က်ိဳက္မေရာ၊ေခ်ာင္းႏွစ္ခြ ရဲစခန္းကို KNLA ႏွင့္နဂါးနီစစ္ေၾကာင္းတို႔ ပူးေပါင္းတိုက္ခိုက္ၿပီး အရွင္ဖမ္းမိေသာ ရဲ ၄ ဦးႏွင့္ လက္နက္ ၇ လက္၊ ခဲယမ္းမ်ား ထုတ္ျပ

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ေခ်ာင္းႏွစ္ခြရဲစခန္းကို KNLAႏွင့္နဂါးနီစစ္ေၾကာင္းတို႔က ႏိုဝင္ဘာလ ၁၂ ရက္ေန႔ နံနက္ပိုင္း ပူးေပါင္းတိုက္ခိုက္ၿပီး အရွင္ဖမ္းမိေသာ ရဲ ၄ ဦးႏွင့္ လက္နက္ ၇ လက္၊ ခဲယမ္းမ်ား သိမ္းဆည္းရ မိေၾကာင္း နဂါနီးစစ္ေၾကာင္း က ထုတ္ျပလိုက္သည္

က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြရဲစခန္းကို KNLAပူးေပါင္းတပ္ဖြဲ႕ႏွင့္ နဂါးနီစစ္ေၾကာင္းတို႔ တိုက္ခိုက္ခဲ့ၿပီး ရဲ၃ဦး ေသဆုံးေၾကာင္း၊ ရဲ၂ ဦးထြက္ေျပးၿပီး ရဲ ၄ ဦး အရွင္ဖမ္းမိခဲ့ကာ လက္နက္မ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္

က်ိဳက္မေရာၿမိဳ႕နယ္၊ေခ်ာင္းႏွစ္ခြရဲစခန္းကို ႏိုဝင္ဘာ ၁၂ရက္ေန႔ မနက္ ၆နာရီအခ်ိန္တြင္ KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ နဂါးနီစစ္ေၾကာင္းမွ ရဲေဘာ္မ်ား ပူးေပါင္းတိုက္ခိုက္ခဲ့ရာတြင္ စခန္းမႉး လွေက်ာ္ဦး၊ဒုတပ္ၾကပ္ စိုးၿငိမ္းဦး၊တပ္သား ေအာင္နန္းဇြန္တို႔ ေသဆုံးၿပီး၊ရဲေဘာ္တလာကိုႏွင့္ဒုရဲအုပ္နႏၵစိုးတို႔ထြက္ေျပးေၾကာင္း၊
တပ္ၾကပ္ႀကီး ေအးကို၊ရဲတပ္သား လြင္ကိုဟိန္း၊ဒုတပ္ၾကပ္ မ်ိဳးေအး၊ရဲတပ္သား ကိုလင္းတို႔ကို အရွင္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္

တိုက္ပြဲျဖစ္ပြားၿပီးခ်ိန္တြင္ AK 47တစ္လက္၊M16 ၄လက္၊G3 တစ္လက္၊၆၀ မမေျပာင္းတို တစ္လက္၊ေရွ႕ထြက္မိုင္း ၂လုံး၊AK 47 က်ည္ ၂၀၀၊M16 က်ည္ ၅၀၀၊G3 က်ည္ ၃၀၀၊၆၀မမက်ည္ ၁၀လုံးကို သိမ္းဆည္းရမိခဲ့သည္ဟု သိရွိရသည္

တိုက္ပြဲျဖစ္ၿပီးခ်ိန္တြင္ စစ္ေကာင္စီက ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္ခဲ့ၿပီး KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ နဂါးနီစစ္ေၾကာင္းမွ ရဲေဘာ္မ်ား အထိအခိုက္မရွိေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း၊ ထိုသို႔ ေလယာဥ္​ျဖင့္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး ျပည္သူ႔ေနအိမ္ႏွင့္အေဆာက္အဦးမ်ား ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရွိရသည္

ျပည္သူမ်ားအေနျဖင့္ နဂါနီးစစ္ေၾကာင္းကို ေထာက္ပံ့ကူညီမႈမ်ား လုပ္ေဆာင္လိုပါက https://www.facebook.com/profile.php?id=100084537667539 တြင္ ဆက္သြယ္ႏိုင္ေၾကာင္း သိရွိရသည္

ကျိုက်မရော၊ချောင်းနှစ်ခွ ရဲစခန်းကို KNLA နှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ပြီး အရှင်ဖမ်းမိသော ရဲ ၄ ဦးနှင့် လက်နက် ၇ လက်၊ ခဲယမ်းများ ထုတ်ပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့က နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ပူးပေါင်းတိုက်ခိုက်ပြီး အရှင်ဖမ်းမိသော ရဲ ၄ ဦးနှင့် လက်နက် ၇ လက်၊ ခဲယမ်းများ သိမ်းဆည်းရ မိကြောင်း နဂါနီးစစ်ကြောင်း က ထုတ်ပြလိုက်သည်

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ပြီး ရဲ၃ဦး သေဆုံးကြောင်း၊ ရဲ၂ ဦးထွက်ပြေးပြီး ရဲ ၄ ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်

ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းကို နိုဝင်ဘာ ၁၂ရက်နေ့ မနက် ၆နာရီအချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေးကြောင်း၊
တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်

တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တစ်လက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည် ၅၀၀၊G3 ကျည် ၃၀၀၊၆၀မမကျည် ၁၀လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်

တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ လေယာဥ်​ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်

ပြည်သူများအနေဖြင့် နဂါနီးစစ်ကြောင်းကို ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လိုပါက https://www.facebook.com/profile.php?id=100084537667539 တွင် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်

 

 

Leave a Reply

Your email address will not be published. Required fields are marked *