမာ္မာပုံးထဲက မီးႀကိဳးေတြအခိုးခံရလို႔ဆိုတာသိတာ”ဟု ရွင္းျပသည္။

စစ္ေကာင္စီတပ္မ်ားမွာ မီးႀကိဳးျဖဳတ္ခိုးသည့္ သူခိုးမ်ားကို ေဒါသထြက္ေနၿပီး ရပ္ကြက္အတြင္း လိုက္လံစုံစမ္းေပမဲ့ မသိရေၾကာင္း ရပ္ကြက္ေနသူေတြဆီက သိရသည္။

လက္ရွိအေျခအေနတြင္ ရပ္ကြက္ေနသူမ်ား ေျပာဆိုမႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္ႏွင့္EPC မ်ားပူးေပါင္းၿပီး ေငြစိုက္ကာ မီးႀကိဳးမ်ားျပန္လည္တပ္ဆင္ေနသည္ဟု သိရသည္။

🖋️ကိုေပါက္

==========

စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် ထရန်စမာပုံးမှ မီးကြိုးများ အခိုးခံရ

CJ Platform

မြောက်ဥက္ကလာပမြို့နယ် ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံးအနီးရှိ ထရန်စဖော်မာပုံးမှ မီးကြိုးများဖြတ်တောက်ခိုးယူခံရ၍ ရပ်ကွက်မီးပြတ်မှုနှင့် ကြုံတွေ့နေရသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

၁ ရပ်ကွက် သုမိတ္တာ ၁၄လမ်းနှင့် သုမိတ္တာ ၁၅လမ်း ထိပ် စစ်ကောင်စီတပ်များ အမြဲတစ်စေ ရှာဖွေ စစ်ဆေးရေး ပြုလုပ်နေသည့်နေရာရှိ ထရန်စဖော်မာပုံးမှ ဝါယာကြိုးများ ဖြတ်တောက်ခိုးယူခံရ၍ မီးပြတ်နေတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့ကို-င်မချသွားတာပဲ ကံကောင်း ဒါမှမဟုတ် မီးကြိုးတွေကို စစ်သားတွေများ ခိုးရောင်းနေသလား အောက်မေ့ရတယ် မီးမလာတာ အဲ့ဒါကြောင့်”ဟု ပြောသည်။

မီးကြိုးများ အခိုးခံရပြီးနောက် မီးပြတ်တောက်သွားပြီး နောက်ပိုင်းတွင် မီးလုံးဝမလာတော့ကြောင်း လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“သံပန်းလုပ်ငန်းလုပ်တယ် ဘယ်အချိန်လုပ်ရမှန်းမသိဘူး မီးကလာတယ်လို့မရှိဘူး နောက်မှသိတာ ထရန်စမော်မာပုံးထဲက မီးကြိုးတွေအခိုးခံရလို့ဆိုတာသိတာ”ဟု ရှင်းပြသည်။

စစ်ကောင်စီတပ်များမှာ မီးကြိုးဖြုတ်ခိုးသည့် သူခိုးများကို ဒေါသထွက်နေပြီး ရပ်ကွက်အတွင်း လိုက်လံစုံစမ်းပေမဲ့ မသိရကြောင်း ရပ်ကွက်နေသူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ရပ်ကွက်နေသူများ ပြောဆိုမှုများကြောင့် စစ်ကောင်စီတပ်နှင့်EPC များပူးပေါင်းပြီး ငွေစိုက်ကာ မီးကြိုးများပြန်လည်တပ်ဆင်နေသည်ဟု သိရသည်။

🖋️ကိုပေါက်

Leave a Reply

Your email address will not be published. Required fields are marked *