













ဆောင်းမိုးတွေရွာမယ် သတိ 🌧🌧

တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ၂၀၂၂နိုဝင်ဘာလ ၁၆ရက်နေ့မှ ၁၉ရက်နေ့အတွင်းဆောင်းတွင်းမိုးတွေရွာလာပါလိမ့်မယ်

မိုးအလိုရှိသူရှိသလို မလိုလားသူတွေလည်းရှိပါလိမ့်မယ်

သဘာဝတရားကိုလွန်ဆန်လိုမရပါဘူး အလိုရှိသူတွေအတွက်ကြိုတင်သိရှိပြင်ဆင်နိုင်သလို အလိုမရှိသူတွေအတွက်လည်း ပျက်စီးမှုမရှိအောင်စိမံခန့်ခွဲကြိုတင်လုပ်ဆောင်နိုင်ကြပါစေ

ဆောင်းမိုးအေးတွေဖြစ်တဲ့အတွက် မိုးရေထိစိုမခံမိကြပါစေနဲ့ ဆောင်းတုတ်ကွေး အဖျားရောဂါဝင်ရောက်တတ်ပါတယ် အားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေ

မိုင်ဆွန်ခ ယူလီဟာ ၂၀၂၂နိုဝင်ဘာလ ၁၆ရက်နေ့မှ ၁၉ရက်နေ့အတွင်း တောင်ငူ ရေတာရှည် သံတောင်ကြီး ဘော်လခဲ လွိုင်ကော် ဖယ်ခုံ မိုးဗြဲ တီကျစ် ပင်လောင်းနောင်တရား

ကလော အောင်ပန်း ဟဲဟိုး ရွှေညောင် ညောင်ရွှေ အင်းလေး တောင်ကြီး ဟိုပုန်း ဆီဆိုင် မောက်မယ် လင်းခေး မိုင်းပန် မိုးနဲမိုင်းဆပ်တာချီလိတ် တာလေ မိုးဖြတ် မိုင်းပျဉ်း ကျိုင်းတုံ မိုင်းလား ဒေသတွေမှာ မိုးရွာနိုင်ပါတယ်

မိုးသတိ 🌧🌧🌧 ၂၀၂၂နိုဝင်ဘာလ ၁၆ရက် ၁၇ရက် ၁၈ရက်နေ့တွေမှာ ထိုင်းပင်လယ်ကွေ့အတွင်းမှ Low Pressure cell များ မုတ္တမပင်လယ်ကွေ့အတွင်းရောက်ရှိလာကာ

ရောက်ရှိလာကာနော် ရောက်ရှိလာနိုင်တယ်လို့မပြောဘူး ရောက်ကိုရောက်မယ်လို့ဆိုလိုတယ် မွန်ပြည်နယ် ကရင်ပြည်နယ် ရာဘာခြစ်နေကြသူတွေ ဆားလုပ်ငန်း အုတ်လုပ်ငန်းလုပ်နေကြသူတွေ မိုးတွေရွာလိမ့်မယ်

ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းဒေသတွေမှာ မှာလည်းမိုးရွာမယ် မိုးများနိုင်ပါတယ် ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေ မိုးကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိနိုင်သဖြင့် ၁၅ရက်နေ့ မတိုင်မှိ စိတ်ချလုံခြုံတဲ့

အမိုးအကာအောက်ရောက်ရှိအောင်လုပ်ကိုင်ဆောင်ရွက်ထားကြဖို့လိုပါတယ် ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူတွေလည်း မိုးရွာနိုင်တာကိုကြိုတင်သိရှိကြပြီး စိုက်ပျိုးရန်တွက်ချက်မှန့်မှန်းလုပ်ဆောင်နိုင်ကြပါတယ်

၂၀၂၂နိုဝင်ဘာလ ၁၄ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့အတွင်း Low pressure cell များအားကောင်းလာနိုင်ပြီး ထိုင်းတောင်ပိုင်းနှင့် တနင်္သာရီတိုင်း ကိုဖြတ်ကျော်ကာ ၁၅ရက်နေ့တွင်

ကပ္ပလီပင်လယ်ပြင်-မြန်မာ့ပင်လယ်ပြင်ကိုရောက်လာမှာဖြစ်သဖြင့် ၁၄ရက်နေ့ညနှင့် ၁၅ရက်နေ့တွေမှာ ရနောင်း ကော့သောင်း ဘိတ် ဘုတ်ပြင်းတနင်္သာရီ ပုလော ပုလောက် ဒေသတွေနှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက် မိုးကြီးလေထန်နိုင်ပါတယ် Crd- Su Su San

Leave a Reply

Your email address will not be published. Required fields are marked *