ေ႐ြဘိုမွာ ဘဏ္အေစာင့္ စစ္အုပ္စုကို အနီးကပ္ တိုက္ခိုက္ရာ စကစ တစ္ေယာက္ေသၿပီး သုံးေယာက္ထက္မနည္း ဒဏ္ရာရ၊

MFP ၊ ႏိုဝငာၻ – ၁၂

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕ ျမန္မာ့စီးပြားေရး ဘဏ္မွာ အေစာင့္က်ေနတဲ့ စစ္အုပ္စုကို ဒီေန႔လည္ပိုင္း ရွစ္ေပအကြာထိ သြားေရာက္ၿပီး အနီးကပ္ပစ္ခတ္တိုက္ခိုက္ဲ့ရာ စကစ တစ္ေယာက္ ပြဲခ်င္းၿပီး ေသၿပီး သုံးေယာက္ထက္မနည္း ဒဏ္ရာရသြားတယ္လို႔ TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႔ ႏိုဝင္ဘာ(၁၂)ရက္ ေန႔လည္(၁၁)နာရီခြဲမွာ ေ႐ႊဘိုၿမိဳ႕ ခ်မ္းသာႀကီးဘုရားေတာင္ဘက္၊ ျမဝတီဘဏ္အနီး စီးပြားေရးဘဏ္ေရွ႕မွာ အေစာင့္က်ေနတဲ့ စစ္အုပ္စုကို သပိတ္က်င္းၿမိဳ႕နယ္ (ပ.က.ဖ) TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕ ႏွင့္ M.T Black Dragon People Defence Force တို႔ ပူးေပါင္းၿပီး အနီးကပ္ ပစ္ခတ္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“စီးပြားေရးဘဏ္ေရွ႕မွာ ေစာင့္ေသာ ေခြးမ်ားအား ဝင္ေရာက္ ပစ္ခတ္ရွင္းလင္းခဲ့သည္။ စီးပြားေရးဘဏ္အေရွ႕တြင္ ေတာင္ဘက္၊ ေျမာက္ဘက္ ေဆာက္ထားေသာ ဘန္ကာ ႏွစ္ခု ရွိသည့္အနက္ ေတာင္ဘက္ ဘန္ကာတြင္ ရွိေသာ ေခြးတစ္ေကာင္အား ရွစ္ေပခန႔္အကြာထိ သြားေရာက္ကာ အသင့္ပါလာသည့္ အတိုႏွင့္ ငါးခ်က္တိတိ ပစ္ခတ္ ရွင္းလင္းခဲ့သည့္အတြက္ ဦးေခါင္းပြင့္ထြက္ကာ ဦးထုတ္မ်ားပါ ကြၽတ္လ်က္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သည္။

ေျမာက္ဘက္ ဘန္ကာမွ ေသနတ္ေမာင္းတင္ကာ ထြက္လာေသာ စခ ရွိသည့္ ေနရာအားလည္း မင္းဂြတ္သီးတစ္လုံး ပစ္ထည့္ေပးလိုက္ပါသည္။ ေပါက္ကြဲမႈ႕ေၾကာင့္ ထိခိုက္ဒဏ္ရာရသူ သုံးဦး ထက္မနည္း ရွိႏိုင္ပါသည္” လို႔ သပိတ္က်င္းၿမိဳ႕နယ္ (ပ.က.ဖ) TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕က ေဖာ္ျပပါတယ္။

စစ္အုပ္စုကို တိုက္ခိုက္ၿပီးေနာက္ ရဲေဘာ္ေတြ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕ အေနနဲ႔ စစ္အုပ္စုကို ရရာနည္းနဲ႔ တိုက္ခိုက္ေနၿပီး ဆက္လက္ၿပီး မစ္ရွင္ေတြ ေဖာ္ေဆာင္ႏိုင္ဖို႔ အကူအညီေတြ လိုအပ္ေနကာ အမ်ားျပည္သူ အေနနဲ႔ TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕ရဲ႕ ေဖ့စ္ဘြတ္ခ္ မက္ဆင္ဂ်ာကတဆင့္ ဆက္သြယ္လႈဒါန္းေပးၾကဖို႔လည္း TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕က ေမတၱာရပ္ခံထားပါတယ္။

ေ႐ြဘိုၿမိဳ႕ စီးပြားေရးဘဏ္အေစာင့္ စစ္အုပ္စုကို တိုက္ခိုက္ခဲ့တဲ့ TBK ေတာဆင္႐ိုင္း ေျပာက္က်ားတပ္ဖြဲ႕က ရဲေဘာ္တစ္ဦးႏွင့္ ပူးေပါင္းတပ္ဖြဲ႕မွ ရဲေဘာ္တစ္ဦး/Photo – TBK

===========

ရွေဘိုမှာ ဘဏ်အစောင့် စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ရာ စကစ တစ်ယောက်သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရ၊

MFP ၊ ႏိုဝင္ဘာ – ၁၂

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မြန်မာ့စီးပွားရေး ဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ရှစ်ပေအကွာထိ သွားရောက်ပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ဲ့ရာ စကစ တစ်ယောက် ပွဲချင်းပြီး သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက် နေ့လည်(၁၁)နာရီခွဲမှာ ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက်၊ မြဝတီဘဏ်အနီး စီးပွားရေးဘဏ်ရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ နှင့် M.T Black Dragon People Defence Force တို့ ပူးပေါင်းပြီး အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စီးပွားရေးဘဏ်ရှေ့မှာ စောင့်သော ခွေးများအား ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်။ စီးပွားရေးဘဏ်အရှေ့တွင် တောင်ဘက်၊ မြောက်ဘက် ဆောက်ထားသော ဘန်ကာ နှစ်ခု ရှိသည့်အနက် တောင်ဘက် ဘန်ကာတွင် ရှိသော ခွေးတစ်ကောင်အား ရှစ်ပေခန့်အကွာထိ သွားရောက်ကာ အသင့်ပါလာသည့် အတိုနှင့် ငါးချက်တိတိ ပစ်ခတ် ရှင်းလင်းခဲ့သည့်အတွက် ဦးခေါင်းပွင့်ထွက်ကာ ဦးထုတ်များပါ ကျွတ်လျက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာ ထွက်လာသော စခ ရှိသည့် နေရာအားလည်း မင်းဂွတ်သီးတစ်လုံး ပစ်ထည့်ပေးလိုက်ပါသည်။ ပေါက်ကွဲမှု့ကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦး ထက်မနည်း ရှိနိုင်ပါသည်” လို့ သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ပြီးနောက် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေပြီး ဆက်လက်ပြီး မစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေကာ အများပြည်သူ အနေနဲ့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကတဆင့် ဆက်သွယ်လှုဒါန်းပေးကြဖို့လည်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ရွေဘိုမြို့ စီးပွားရေးဘဏ်အစောင့် စစ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးနှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး/Photo – TBK

 

Leave a Reply

Your email address will not be published. Required fields are marked *