တာေမြ အခြန္လြတ္ေဈးအနီးရွိ တိုက္ ၅ လႊာေပၚကေန အမ်ိဳးသားတစ္ဦး တြန္းခ်ခံရ

မဲေခါင္၊ ႏိုဝင္ဘာ ၁၂

ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္ အခြန္လြတ္ေဈး အနီး Tri Star hotel ေရွ႕ရွိ တိုက္ ၅ လႊာေပၚကေန ဒဏ္ရာေတြရရွိထားတဲ့ အမ်ိဳးသားတစ္ဦး တြန္းခ်ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။

ယမန္ေန႔ ႏိုဝင္ဘာ ၁၀ ရက္ ည ၉ နာရီခြဲေက်ာ္က တိုက္ေပၚက အမ်ိဳးသားတစ္ဦး ျပဳတ္က်ခဲ့တဲ့အတြက္ ပတ္ဝန္းက်င္က ရဲစခန္းကို ဖုန္းဆက္အေၾကာင္းၾကားခဲ့ေပမယ့္ ရဲေတြ ခ်က္ခ်င္းေရာက္မလာဘူးလို႔ ရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာပါတယ္။

“တိုက္ေပၚက စလြယ္အိတ္လြယ္ ပုဆိုးဝတ္ထားတဲ့ ေယာက်္ားတစ္ေယာက္ ျပဳတ္က်လာတာ။ မ်က္ႏွာကလည္း ထိုးခံထားရၿပီး လက္မွာလဲ ျပတ္ရွဒဏ္ရာ ေတြ႕တယ္။ ျပဳတ္က်တာ မဟုတ္ပဲ တိုက္ေပၚက တြန္းခ်လိုက္တာလို႔ ေျပာတယ္” လို႔ သူကေျပာပါတယ္။

တိုက္ေပၚက ျပဳတ္က်ခဲ့မႈ ျဖစ္ၿပီးေနာက္ ရဲစခန္းကို ပတ္ဝန္းက်င္က ဖုန္းဆက္ အေၾကာင္းၾကားခဲ့ေပမယ့္ ဧည့္စာရင္းစစ္ေနတဲ့အတြက္ မလာႏိုင္ေသးဘူးလို႔ ျပန္လည္ေျပာဆိုခဲ့တယ္လို႔ ရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာပါတယ္။

၅ လႊာတိုက္ေပၚက တြန္းခ်ခဲ့သူကို ဖမ္းဆီးရမိခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ အမ်ိဳးသားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီကယ္ဆယ္ေရးအသင္းမွ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း အခုလို တြန္းခ်ရတဲ့ အေၾကာင္းအရင္းကို မသိရေသးေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

ယခုအမႈနဲ႔ပတ္သက္ၿပီး တာေမြ ရဲစခန္းကို ေမးျမန္းခဲ့ေပမယ့္ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ သတင္းနဲ႔ျပန္ၾကားေရးအဖြဲ႕ကို သြားေရာက္ေမးျမန္းဖို႔သာ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

MeKongNews

===========

တာမွေ အခွန်လွတ်ဈေးအနီးရှိ တိုက် ၅ လွှာပေါ်ကနေ အမျိုးသားတစ်ဦး တွန်းချခံရ

မဲခေါင်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် အခွန်လွတ်ဈေး အနီး Tri Star hotel ရှေ့ရှိ တိုက် ၅ လွှာပေါ်ကနေ ဒဏ်ရာတွေရရှိထားတဲ့ အမျိုးသားတစ်ဦး တွန်းချခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီခွဲကျော်က တိုက်ပေါ်က အမျိုးသားတစ်ဦး ပြုတ်ကျခဲ့တဲ့အတွက် ပတ်ဝန်းကျင်က ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့် ရဲတွေ ချက်ချင်းရောက်မလာဘူးလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“တိုက်ပေါ်က စလွယ်အိတ်လွယ် ပုဆိုးဝတ်ထားတဲ့ ယောကျ်ားတစ်ယောက် ပြုတ်ကျလာတာ။ မျက်နှာကလည်း ထိုးခံထားရပြီး လက်မှာလဲ ပြတ်ရှဒဏ်ရာ တွေ့တယ်။ ပြုတ်ကျတာ မဟုတ်ပဲ တိုက်ပေါ်က တွန်းချလိုက်တာလို့ ပြောတယ်” လို့ သူကပြောပါတယ်။

တိုက်ပေါ်က ပြုတ်ကျခဲ့မှု ဖြစ်ပြီးနောက် ရဲစခန်းကို ပတ်ဝန်းကျင်က ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် ဧည့်စာရင်းစစ်နေတဲ့အတွက် မလာနိုင်သေးဘူးလို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

၅ လွှာတိုက်ပေါ်က တွန်းချခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီကယ်ဆယ်ရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း အခုလို တွန်းချရတဲ့ အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ယခုအမှုနဲ့ပတ်သက်ပြီး တာမွေ ရဲစခန်းကို မေးမြန်းခဲ့ပေမယ့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို သွားရောက်မေးမြန်းဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *