“ျမန္မာျပည္ဆိုင္ရာ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ သားျဖစ္ သူကို ပါဝင္ေဆာင္႐ြက္တာ မျပဳေစဖို႔ ေဒၚေအာင္ဆန္းစုၾကည္ မွာၾကား”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ႏိုင္ငံေရးဆိုင္ရာသေဘာထားေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အစည္းအ ေဝး ျပဳလုပ္ႏိုင္တဲ့ကာလတစ္ခုမွာ အဖြဲ႕ဝင္အားလုံးရဲ႕ သ ေဘာထားေတြကို သိရွိၿပီးမွသာ ထုတ္ေဖာ္ ေျပာဆိုမယ္လို႔ သူမနဲ႔ေတြ႕ခဲ့သူ တခ်ိဳ႕ကို မၾကာခင္က ေျပာလိုက္ပါတယ္

NLD ဗဟိုေကာ္မတီဝင္တစ္ဦးက “ သူ႔ရဲ႕ကိုယ္ပိုင္သေဘာထားေတြနဲ႔ ရန္ကုန္႐ုံးခ်ဳပ္ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ပို႔တဲ့စာေတြကို လူတစ္ဦးကတဆင့္ေပးပို႔ခဲ့ရာမွာ ေဒၚေအာင္ ဆန္းစုၾကည္က ေနာက္ကို အဲဒီလိုေပးပို႔တာေတြကို ယူ ေဆာင္မလာဖို႔လည္း” တားျမစ္ခဲ့ပါတယ္

ဒါ့အျပင္ သူ႔အေနနဲ႔ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ျဖစ္ေစ ဗဟိုေကာ္မတီဝင္ျဖစ္ေစ တစ္ဦးခ်င္းရဲ႕ သေဘာထားအျမင္ ေျပာဆိုခ်က္ေတြကို လက္ခံနားေထာင္လိုျခင္းမရွိဘဲ စကားသယ္ေဆာင္လာသူေတြကိုလည္း ေနာက္ကို အဲဒီလို စကားေတြ သယ္မလာဖို႔နဲ႔ ေပးတဲ့စာေတြကိုလည္း လက္မခံဖို႔ တားျမစ္လိုက္တယ္လို႔ သိရပါတယ္

ေနာက္တစ္ခ်က္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က လက္ ရွိ ႏိုင္ငံျခားတိုင္းျပည္ေတြမွာ လုပ္ေဆာင္ေနၾကတဲ့ ျမန္မာျပည္ဆိုင္ရာ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ သူ႔ရဲ႕သားျဖစ္သူ ကိုထိန္လင္းကို ပါဝင္ေဆာင္႐ြက္တာ မျပဳေစဖို႔ သက္ဆိုင္ သူေတြကို ေျပာလိုက္တယ္လို႔ သိရပါတယ္

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ျမန္မာျပည္နဲ႔ ပတ္သက္ၿပီး NUG၊ NUCC၊ PDF၊ EAOs စတဲ့ အဖြဲ႕အစည္းေတြရဲ႕လႈပ္ ရွားမႈေတြ၊ ျပည္တြင္း ျပည္ပ ေဆာင္႐ြက္မႈေတြ၊ စစ္တပ္ရဲ႕ လူမဆန္မႈေတြကို တစ္စုံတစ္ရာအတိုင္းအတာအထိ သိရွိေနတယ္လို႔ သတင္းရပါတယ္

သူမကို လက္ရွိမွာ ေရဒီယို၊ ကြန္ပ်ဴတာ အင္တာနက္ စတဲ့ ဆက္သြယ္ေရးဆိုင္ရာ ပစၥည္းေတြ မေပးဘဲ စစ္ေကာင္စီက သူတို႔ထုတ္တဲ့ သတင္းစာေတြကိုေတာ့ ပို႔ေပးေနတယ္လို႔ ဆိုပါတယ္

သူ႔ရဲ႕ က်န္းမာေရးေကာင္းမြန္ေနၿပီး တစ္ခါတစ္ရံ ေခါင္းမူးတတ္တာေလာက္ပဲရွိတယ္လို႔လည္း ေတြ႕ျမင္ရသူေတြကေျပာပါတယ္

ေလေအးစက္မရွိတဲ့ တိုက္တစ္လုံးမွာ ေထာင္ကေကြၽးတဲ့ အစားအစာနဲ႔ ျပင္ပက ေပးပို႔တဲ့ အစားအစာ တခ်ိဳ႕ကို ေပါင္းၿပီးစားေသာက္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အစားအစာေတြကို ျပင္ပကေန တကူးတက မွာယူျခင္းေတာ့ မရွိဖူးလို႔ ဆိုပါတယ္

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ႕ေနေတြကို လက္ရွိေတြ႕ဆုံခြင့္ေပးတဲ့အခန္းမွာ စစ္ေကာင္စီက CCTV ကင္မရာတပ္ဆင္ၿပီး ေစာင့္ၾကည့္ေနပါတယ္

အမႈကို စစ္ေဆးေနတဲ့ တရား႐ုံးဟာ ေနျပည္ေတာ္ေထာင္ဗူးဝအနီးမွာရွိၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို သူ ေနထိုင္ရတဲ့ အေဆာက္အဦးကေန ကားတစ္စီးနဲ႔ ေခၚလာေလ့ရွိတယ္ လို႔လည္း ေထာင္တြင္းက သတင္းေတြအရ သိရပါတယ္

Source RFA

“မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သားဖြစ် သူကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးဆိုင်ရာသဘောထားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအ ဝေး ပြုလုပ်နိုင်တဲ့ကာလတစ်ခုမှာ အဖွဲ့ဝင်အားလုံးရဲ့ သ ဘောထားတွေကို သိရှိပြီးမှသာ ထုတ်ဖော် ပြောဆိုမယ်လို့ သူမနဲ့တွေ့ခဲ့သူ တချို့ကို မကြာခင်က ပြောလိုက်ပါတယ်

NLD ဗဟိုကော်မတီဝင်တစ်ဦးက “ သူ့ရဲ့ကိုယ်ပိုင်သဘောထားတွေနဲ့ ရန်ကုန်ရုံးချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာတွေကို လူတစ်ဦးကတဆင့်ပေးပို့ခဲ့ရာမှာ ဒေါ်အောင် ဆန်းစုကြည်က နောက်ကို အဲဒီလိုပေးပို့တာတွေကို ယူ ဆောင်မလာဖို့လည်း” တားမြစ်ခဲ့ပါတယ်

ဒါ့အပြင် သူ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်စေ ဗဟိုကော်မတီဝင်ဖြစ်စေ တစ်ဦးချင်းရဲ့ သဘောထားအမြင် ပြောဆိုချက်တွေကို လက်ခံနားထောင်လိုခြင်းမရှိဘဲ စကားသယ်ဆောင်လာသူတွေကိုလည်း နောက်ကို အဲဒီလို စကားတွေ သယ်မလာဖို့နဲ့ ပေးတဲ့စာတွေကိုလည်း လက်မခံဖို့ တားမြစ်လိုက်တယ်လို့ သိရပါတယ်

နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လက် ရှိ နိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေကြတဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူ့ရဲ့သားဖြစ်သူ ကိုထိန်လင်းကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ သက်ဆိုင် သူတွေကို ပြောလိုက်တယ်လို့ သိရပါတယ်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး NUG၊ NUCC၊ PDF၊ EAOs စတဲ့ အဖွဲ့အစည်းတွေရဲ့လှုပ် ရှားမှုတွေ၊ ပြည်တွင်း ပြည်ပ ဆောင်ရွက်မှုတွေ၊ စစ်တပ်ရဲ့ လူမဆန်မှုတွေကို တစ်စုံတစ်ရာအတိုင်းအတာအထိ သိရှိနေတယ်လို့ သတင်းရပါတယ်

သူမကို လက်ရှိမှာ ရေဒီယို၊ ကွန်ပျူတာ အင်တာနက် စတဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ မပေးဘဲ စစ်ကောင်စီက သူတို့ထုတ်တဲ့ သတင်းစာတွေကိုတော့ ပို့ပေးနေတယ်လို့ ဆိုပါတယ်

သူ့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး တစ်ခါတစ်ရံ ခေါင်းမူးတတ်တာလောက်ပဲရှိတယ်လို့လည်း တွေ့မြင်ရသူတွေကပြောပါတယ်

လေအေးစက်မရှိတဲ့ တိုက်တစ်လုံးမှာ ထောင်ကကျွေးတဲ့ အစားအစာနဲ့ ပြင်ပက ပေးပို့တဲ့ အစားအစာ တချို့ကို ပေါင်းပြီးစားသောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစားအစာတွေကို ပြင်ပကနေ တကူးတက မှာယူခြင်းတော့ မရှိဖူးလို့ ဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေကို လက်ရှိတွေ့ဆုံခွင့်ပေးတဲ့အခန်းမှာ စစ်ကောင်စီက CCTV ကင်မရာတပ်ဆင်ပြီး စောင့်ကြည့်နေပါတယ်

အမှုကို စစ်ဆေးနေတဲ့ တရားရုံးဟာ နေပြည်တော်ထောင်ဗူးဝအနီးမှာရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ နေထိုင်ရတဲ့ အဆောက်အဦးကနေ ကားတစ်စီးနဲ့ ခေါ်လာလေ့ရှိတယ် လို့လည်း ထောင်တွင်းက သတင်းတွေအရ သိရပါတယ်

Source RFA

 

Leave a Reply

Your email address will not be published. Required fields are marked *