မနက္ကေခ်ာင္းႏွစ္ခြ႐ြာကို ပစ္ခတ္တဲ့ MI 35 တိုက္ခိုက္ေရး ၂ စီးအနက္ ၁ စီးစက္ခ်ိဳ႕ယြင္းကာ….

မနက္ကေခ်ာင္းႏွစ္ခြ႐ြာကို ပစ္ခတ္တဲ့ MI 35 တိုက္ခိုက္ေရး ၂ စီးအနက္ ၁ စီးစက္ခ်ိဳ႕ယြင္းလို႔ မုဒုံေဂါက္ကြင္းထဲရပ္တန႔္ထားရ

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ႏိုဝင္ဘာလ ၁၂ ရက္

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕ေဂါက္ကြင္းအတြင္းမွာ စစ္ေကာင္စီေလတပ္ရဲ႕ တိုက္ခိုက္ေရးရဟတ္ယာဥ္ MI 35 ၁ စီး ရပ္တန႔္စက္ျပဳျပင္ေနရတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

ဒီကေန႔ မနက္ပိုင္း ေခ်ာင္းႏွစ္ခြရဲစခန္းစီးနင္းခံရၿပီးတဲ့ေနာက္ လိုက္လံပစ္ခတ္ခဲ့တဲ့ ရဟတ္ယာဥ္ ၂ စီးအနက္က ၁ စီးျဖစ္ၿပီး ဒီမနက္ ၉ နာရီေလာက္ကေန ညေနပိုင္းအထိ မုဒုံေဂါက္ကြင္းအတြင္းမွာ ရပ္တန႔္ၿပီးစက္ျပဳျပင္ေန တယ္လို႔ေဒသခံတဦးကေျပာပါတယ္။

မနက္ကထဲက အဲ့ဒီအထဲမွာ အဲ့ဟက္စကီး ၁ စီး ဆင္းလာၿပီးရပ္ထားတာ၊ အစက ခနဆင္းတယ္ထင္ေနတာ။ ေနာက္ေတာ့မွပ်က္လို႔ျပင္ေနတာလို႔သိရတယ္။ တခါမွေဂါက္ကြင္းထဲဆင္းမလာဖူးဘူး ။ ခုမွပ်က္လို႔ ဆက္ ၿပီးေမာင္းမရလို႔ရပ္ထားတာ။ ညေနအထိ အဲ့ဒီထဲမွာဘဲရွိေသးတယ္။ ေဂါက္ကြင္းထဲကို ဘယ္သူ႔ မွေပး မဝင္ဘူး၊ ဝင္အၾကည့္မခံဘူး။ ေဂါက္ကြင္းတဝိုက္လည္းလုံၿခဳံေရးေတြတိုးထားတယ္ လို႔ မုဒုံၿမိဳခံ အမ်ိဳးသမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

ဒီကေန႔ မနက္ေခ်ာင္းႏွစ္ခြရဲစခန္း စီးနင္းတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ မနက္ ၇ နာရီခြဲဝန္းက်င္ေလာက္က စလို႔ စစ္ေကာင္စီတပ္က ေခ်ာင္းႏွစ္ခြ႐ြာနဲ႔အနီးတဝိုက္ကို MI 35 အမ်ိဳးအစား တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြနဲ႔ လိုက္လံပစ္ခတ္ခဲ့လို႔ ေဒသခံ ေထာင္နဲ႔ခ်ီၿပီးထြက္ေျပးတိမ္းေရွာင္ေနတာျဖစ္ပါတယ္။

အဲ့ဒီ ရဟတ္ယာဥ္ေတြဟာ ေမာ္လၿမိဳင္အေျခစိုက္ စစ္ေကာင္စီတပ္ရဲ႕အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္(ရတခ) အတြင္းမွာထားရွိတဲ့ရဟတ္ယာဥ္ေတြလို႔ ရတခ လက္ေအာက္တပ္ရင္းေတြကေန CDM ျပဳလုပ္လာတဲ့ တပ္မေတာ္သားေတြဆီကသိရၿပီး ရတခ အတြင္းကေန မၾကာခဏ ရဟတ္ယာဥ္အခ်ိဳ႕ အတက္အဆင္း ေတြလုပ္တာရွိတယ္လို႔ ေမာ္လၿမိဳင္ေဒသခံေတြဆီကသိရပါတယ္။

ဓာတ္ပုံ – စစ္ေကာင္စီေလတပ္သုံး MI 35 အမ်ိဳးအစားတိုက္ခိုက္ေရးရ ဟတ္ယာဥ္ ၁ စီး။

=========

မနက်ကချောင်းနှစ်ခွရွာကို ပစ်ခတ်တဲ့ MI 35 တိုက်ခိုက်ရေး ၂ စီးအနက် ၁ စီးစက်ချို့ယွင်းကာ….

မနက်ကချောင်းနှစ်ခွရွာကို ပစ်ခတ်တဲ့ MI 35 တိုက်ခိုက်ရေး ၂ စီးအနက် ၁ စီးစက်ချို့ယွင်းလို့ မုဒုံဂေါက်ကွင်းထဲရပ်တန့်ထားရ

ဟိန်းစံ/ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၁၂ ရက်

မွန်ပြည်နယ်၊ မုဒုံမြို့ဂေါက်ကွင်းအတွင်းမှာ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 ၁ စီး ရပ်တန့်စက်ပြုပြင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ချောင်းနှစ်ခွရဲစခန်းစီးနင်းခံရပြီးတဲ့နောက် လိုက်လံပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ် ၂ စီးအနက်က ၁ စီးဖြစ်ပြီး ဒီမနက် ၉ နာရီလောက်ကနေ ညနေပိုင်းအထိ မုဒုံဂေါက်ကွင်းအတွင်းမှာ ရပ်တန့်ပြီးစက်ပြုပြင်နေ တယ်လို့ဒေသခံတဦးကပြောပါတယ်။

မနက်ကထဲက အဲ့ဒီအထဲမှာ အဲ့ဟက်စကီး ၁ စီး ဆင်းလာပြီးရပ်ထားတာ၊ အစက ခနဆင်းတယ်ထင်နေတာ။ နောက်တော့မှပျက်လို့ပြင်နေတာလို့သိရတယ်။ တခါမှဂေါက်ကွင်းထဲဆင်းမလာဖူးဘူး ။ ခုမှပျက်လို့ ဆက် ပြီးမောင်းမရလို့ရပ်ထားတာ။ ညနေအထိ အဲ့ဒီထဲမှာဘဲရှိသေးတယ်။ ဂေါက်ကွင်းထဲကို ဘယ်သူ့ မှပေး မဝင်ဘူး၊ ဝင်အကြည့်မခံဘူး။ ဂေါက်ကွင်းတဝိုက်လည်းလုံခြုံရေးတွေတိုးထားတယ် လို့ မုဒုံမြိုခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒီကနေ့ မနက်ချောင်းနှစ်ခွရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးတဲ့နောက် မနက် ၇ နာရီခွဲဝန်းကျင်လောက်က စလို့ စစ်ကောင်စီတပ်က ချောင်းနှစ်ခွရွာနဲ့အနီးတဝိုက်ကို MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ဒေသခံ ထောင်နဲ့ချီပြီးထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

အဲ့ဒီ ရဟတ်ယာဉ်တွေဟာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီတပ်ရဲ့အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) အတွင်းမှာထားရှိတဲ့ရဟတ်ယာဉ်တွေလို့ ရတခ လက်အောက်တပ်ရင်းတွေကနေ CDM ပြုလုပ်လာတဲ့ တပ်မတော်သားတွေဆီကသိရပြီး ရတခ အတွင်းကနေ မကြာခဏ ရဟတ်ယာဉ်အချို့ အတက်အဆင်း တွေလုပ်တာရှိတယ်လို့ မော်လမြိုင်ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီလေတပ်သုံး MI 35 အမျိုးအစားတိုက်ခိုက်ရေးရ ဟတ်ယာဉ် ၁ စီး။

Leave a Reply

Your email address will not be published. Required fields are marked *