ေ႐ႊဘိုၿမိဳ႕ ကညန ႐ုံးရွိ ဂိတ္ေစာင့္ စစ္သားမ်ား ၄၀ မမျဖင့္ ပစ္ခတ္ခံရၿပီး ၂ ဦးေသဆုံး(႐ုပ္/သံ)

ရန္ကုန္၊ ႏိုဝင္ဘာ ၁၂

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ ကညန႐ုံးရွိ ဂိတ္ေစာင့္ေနေသာ စစ္သားမ်ား ၄၀ မမ ျဖင့္ ပစ္ခတ္ခံရၿပီး ၂ ဦးေသဆုံးေၾကာင္း သိရသည္။

ႏိုဝင္ဘာလ ၁၂ ရက္ေန႔ ညေနပိုင္းတြင္ ေ႐ႊဘိုၿမိဳ႕ရွိ ကညန႐ုံးတြင္ ဂိတ္ေစာင့္ေနေသာ စစ္သားမ်ားကို BLACK WOLF-PDF မွ ၄၀ မမ ဗုံးသီး ၄ လုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ၂ ဦးေသဆုံးေၾကာင္း သိရသည္။

ကညန႐ုံးကို BLACK WOLF-PDF မွ ၄၀ မမ ဗုံးသီး ၄ လုံး ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ႐ုံးဝန္းအတြင္းရွိ ဂိတ္ေစာင့္ ေနေသာ စစ္သားမ်ားရွိေနသည့္ ဘန္ကာအနီးတြင္ ၁ လုံးက်ေရာက္ခဲ့ေၾကာင္း၊

ထို႔ျပင္ ႐ုံးအမိုးေပၚႏွင့္ စစ္သားမ်ား စုဖြဲ႕ ထိုင္ေနသည့္ ဘန္ကာအတြင္းသို႔ ႏွစ္လုံး ထပ္မံ က်ေရာက္ ေပါက္ကြဲခဲ့ၿပီး စစ္သား ၂ ဦးေသဆုံးကာ ထိခိုကာ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္း ရွိေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈတိုက္ခိုက္မႈသည္ ေအာက္တိုဘာ အတြင္း က်ဆုံးခဲ့သည့္ BLACK WOLF-PDF မွ ရဲေဘာ္ ၄ ဦး ၏ ေသြးေႂကြးအား ျပန္လည္ ေတာင္းယူျခင္း ျဖစ္ေၾကာင္း BLACK WOLF-PDF မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

=========

ရွှေဘိုမြို့ ကညန ရုံးရှိ ဂိတ်စောင့် စစ်သားများ ၄၀ မမဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကညနရုံးရှိ ဂိတ်စောင့်နေသော စစ်သားများ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရွှေဘိုမြို့ရှိ ကညနရုံးတွင် ဂိတ်စောင့်နေသော စစ်သားများကို BLACK WOLF-PDF မှ ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

ကညနရုံးကို BLACK WOLF-PDF မှ ၄၀ မမ ဗုံးသီး ၄ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရုံးဝန်းအတွင်းရှိ ဂိတ်စောင့် နေသော စစ်သားများရှိနေသည့် ဘန်ကာအနီးတွင် ၁ လုံးကျရောက်ခဲ့ကြောင်း၊

ထို့ပြင် ရုံးအမိုးပေါ်နှင့် စစ်သားများ စုဖွဲ့ ထိုင်နေသည့် ဘန်ကာအတွင်းသို့ နှစ်လုံး ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ထိခိုကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုတိုက်ခိုက်မှုသည် အောက်တိုဘာ အတွင်း ကျဆုံးခဲ့သည့် BLACK WOLF-PDF မှ ရဲဘော် ၄ ဦး ၏ သွေးကြွေးအား ပြန်လည် တောင်းယူခြင်း ဖြစ်ကြောင်း BLACK WOLF-PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *